နိုင်ငံတကာက စိတ်ဝင်တစားစောင့်ကြည့်နေတဲ့ အမေရိက န် ရွေးကောက်ပွဲ က မဲပေးမူ့တွေ စတင်နေပါပြီ

Posted on

အမေရိက န်ရွေးကောက်ပွဲက မဲပေးမူ့တွေ စတင်နေပါပြီ သူတို့နိုင်ငံ မှာ ၃ ရက်နေ့ဟာ မြန်မာစံတော်ချိ န်နဲ့ဆို ညဘက်အချိန်ဖြစ်နေတာမို့ ရလဒ်ကိုတော ၄ရက်နေ့ နေ့လည်လော က်မှသိမှာပါ

ကမ္ဘာကြီးတစ်ခုလုံး စိတ်ဝင်တစားနဲ့ ကြည့်နေတဲ့ရွေး ကောက်ပွဲမှာ ကိုယ့်နိုင်ငံအကျိုးစီးပွားတွေ အတွက် ထရန့်နိုင်စေချင်တဲ့ နိုင်ငံတွေနဲ့ ဂျိုးဘိုင်တန်နိုင်ေ စချင်တဲ့ နိုင်ငံတွေ ဆိုပြီး ကွဲပြား ကြသလို ကမ္ဘာ့အရေးနဲ့ဆက်စပ်နေတဲ့ မြန်မာပြည်ကတော့ တရုတ်သြဇာ လွှမ်းမိုးမူ့နဲ့ အာဏာရှင်တွေ လက်ကအပြီးလွတ်မြောက်အောင် ထရန့်ကို နိုင်စေချင်ပါတယ်

ပထဝီနိုင်ငံရေးအရ မြန်မာအနေနဲ့ တရုတ်ရဲ့ လွှမ်းမိုးမူ့ကို ဆယ်စုနှစ်များစွာခံခဲ့ရပါတယ် ဒီအရိပ်ကလွတ်အောင် တရုတ်ကို သမနေတဲ့ ထရန့်ကိုအားပေးတာမဆန်းပါဘူး ကမ္ဘာ့အရေးဆိုလဲ ထရန့်တက်လာလို့အကျိုးရှိတဲ့ နိုင်ငံတွေက ထရန့်အားပေးမှာ ဖြစ်ပါတယ် ထရန့်ကြောင့် အထိနာသူတွေက ဂျိုးဘိုင်တန်အားပေးမှာပါ

နိုင်ငံတကာက စိတ်ဝင်တစားစောင့်ကြည့်နေတဲ့ အမေရိက န် ရွေးကောက်ပွဲ က မဲပေးမူ့တွေ စတင်နေပါပြီ

Made In China 2025 ဆိုပြီး တရုတ်ရဲ့ ပုံမှန်မဟုတ်တဲ့ အလိုရမက်တွေ ချေဖျက်ဖို့ နိုင်ငံငယ်တွေကိုအကြွေးထောင်ချောက်ဆင် ခေတ်သစ်ကိုလိုနီကျွန်ပြုဖို့ နည်းပညာခိုးယူမူ့ မူပိုင်ခွင့်ချိုးဖောက်မူ့စတာတွေအတွက် ထရန့်ကတရုတ်ကို စစ်တိုက်ဖို့ထိလုပ်လာတာပါပဲ

တရုတ်ကကမ္ဘာကို သူ့ဗိုင်းရပ်စ်နဲ့ ပြန်တိုက်ပြီး ကုန်သွယ်စစ်ကြောင့်အထိနာခဲ့တဲ့ သူ့စီးပွားရေးတွေကိုရူန်းထစေတာ ကမ္ဘာကြီးအပေါ်တရုတ်ထားတဲ့ သဘောထားက တရားမျှတပါရဲ့လား နောက်တစ်ချက်က မြန်မာအပေါ် တရုတ်ထားတဲ့သ ဘောထားဟာ မိတ်ဆွေပီသပါရဲ့လား လက်နက်ကိုင် သူပုန်မွေး အာဏာရှင်ကာကွယ်ပေး နှစ်၆၀လောက် ပြည်တွင်စစ်မီးတောက်နေတာ တရုတ်ကြောင့် မဟုတ်ရင် ဘယ်သူ့ကြောင့်ပါလဲ

အပေးအယူအနေနဲ့ မြန်မာကသံယံဇာတကို ဆက်ကြေးအဖြစ်အဘတို့ ကန်တော့နေတာလဲ ကုန်ပါပြီတရုတ်ကြောင့်သာမဟုတ်ရင် မြန်မာ့ဒီမိုကရေစီလဲ၂၀၁၅ထိကြာစရာမလိုပါဘူး တရုတ်ဟာ အာဏာရှင်အဘတွေအတွက်တော့ ထာဝရမိတ်ဆွေ ဖြစ်ပေမယ့်မြန်မာပြည်သူအတွက်တော့ ရွံစရာ စက်ဆုတ်စရာမိစ္ဆာတစ်ကောင်ထက်မပိုပါဘူး

