နိုင်ငံတကာက မြန်မာပြည်သူကို ထောက်ခံကြောင်း စကားနဲ့မဟုတ်ပဲ အလုပ်နဲ့ပြသဖို့ လိုအပ်နေကြောင်း ပြောလာတဲ့ ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် Tom Andrews

Posted on

မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေအပေါ် အကြမ်းဖက် နှိမ်နင်းမှုတွေမှာ လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှု မြောက်နိုင်တဲ့ အထောက်အထားတွေ ပိုမိုတွေ့ရှိလာနေရကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Thomas Andrews ကပြောလိုက်ပါတယ်။

“သတ်ဖြတ်မှု၊ လက်စဖျောက်မှု၊ အပြစ်ပေးအရေးယူ၊ ညှင်းပမ်းနှိပ်စက်မှုတွေ အပါအဝင် လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှု မြောက်နိုင်ဖွယ်ရှိတဲ့ လုပ်ရပ်တွေကို အရင်ကလိုပဲ ဒီစစ်ခေါင်းဆောင်တွေ ဦးဆောင်တဲ့ မြန်မာစစ်တပ်က ဆက်လုပ်နေတဲ့ အထောက်အထားတွေ ပိုများလာနေပါတယ်။” လို့ Thomas Andrews ကပြောဆိုသွားပါတယ်။

မြန်မာစစ်အာဏာပိုင်တွေ ကျုးလွန်တဲ့ ရာဇဝတ်မှုတွေဟာ ကျယ်ကျယ်ပြန့်ပြန့်၊ စနစ်တကျနဲ့ ရည်ရွယ်ချက်ရှိရှိ စီစဉ်ထားတဲ့ အထောက်အထားတွေ တွေ့ရပြီး ဒီလုပ်ရပ်တွေကို တရားရုံးမှာ ဥပဒေနဲ့အညီ စီရင်ဆုံးဖြတ်ရမှာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။

ဒီလုပ်ရပ်တွေကို မြန်မာစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေ သိရှိထားကြောင်းလည်း ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Thomas Andrews က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က လူ့အခွင့်အရေးကောင်စီကို ကြာသပတေးနေ့က မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်လို့ တင်ပြရာမှာ ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့တွေ လက်ချက်နဲ့ သေဆုံးသူ ၇၀ ထက်မနည်း ရှိနေပြီး၊ ဖမ်းဆီးထားသူ ၂၀၀၀ ကျော် ရှိနေကြောင်းလည်း အထူးကိုယ်စားလှယ်က ပြောပါတယ်။

နိုင်ငံတကာ အသိုင်းအဝန်း အနေနဲ့ မြန်မာပြည်သူတွေအတွက် အားပေးထောက်ခံကြောင်း စကားလုံးတွေ သက်သက် မဟုတ်ပဲ လက်တွေ့ ဆောင်ရွက်မှုတွေနဲ့ သက်သေပြဖို့နဲ့ ချက်ခြင်းလက်ငင်း ဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

Zawgyi

ျမန္မာႏိုင္ငံမွာ စစ္တပ္ရဲ႕ အာဏာသိမ္းမႈကို ဆန႔္က်င္သူေတြအေပၚ အၾကမ္းဖက္ ႏွိမ္နင္းမႈေတြမွာ လူသားထုအေပၚ က်ဳးလြန္တဲ့ ရာဇဝတ္မႈ ေျမာက္ႏိုင္တဲ့ အေထာက္အထားေတြ ပိုမိုေတြ႕ရွိလာေနရေၾကာင္း ကုလသမဂၢရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ Thomas Andrews ကေျပာလိုက္ပါတယ္။

“သတ္ျဖတ္မႈ၊ လက္စေဖ်ာက္မႈ၊ အျပစ္ေပးအေရးယူ၊ ညႇင္းပမ္းႏွိပ္စက္မႈေတြ အပါအဝင္ လူသားထုအေပၚ က်ဳးလြန္တဲ့ ရာဇဝတ္မႈ ေျမာက္ႏိုင္ဖြယ္ရွိတဲ့ လုပ္ရပ္ေတြကို အရင္ကလိုပဲ ဒီစစ္ေခါင္းေဆာင္ေတြ ဦးေဆာင္တဲ့ ျမန္မာစစ္တပ္က ဆက္လုပ္ေနတဲ့ အေထာက္အထားေတြ ပိုမ်ားလာေနပါတယ္။” လို႔ Thomas Andrews ကေျပာဆိုသြားပါတယ္။

ျမန္မာစစ္အာဏာပိုင္ေတြ က်ဳးလြန္တဲ့ ရာဇဝတ္မႈေတြဟာ က်ယ္က်ယ္ျပန႔္ျပန႔္၊ စနစ္တက်နဲ႔ ရည္႐ြယ္ခ်က္ရွိရွိ စီစဥ္ထားတဲ့ အေထာက္အထားေတြ ေတြ႕ရၿပီး ဒီလုပ္ရပ္ေတြကို တရား႐ုံးမွာ ဥပေဒနဲ႔အညီ စီရင္ဆုံးျဖတ္ရမွာ ျဖစ္ေၾကာင္းလည္း ေျပာဆိုခဲ့တာပါ။

ဒီလုပ္ရပ္ေတြကို ျမန္မာစစ္တပ္ အႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ အပါအဝင္ ထိပ္ပိုင္းေခါင္းေဆာင္ေတြ သိရွိထားေၾကာင္းလည္း ကုလသမဂၢ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ Thomas Andrews က ဆြစ္ဇာလန္ႏိုင္ငံ ဂ်နီဗာၿမိဳ႕က လူ႔အခြင့္အေရးေကာင္စီကို ၾကာသပေတးေန႔က ျမန္မာႏိုင္ငံ အေျခအေနနဲ႔ ပတ္သက္လို႔ တင္ျပရာမွာ ေျပာဆိုခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း လုံၿခဳံေရးတပ္ဖြဲ႕ေတြ လက္ခ်က္နဲ႔ ေသဆုံးသူ ၇၀ ထက္မနည္း ရွိေနၿပီး၊ ဖမ္းဆီးထားသူ ၂၀၀၀ ေက်ာ္ ရွိေနေၾကာင္းလည္း အထူးကိုယ္စားလွယ္က ေျပာပါတယ္။

ႏိုင္ငံတကာ အသိုင္းအဝန္း အေနနဲ႔ ျမန္မာျပည္သူေတြအတြက္ အားေပးေထာက္ခံေၾကာင္း စကားလုံးေတြ သက္သက္ မဟုတ္ပဲ လက္ေတြ႕ ေဆာင္႐ြက္မႈေတြနဲ႔ သက္ေသျပဖို႔နဲ႔ ခ်က္ျခင္းလက္ငင္း ေဆာင္႐ြက္ဖို႔လည္း တိုက္တြန္းထားပါတယ္။

crd VOA Burmese

Leave a Reply

Your email address will not be published. Required fields are marked *