နိုင်ငံတော် အာဏာ ကို အကြမ်းဖက် ရယူရန် ကြိုးစားသည့် နိုင်ငံတော် ပုန်ကန်သူ ကို ဥပဒေအရ မည်သူမဆိုတွေ့သည့်နေရာ ဖမ်းဆီးနိုင်

Posted on

ရန်ကုန် ၊ ဇန်နဝါရီ ၂၈ ရက်၊ ၂၀၂၁

နိုင်ငံတော် အာဏာကို အကြမ်းဖက် ရယူရန် ကြိုးစား သည့် နိုင်ငံတော် ပုန်ကန်သူ ကို ဥပဒေအရ မည်သူမဆို တွေ့သည့်နေရာ ဖမ်းဆီးနိုင်ကြောင်း တရား လွှတ်တော်ရှေ့နေ ဦးကျော်ဟိုးကပြောကြား လိုက် သည် ။

ဇန်နဝါရီ ၂၈ ရက် ဆက်သွယ်မေးမြန်းရာ တွင် နိုင်ငံတော် ပုန်ကန်မှုနှင့် စပ်လျဉ်း ၍ တရား လွှတ်တော်ရှေ့နေ ဦးကျော်ဟိုးကပြောကြားခဲ့ခြင်းဖြစ် သည် ။

တရား လွှတ်တော်ရှေ့နေ ဦးကျော်ဟိုး

“နိုင်ငံတော် ပုန်ကန်တယ် ဆိုတာက နိုင်ငံတော် အာဏာ ကို တရားမဝင်တဲ့ နည်းလမ်း နဲ့ရယူရင် ဒါနိုင်ငံတော် ပုန်ကန်တာပေါ့ ။ တရားမဝင်တဲ့ နည်းလမ်း ဆိုတာ နိုင်ငံတော် အာဏာကိုအကြမ်းဖက် ရယူတာပေါ့ ။ အဲဒီလို လူကိုဖမ်းတာကတော့ ဘယ်သူပဲဖြစ်ဖြစ် ဖမ်းခွင့်ရှိတယ် ။ ဒါပေမယ့်ဖမ်းပြီးတော့ ချက်ခြင်း ရဲလက်ထဲအပ်ရမယ် ” ဟု ၎င်းကပြော သည် ။

ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၂၂ တွင် နိုင်ငံတော် ပုန်ကန်မှု အဓိပ္ပာယ်ဖွင့်ဆိုချက် ကို ပြဌာန်း ရှင်းလင်းထားပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက သေဒဏ်မှ တစ်သက် တစ်ကျွန်းဒဏ် အထိချမှတ်နိုင်သောပြစ်မှုလည်းဖြစ် သည် ။

ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ အခန်း၁ ပုဒ်မ ၄တွင် နိုင်ငံတော် ၏ အချုပ်အခြာအာဏာ သည် နိုင်ငံသားများထံ မှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံးတွင် တည်သည်ဟုပြဌာန်း ပါရှိသည် ။

Myanamr Harp

Zawgyi

ရန္ကုန္ ၊ ဇန္နဝါရီ ၂၈ ရက္၊ ၂၀၂၁

နိုင္ငံေတာ္ အာဏာကို အၾကမ္းဖက္ ရယူရန္ ႀကိဳးစား သည့္ နိုင္ငံေတာ္ ပုန္ကန္သူ ကို ဥပေဒအရ မည္သူမဆို ေတြ႕သည့္ေနရာ ဖမ္းဆီးနိုင္ေၾကာင္း တရား လႊတ္ေတာ္ေရွ႕ေန ဦးေက်ာ္ဟိုးကေျပာၾကား လိုက္ သည္ ။

ဇန္နဝါရီ ၂၈ ရက္ ဆက္သြယ္ေမးျမန္းရာ တြင္ နိုင္ငံေတာ္ ပုန္ကန္မႈႏွင့္ စပ္လ်ဥ္း ၍ တရား လႊတ္ေတာ္ေရွ႕ေန ဦးေက်ာ္ဟိုးကေျပာၾကားခဲ့ျခင္းျဖစ္ သည္ ။

“နိုင္ငံေတာ္ ပုန္ကန္တယ္ ဆိုတာက နိုင္ငံေတာ္ အာဏာ ကို တရားမဝင္တဲ့ နည္းလမ္း နဲ႕ရယူရင္ ဒါနိုင္ငံေတာ္ ပုန္ကန္တာေပါ့ ။ တရားမဝင္တဲ့ နည္းလမ္း ဆိုတာ နိုင္ငံေတာ္ အာဏာကိုအၾကမ္းဖက္ ရယူတာေပါ့ ။ အဲဒီလို လူကိုဖမ္းတာကေတာ့ ဘယ္သူပဲျဖစ္ျဖစ္ ဖမ္းခြင့္ရွိတယ္ ။ ဒါေပမယ့္ဖမ္းၿပီးေတာ့ ခ်က္ျခင္း ရဲလက္ထဲအပ္ရမယ္ ” ဟု ၎ကေျပာ သည္ ။

ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ ၁၂၂ တြင္ နိုင္ငံေတာ္ ပုန္ကန္မႈ အဓိပၸာယ္ဖြင့္ဆိုခ်က္ ကို ျပဌာန္း ရွင္းလင္းထားၿပီး ျပစ္မႈက်ဴးလြန္ေၾကာင္း ထင္ရွားပါက ေသဒဏ္မွ တစ္သက္ တစ္ကြၽန္းဒဏ္ အထိခ်မွတ္နိုင္ေသာျပစ္မႈလည္းျဖစ္ သည္ ။

ဖြဲ႕စည္းပုံအေျခခံ ဥပေဒ ပုဒ္မ အခန္း၁ ပုဒ္မ ၄တြင္ နိုင္ငံေတာ္ ၏ အခ်ဳပ္အျခာအာဏာ သည္ နိုင္ငံသားမ်ားထံ မွ ဆင္းသက္ၿပီး နိုင္ငံေတာ္တစ္ဝန္းလုံးတြင္ တည္သည္ဟုျပဌာန္း ပါရွိသည္ ။

Myanamr Harp

Leave a Reply

Your email address will not be published. Required fields are marked *