နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးကြောင့် မြန်မာနိုင် ငံမှာ ဘာထိခိုက် သွားလဲ…..

Posted on

အုပ်ချုပ်ရေးပိုင်း မှာ အကြီးအကဲ တာဝန်ယူနိုင်ရေး ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရာထူးနေရာ အတွက် ရေးဆွဲထား တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဥပဒေကို သက်တမ်းတိုးသွားမှာ ဖြစ်တယ်လို့ NLD ပါတီ ရဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင်က ဇန်နဝါရီလ ၂၄ ရက် ညနေ က နေပြည်တော်မှာ သတင်း ထောက်တွေ ကို ပြောလိုက် ပါတယ်။

ဒေါက်တာ ဇော်မြင့်မောင်

“ အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးကြောင့် မြန်မာနိုင်ငံမှာ ဘာထိ ခိုက်သွားလဲ ၊ အဲဒါဆို ရှင်းနေတာပဲ ၊ အဖြေက လိုအပ်ချက်အရ ကျွန်တော်တို့က လုပ်ခဲ့ တာပဲလေ၊ လိုအပ်ချက်အရ လုပ်ခဲ့ပါတယ် ဆိုတော့ သက်တမ်း တိုးမှာပေါ့ ” ဒေါက်တာ ဇော်မြင့်မောင် က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ် အမှုဆောင် အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေ ကို ပြောခဲ့ တာပါ ။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ရဲ့ ရာထူးသက်တမ်းဟာ သမ္မတ ရဲ့ သက်တမ်း အတိုင်းသာ ၅ နှစ်သတ်မှတ် ထားတာမို့ အခုလို သက်တမ်းတိုးဖို့ စီစဉ်ရတာ လည်း ဖြစ် ပါတယ် ။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ကန့်သတ်ချက်ကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေ နဲ့ နိုင်ငံတော် သမ္မတ ရာထူးကို ထမ်းဆောင်လို့ မရတဲ့အတွက် ၂၀၁၆ ခုနှစ် ဒုတိယအကြိမ် လွှတ်တော် အစည်းအဝေး အစမှာပဲ နိုင်ငံတော် အတိုင်ပင်ခံ ဥပဒေကို ပြဌာန်းခဲ့ပြီး အစိုးရအဖွဲ့ရဲ့ အကြီးအကဲ ရာထူးကို ထမ်းဆောင် ခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ရာထူး ကို ဆက်လက် တာဝန်ယူဖို့ အတွက် နိုင်ငံတော် အတိုင်ပင်ခံ ဥပဒေပါ ပြဌာန်းချက် ၃ ချက် လောက်ကို ပြင်ဆင်ပြဌာန်းရမှာ ဖြစ်တယ် လို့လည်း ဥပဒေ ပညာရှင်အချို့က ဆို ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေ နဲ့ နိုင်ငံတော် အတိုင်ပင်ခံရာထူးကို ဆက်လက် ထမ်းဆောင်နိုင်ဖို့ ဆိုရင် ဥပဒေမှာ ပါရှိတဲ့ “၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် ” ဆိုတဲ့စကားရပ်နဲ့ ” ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ” ဆိုတဲ့ စကားရပ်တွေကို ပြင်ဆင်ရ မှာ ဖြစ် ပါတယ် ။

ဒေါ်အောင်ဆန်းစုကြည်

ဥပဒေ ပြင်ဆင်ဖို့ ဆိုရင် တတိယ အကြိမ် လွှတ်တော် အစည်းအဝေးတွေ စတင် လို့ လွှတ်တော်တွေ ရဲ့ ဥက္ကဋ္ဌ အသီးအသီး ရွေးချယ်ပြီးတဲ့ နောက်ပိုင်း ပြင်ဆင်လို့ရမှာ ဖြစ်သလို လွှတ်တော် ကိုယ်စားလှယ် အားလုံး ရဲ့ ၅၀ ရာခိုင်နှုန်း အထက်ထောက်ခံမှု ရရင် ပြင်ဆင်နိုင် မှာ ဖြစ် ပါတယ်။

ဒီဥပဒေ ကို ပြဌာန်းစဉ်က တပ်မတော်သား အစု အဖွဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ မညီဘူးဆိုပြီး ကန့်ကွက် ခဲ့တာ ရှိခဲ့ပါ တယ်။

ref;ဘီဘီစီမြန်မာပိုင်း

Zawgyi

အုပ္ခ်ဳပ္ေရးပိုင္း မွာ အႀကီးအကဲ တာဝန္ယူနိုင္ေရး ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ ရာထူးေနရာ အတြက္ ေရးဆြဲထား တဲ့ နိုင္ငံေတာ္ အတိုင္ပင္ခံ ဥပေဒကို သက္တမ္းတိုးသြားမွာ ျဖစ္တယ္လို႔ NLD ပါတီ ရဲ႕ ဒုတိယဥကၠ႒ ေဒါက္တာ ေဇာ္ျမင့္ေမာင္က ဇန္နဝါရီလ ၂၄ ရက္ ညေန က ေနျပည္ေတာ္မွာ သတင္း ေထာက္ေတြ ကို ေျပာလိုက္ ပါတယ္။

