” ဓမ္မ နဲ့ အ-ဓမ္မ ချကြတဲ့အခါ ” ( တကယ်တော့ ဓမ္မရော အ – ဓမ္မရော ဘက်နှစ်ခုလုံး အတွက် အနိုင် ဆိုတာ )

Posted on

ဓမ္မ နဲ့ အ-ဓမ္မ ချကြတဲ့ အခါ..

ညီညီ မျှမျှ ယှဉ်ပြိုင်မှု မှန်သမျှ လုပ်လေ တိုင်း ‘အ-ဓမ္မ’ ဟာ ‘ဓမ္မ’ ကိုအနိုင်ရရိုးမရှိပါဘူး။ ဒါဟာ ဗမာပြည်တင်မဟုတ် ပါဘူး ၊ နိုင်ငံတကာမှာလည်း ဒီအတိုင်း ပါဘဲ ။ ဒါကြောင့်ဘဲ အ-ဓမ္မဝါဒီတွေ ဟာ ဓမ္မဝါဒီများနဲ့ယှဉ်ပြိုင်ကြ တိုင်း လက်နက်၊ ငွေကြေး၊ ခွန်အား၊ အ-ဓမ္မလုပ်ရပ်များကို အင်အားအနည်း နဲ့အများသုံးပြီး အနိုင်ရအောင်အားထုတ်လေ့ရှိတတ်တာသဘာဝပါဘဲ။

ဓမ္မ နဲ့ အ-ဓမ္မ ချကြတဲ့ အခါ..

အ-ဓမ္မဝါဒီ တို့ရဲ့ တရားနည်းလမ်းနဲ့သွေဖည်သော ယှဉ်ပြိုင်မှုတွေတိုင်းဟာ ဓမ္မဝါဒီတွေကိုခြိမ်းခြောက်တတ်တာလည်း သဘာဝပါဘဲ။ အခန့်မသင့်ရင် အ-ဓမ္မဝါဒီများဟာအောင်ပွဲတောင် ခံနေနိုင်ပါသေး တယ်။ အချို့သောအ-ဓမ္မအောင်ပွဲ များဟာ ဓမ္မကို ဟားတိုက်နိုင်သည်အထိတောင် အားကောင်းကြပါသေးတယ်။ ဒီအချက်တွေကြောင့် ဓမ္မကိုထွန်းကားစေချင်ရင် အ-ဓမ္မဝါဒကို နှိပ်ကွပ်နိုင်စွမ်းရှိတဲ့ လက်နက်၊ ငွေကြေး၊ ခွန်အား အစ ရှိတာတွေ ဟာ ဓမ္မဘက်တော်သား များ အတွက် အတိုင်းအတာ တရပ် အထိ ပိုင်ဆိုင်ပြည့်စုံရပါတယ်။

ဓမ္မ နဲ့ အ-ဓမ္မ ချကြတဲ့ အခါ..

အနီးဆုံးကမ္ဘာစစ်ဖြစ်တဲ့ ဒုတိယကမ္ဘာစစ် မှာ စစ်ဘီလူးတွေဖြစ် တဲ့ ဂျာမဏီနဲ့ဂျပန်ကို ကမ္ဘာ့နိုင်ငံအသီးသီးက ဟိန္ဒူ၊ ဂျူး၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ် သာသနာ့ပညာရှင်များပေါင်းစုပြီး ဆုတောင်းမေတ္တာပို့ကြလို့ လက်နက်ချသွားတာ မဟုတ်ပါဘူး။ စစ်ရေးအရပြင်းထန် တဲ့ ဖိအားတွေပေး ခဲ့လို့ သို့တည်းမဟုတ် မဟာမိတ်တပ်များဟာ စစ်ဘီလူးတွေ အမျိုးပြုတ်အောင် သတ်ဖြတ်နိုင်စွမ်း ရှိခြင်းကို ပြသနိုင်ခဲ့လို့သာ ငြိမ်သွားခြင်းဖြစ် ပါတယ်။ ဒီသဘောကိုကြည့်လိုက်တာနဲ့ ‘ ဓမ္မထဲ မှာ အ-ဓမ္မ အနည်းအကျဉ်း စွက်ရတာမရှောင်သာ ’ ဆိုတာ ထင်ရှားလှ ပါတယ်။

ဓမ္မ နဲ့ အ-ဓမ္မ ချကြတဲ့ အခါ..