နိုင်ငံတကာက စိတ်ဝင်တစားစောင့်ကြည့်နေတဲ့ အမေရိက န် ရွေးကောက်ပွဲ က မဲပေးမူ့တွေ စတင်နေပါပြီ

ကမ္ဘာကိုဗိုင်းရပ်စ်နဲ့တိုက်ခဲ့တဲ့ တရုတ်တို့ကို ထရန့်တိုက်တာ ကမ္ဘာ့တာဝန်တစ်ရပ်ကို ယူပေးတာပါပဲတရုတ်နဲ့အဆင်ပြေတဲ့ စီးပွားဘက်တွေဖြစ်တဲ့ ဒီမိုကရက်ဘိုင်တန်တို့က တရုတ်တို့ကျူးလွန်ခဲ့မူ့အပေါ်ထရန့်လိုတာဝန်ယူပေးပါ့မလားအမေရိကန်မှာလဲ တရုတ်ဆန့်ကျင်ရေး အရှိန်တွေတက်နေပါတယ် တရုတ်ကို ကမ္ဘာ့စီးပွားရေးဇတ်ခုံပေါ်တင်ပေးခဲ့တာလဲ

ဒီမိုကရက်တွေပါပဲ WTO,G20 တွေဝင်ခွင့်ပေးခဲ့လို့လဲ အမေရိကားမှာ အလုပ်အကိုင် ၈၀၀၀၀ ကျော်လောက်ဆုံးရူံးခဲ့သလို တရုတ်ရဲ့ တစ်ဖက်သတ်ဆန်တဲ့ ကုန်သွယ်မူ့တွေကို ခွင့်ပြု
ပေးခဲ့ရပါတယ်

၂၀၁၂က သမ္မတရှီ အမေရိကန်လာတော့ ဟောလိဝုဒ်ကို ခေါ်ပြခဲ့တာထိုစဉ်က အိုဗားမားလက်အောက်ကဒုသမ္မတ ဂျိုးဘိုင်တန်ပါ နောက်ပိုင်း တရုတ်ရုပ်ရှင်ဈေးကွက်ကို ဟောလိဝုဒ်ကရတော့ အမြတ်နှစ်ဆရသွားပါတယ်

ဟောလိဝုဒ်ရုပ်ရှင်လောကသားတွေက သူတို့အကျိုးအမြတ်အတွက် ထရန့် တရုတ်ကိုပိတ်ဆို့ထားတာမကြိုက်ပါဘူး နောက်မှကမ္ဘာကြီးဘာဖြစ်ဖြစ် တရုတ်မထိခိုက်ဖို့ ကမ္ဘာကျော် တွေက ဘိုင်တန်ဘက်ကမဲဆွယ်ပေးနေကြပါတယ်Lady Ga Ga တောင်ပါပါသေးတယ်

မြန်မာပြည်ရဲ့ မျှော်လင့်ချက်က ထရန့်သာဆက်အနိုင်ရရင် တရုတ်ကို တီးမှာဖြစ်တာကြောင့် တရုတ်ပြိုတဲ့အခါ မြန်မာကတရုတ်မွေးစားသား စစ်အာဏာရှင် တွေလဲ အလိုလို မြန်မာ့ဒီမိုကရေစီ Mapအောက် ရောက်လာမှာပါဘယ်လိုပဲဖြစ်ဖြစ် အသွင်မတူတဲ့ နိုင်ငံရေးအားပြိုင်မူ့၂ခုက ကမ္ဘာ့စူပါပါဝါ မှာပြိုင်ဆိုင်နေကြပါတယ်

သူတို့ရလဒ်ဟာ တစ်ကမ္ဘာလုံးနဲ့ တစ်နည်းနည်းနဲ့ပက်သက်ေ နပါတယ်မြန်မာမှာတော့ လာမယ့် ၈ ရက်နေ့မှာ အပြင်းထန်ဆုံး အားပြိုင်မူ့ေ တွလာပါလိမ့်မယ် အပြင်းထန်ဆုံးဆိုတာ တစ်ဖက်နဲ့တစ် ဖက် အားပြိုင်မူ့တော့မ ဟုတ်ပါဘူး ပြည်သူအကု န်လုံး က NLDပဲ မဲထည့်မှာပါ ပြိုင်ရမှာက လုပ်ပိုင်ခွင့်ရှိသူတွေ ယုတ်မာမူ့နဲ့ မဲထည့်မယ့်ပြည်သူတွေ အားပြိုင်မူ့ပါပဲ

ထရန့်နိုင်ရင် သာသာယာယာ ပွဲပြီးနိုင်ပေမယ့် ဘိုင်တန်သာနိုင်ရင် plan A B C တွေစဖို့ ရှေ့ကျားတွေ ထုတ်လာတာ သတိပြုကြပါလို့ ပြောချင်ပါတယ်

Source;မုဆိုး လက်








ပေးခဲ့ရပါတယ်






Source;မုဆိုး လက်

Leave a Reply

Your email address will not be published.