“ အတိုင္ပင္ခံပုဂၢိဳလ္ ရာထူးေၾကာင့္ ျမန္မာနိုင္ငံမွာ ဘာထိ ခိုက္သြားလဲ ၊ အဲဒါဆို ရွင္းေနတာပဲ ၊ အေျဖက လိုအပ္ခ်က္အရ ကြၽန္ေတာ္တို႔က လုပ္ခဲ့ တာပဲေလ၊ လိုအပ္ခ်က္အရ လုပ္ခဲ့ပါတယ္ ဆိုေတာ့ သက္တမ္း တိုးမွာေပါ့ ” ေဒါက္တာ ေဇာ္ျမင့္ေမာင္ က အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ ဗဟို အလုပ္ အမႈေဆာင္ အစည္းအေဝးအၿပီး သတင္းစာရွင္းလင္းပြဲမွာ သတင္းေထာက္ေတြ ကို ေျပာခဲ့ တာပါ ။

နိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ရဲ႕ ရာထူးသက္တမ္းဟာ သမၼတ ရဲ႕ သက္တမ္း အတိုင္းသာ ၅ ႏွစ္သတ္မွတ္ ထားတာမို႔ အခုလို သက္တမ္းတိုးဖို႔ စီစဥ္ရတာ လည္း ျဖစ္ ပါတယ္ ။

ဖြဲ႕စည္းပုံ အေျခခံ ဥပေဒပါ ကန႔္သတ္ခ်က္ေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္ အေန နဲ႕ နိုင္ငံေတာ္ သမၼတ ရာထူးကို ထမ္းေဆာင္လို႔ မရတဲ့အတြက္ ၂၀၁၆ ခုႏွစ္ ဒုတိယအႀကိမ္ လႊတ္ေတာ္ အစည္းအေဝး အစမွာပဲ နိုင္ငံေတာ္ အတိုင္ပင္ခံ ဥပေဒကို ျပဌာန္းခဲ့ၿပီး အစိုးရအဖြဲ႕ရဲ႕ အႀကီးအကဲ ရာထူးကို ထမ္းေဆာင္ ခဲ့တာပါ။

ေဒၚေအာင္ဆန္းစုၾကည္ အေနနဲ႕ နိုင္ငံေတာ္ အတိုင္ပင္ခံ ရာထူး ကို ဆက္လက္ တာဝန္ယူဖို႔ အတြက္ နိုင္ငံေတာ္ အတိုင္ပင္ခံ ဥပေဒပါ ျပဌာန္းခ်က္ ၃ ခ်က္ ေလာက္ကို ျပင္ဆင္ျပဌာန္းရမွာ ျဖစ္တယ္ လို႔လည္း ဥပေဒ ပညာရွင္အခ်ိဳ႕က ဆို ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ အေန နဲ႕ နိုင္ငံေတာ္ အတိုင္ပင္ခံရာထူးကို ဆက္လက္ ထမ္းေဆာင္နိုင္ဖို႔ ဆိုရင္ ဥပေဒမွာ ပါရွိတဲ့ “၂၀၁၅ ခုႏွစ္ ပါတီစုံ ဒီမိုကေရစီ အေထြေထြေ႐ြး ေကာက္ပြဲတြင္ ” ဆိုတဲ့စကားရပ္နဲ႕ ” ဒုတိယအႀကိမ္ ျပည္ေထာင္စု လႊတ္ေတာ္ ” ဆိုတဲ့ စကားရပ္ေတြကို ျပင္ဆင္ရ မွာ ျဖစ္ ပါတယ္ ။

ဥပေဒ ျပင္ဆင္ဖို႔ ဆိုရင္ တတိယ အႀကိမ္ လႊတ္ေတာ္ အစည္းအေဝးေတြ စတင္ လို႔ လႊတ္ေတာ္ေတြ ရဲ႕ ဥကၠ႒ အသီးအသီး ေ႐ြးခ်ယ္ၿပီးတဲ့ ေနာက္ပိုင္း ျပင္ဆင္လို႔ရမွာ ျဖစ္သလို လႊတ္ေတာ္ ကိုယ္စားလွယ္ အားလုံး ရဲ႕ ၅၀ ရာခိုင္ႏႈန္း အထက္ေထာက္ခံမႈ ရရင္ ျပင္ဆင္နိုင္ မွာ ျဖစ္ ပါတယ္။

ဒီဥပေဒ ကို ျပဌာန္းစဥ္က တပ္မေတာ္သား အစု အဖြဲ႕ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြက ဖြဲ႕စည္းပုံအေျခခံ ဥပေဒနဲ႕ မညီဘူးဆိုၿပီး ကန႔္ကြက္ ခဲ့တာ ရွိခဲ့ပါ တယ္။

ref;ဘီဘီစီျမန္မာပိုင္း

Leave a Reply

Your email address will not be published. Required fields are marked *