ကြွေလွှင့်ရ တဲ့ ရွေးကောက်ခံ ကိုယ်စားလှယ် အတွက် စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရ ပါတယ် ။ ဒီလို နဲ့အလားတူလုပ်ရပ်များ ကျူးလွန်လာ ရင် ‘ ဘယ်လို တန်ပြန်မယ်’ ဆိုတဲ့ဗျူဟာ ရှိမထားရင် ရွေးကောက်ခံ ကိုယ်စားလှယ်များ အားလုံးရော၊ လက်နက်မကိုင်ထားတဲ့ အစိုးရ အဖွဲ့ဝင်များ အတွက်ရော၊ မဲဆန္ဒရှင် လူထု အတွက်ရော စိုးရိမ်စရာ ပါဘဲ။

တကယ်တော့ ဓမ္မရောအ-ဓမ္မရော ဘက်နှစ်ခုလုံးအတွက် ဗျူဟာသာသူ အနိုင်ရတာ ဓမ္မတာပါဘဲ။ ‘အချိန်တန်ရင် ဓမ္မကနိုင်တယ်’ ဆိုပြီး မြွေပွေးကို နက်ကတိုင်မလုပ်မိဖို့တော့ လိုတာပေါ့လေ။ ဗုဒ္ဓစာပေကို ကိုးကားရင် ရှင်ဒေဝဒတ်ကြီး သူ့ ရဲ့အဓမ္မဝါဒ မှားယွင်းကြောင်းနဲ့ သူရှုံးနိမ့်ကြောင်းကျေကျေနပ်နပ် လက်ခံပြီးအဝီစိကို ဆင်းဖို့ ကမ္ဘာ ၅၀၀ ကြာ ခဲ့ ပါ တယ် ။ ဒါကတော့ Timeline ပေါ့လေ ။

ချုပ်ရရင်တော့..

“ဗမာပြည်ကြီးထွန်းကား ပါစေ” လို့ ဆုတောင်းရတယ် ဆိုတာလေးပါ ။ စိတ်ထဲတော့ ‘အင်း … ငါမှီချင်လည်းမှီနိုင် ၊ မမှီချင်လည်းမမှီနိုင်’ လို့သာနှလုံးသွင်းပါတယ် လို့သာ … ။ ။

လေးစားလျက် – လင်းမြတ်

Zawgyi

ဓမၼ နဲ႕ အ-ဓမၼ ခ်ၾကတဲ့ အခါ..

ညီညီ မွ်မွ် ယွဥ္ၿပိဳင္မႈ မွန္သမွ် လုပ္ေလ တိုင္း ‘အ-ဓမၼ’ ဟာ ‘ဓမၼ’ ကိုအနိုင္ရရိုးမရွိပါဘူး။ ဒါဟာ ဗမာျပည္တင္မဟုတ္ ပါဘူး ၊ နိုင္ငံတကာမွာလည္း ဒီအတိုင္း ပါဘဲ ။ ဒါေၾကာင့္ဘဲ အ-ဓမၼဝါဒီေတြ ဟာ ဓမၼဝါဒီမ်ားနဲ႕ယွဥ္ၿပိဳင္ၾက တိုင္း လက္နက္၊ ေငြေၾကး၊ ခြန္အား၊ အ-ဓမၼလုပ္ရပ္မ်ားကို အင္အားအနည္း နဲ႕အမ်ားသုံးၿပီး အနိုင္ရေအာင္အားထုတ္ေလ့ရွိတတ္တာသဘာဝပါဘဲ။

အ-ဓမၼဝါဒီ တို႔ရဲ႕ တရားနည္းလမ္းနဲ႕ေသြဖည္ေသာ ယွဥ္ၿပိဳင္မႈေတြတိုင္းဟာ ဓမၼဝါဒီေတြကိုၿခိမ္းေျခာက္တတ္တာလည္း သဘာဝပါဘဲ။ အခန႔္မသင့္ရင္ အ-ဓမၼဝါဒီမ်ားဟာေအာင္ပြဲေတာင္ ခံေနနိုင္ပါေသး တယ္။ အခ်ိဳ႕ေသာအ-ဓမၼေအာင္ပြဲ မ်ားဟာ ဓမၼကို ဟားတိုက္နိုင္သည္အထိေတာင္ အားေကာင္းၾကပါေသးတယ္။ ဒီအခ်က္ေတြေၾကာင့္ ဓမၼကိုထြန္းကားေစခ်င္ရင္ အ-ဓမၼဝါဒကို ႏွိပ္ကြပ္နိုင္စြမ္းရွိတဲ့ လက္နက္၊ ေငြေၾကး၊ ခြန္အား အစ ရွိတာေတြ ဟာ ဓမၼဘက္ေတာ္သား မ်ား အတြက္ အတိုင္းအတာ တရပ္ အထိ ပိုင္ဆိုင္ျပည့္စုံရပါတယ္။

အနီးဆုံးကမာၻစစ္ျဖစ္တဲ့ ဒုတိယကမာၻစစ္ မွာ စစ္ဘီလူးေတြျဖစ္ တဲ့ ဂ်ာမဏီနဲ႕ဂ်ပန္ကို ကမာၻ႔နိုင္ငံအသီးသီးက ဟိႏၵဴ၊ ဂ်ဴး၊ ဗုဒၶဘာသာ၊ ခရစ္ယာန္၊ အစၥလာမ္ သာသနာ့ပညာရွင္မ်ားေပါင္းစုၿပီး ဆုေတာင္းေမတၱာပို႔ၾကလို႔ လက္နက္ခ်သြားတာ မဟုတ္ပါဘူး။ စစ္ေရးအရျပင္းထန္ တဲ့ ဖိအားေတြေပး ခဲ့လို႔ သို႔တည္းမဟုတ္ မဟာမိတ္တပ္မ်ားဟာ စစ္ဘီလူးေတြ အမ်ိဳးျပဳတ္ေအာင္ သတ္ျဖတ္နိုင္စြမ္း ရွိျခင္းကို ျပသနိုင္ခဲ့လို႔သာ ၿငိမ္သြားျခင္းျဖစ္ ပါတယ္။ ဒီသေဘာကိုၾကည့္လိုက္တာနဲ႕ ‘ ဓမၼထဲ မွာ အ-ဓမၼ အနည္းအက်ဥ္း စြက္ရတာမေရွာင္သာ ’ ဆိုတာ ထင္ရွားလွ ပါတယ္။

ေႂကြလႊင့္ရ တဲ့ ေ႐ြးေကာက္ခံ ကိုယ္စားလွယ္ အတြက္ စိတ္မေကာင္းျခင္းႀကီးစြာ ျဖစ္ရ ပါတယ္ ။ ဒီလို နဲ႕အလားတူလုပ္ရပ္မ်ား က်ဴးလြန္လာ ရင္ ‘ ဘယ္လို တန္ျပန္မယ္’ ဆိုတဲ့ဗ်ဴဟာ ရွိမထားရင္ ေ႐ြးေကာက္ခံ ကိုယ္စားလွယ္မ်ား အားလုံးေရာ၊ လက္နက္မကိုင္ထားတဲ့ အစိုးရ အဖြဲ႕ဝင္မ်ား အတြက္ေရာ၊ မဲဆႏၵရွင္ လူထု အတြက္ေရာ စိုးရိမ္စရာ ပါဘဲ။

တကယ္ေတာ့ ဓမၼေရာအ-ဓမၼေရာ ဘက္ႏွစ္ခုလုံးအတြက္ ဗ်ဴဟာသာသူ အနိုင္ရတာ ဓမၼတာပါဘဲ။ ‘အခ်ိန္တန္ရင္ ဓမၼကနိုင္တယ္’ ဆိုၿပီး ေႁမြေပြးကို နက္ကတိုင္မလုပ္မိဖို႔ေတာ့ လိုတာေပါ့ေလ။ ဗုဒၶစာေပကို ကိုးကားရင္ ရွင္ေဒဝဒတ္ႀကီး သူ႕ ရဲ႕အဓမၼဝါဒ မွားယြင္းေၾကာင္းနဲ႕ သူရႈံးနိမ့္ေၾကာင္းေက်ေက်နပ္နပ္ လက္ခံၿပီးအဝီစိကို ဆင္းဖို႔ ကမာၻ ၅၀၀ ၾကာ ခဲ့ ပါ တယ္ ။ ဒါကေတာ့ Timeline ေပါ့ေလ ။

ခ်ဳပ္ရရင္ေတာ့..

“ဗမာျပည္ႀကီးထြန္းကား ပါေစ” လို႔ ဆုေတာင္းရတယ္ ဆိုတာေလးပါ ။ စိတ္ထဲေတာ့ ‘အင္း … ငါမွီခ်င္လည္းမွီနိုင္ ၊ မမွီခ်င္လည္းမမွီနိုင္’ လို႔သာႏွလုံးသြင္းပါတယ္ လို႔သာ … ။ ။

ေလးစားလ်က္ – လင္းျမတ္

Leave a Reply

Your email address will not be published. Required fields are marked *