မြိတ် တွင် ဒေါ်လာသန်း ၃၀၀ ခန့် အသုံးပြုကာ ကုန်ကြမ်းကနေ ကုန်ချောထိ ထုတ်နိုင်မည့် အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးကြီးနှင့် စက်မှုဇုန် တည်ဆောက်မည်

Posted on

မြိတ်မြို့နယ်တွင် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့် ရင်းနှီးမြှုပ်နှံမည့် အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးကြီးတစ်ခုနှင့် စက်မှုဇုန်စီမံကိန်း တစ်ခု ဖော်ဆောင်ရန် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း သိရသည်။

ငါးလေလံဈေးကြီးတစ်ခုနှင့် စက်မှုဇုန်စီမံကိန်း

မြိတ်မြို့ ကျွဲကူးကျေးရွာအုပ်စုအတွင်း အကောင် ထည်ဖော် ဆောင်ရွက် မည့် အဆိုပါ စီမံကိန်း ကို မြိတ်အများပိုင်ကော်ပိုရေးရှင်းက ရင်းနှီးမြှုပ်နှံ မည်ဖြစ်ပြီး စီမံကိန်းမြေနေရာ ကို ဧက ၂၀၀၀ ကျော် လျာထားကြောင်း သိရသည်။ ဒီဇင်ဘာ ၇ ရက်က ထားဝယ်မြို့ရှိ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ လုပ်ငန်းနှင့် ပတ်သက်ပြီး မြိတ် အများပိုင်မှ တာဝန်ရှိသူများက ရှင်းလင်း တင်ပြ ခဲ့သည် ။

ငါးလေလံဈေးကြီးတစ်ခုနှင့် စက်မှုဇုန်စီမံကိန်း

“ ငါးလေလံဈေး နဲ့ ပတ်သက်ပြီး သူတို့ လုပ်ချင်တဲ့ လုပ်ငန်း Proposal တွေကို လာရောက်ပြီး အစိုးရ အဖွဲ့ထံ မှာ လာရောက် ရှင်းပြတာပါ ။ ရင်းနှီးမြှုပ်နှံမှု ပမာဏနဲ့ လုပ်မယ့်လုပ်ငန်း ကို ကျွန်တော်တို့ ပြည်ထောင်စုအဆင့် ကို တင်ပြရမယ် ။ ငါးလေလံ ဈေးအဟောင်း နဲ့ အသစ်ရယ် ဆိုပြီးတော့ မဟုတ်ဘူး မြိတ်အများပိုင်က သူတို့ လုပ်ချင်တဲ့ အပိုင်းကို လာရောက် တင်ပြတာ ပါ ။ ရှေ့ဆက်လုပ်ရမယ့် အပိုင်းတွေကတော့ အများကြီး ရှိပါသေး တယ်” ဟု တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောကြားသည်။

ငါးလေလံဈေးကြီးတစ်ခုနှင့် စက်မှုဇုန်စီမံကိန်း

ငါးလေလံဈေးနှင့် စက်မှုဇုန် မှာ တစ်ဆက်တည်း ဖြစ်ပြီး အဆိုပါစီမံကိန်း ကို ပြည်ထောင်စု အဆင့် မှ ခွင့်ပြုချက်ရပါက အမြန်ဆုံး အကောင်ထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည် ။

“ငါးဈေး နဲ့ စက်မှုဇုန်က တစ်ဆက်တည်း ဧက နှစ်ထောင်လောက် လို ပါတယ် ။ ကုန်ကြမ်းကနေ ကုန်ချောထုတ်နိုင်တဲ့ အဆင့်အထိပေါ့။ တိုင်းဒေသကြီးအစိုးရနဲ့ ဗဟိုက ခွင့်ပြုလို့ရှိရင် ဆက်လက် လုပ်ဆောင်သွားမှာပါ။ ရင်းနှီးမြှုပ်နှံမှုက ဒေါ်လာသန်း ၃၀၀ လောက် ရှိပါ့မယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး ရလာပါလိမ့်မယ်။ လုပ်ငန်းရှင်ငယ်တွေ အများကြီးပေါ်လာပါလိမ့်မယ်။

ငါးလေလံဈေးကြီးတစ်ခုနှင့် စက်မှုဇုန်စီမံကိန်း

မောတောင်လမ်းကို အခြေပြုပြီး လုပ်ဆောင်ပေမဲ့ ဈေးကွက်တွက် ချေကိုက်ရင် ရန်ကုန်ကိုလည်း ပို့နိုင်ပါတယ်”ဟု မြိတ်အများပိုင် ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးလှသန်းက ပြောကြားသည်။

အဆိုပါစီမံကိန်းကို ပြည်ထောင်စုအဆင့်ကလည်း ခွင့်ပြုနိုင်ဖွယ်ရှိနေပြီး ခွင့်ပြုချက်ရပါက အမြန်ဆုံး အကောင်ထည်ဖော်ရန် စီစဉ်နေပြီဖြစ်ကြောင်း မြိတ်အများပိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ငါးလေလံဈေးကြီးတစ်ခုနှင့် စက်မှုဇုန်စီမံကိန်း

တနင်္သာရီတိုင်းဒေသကြီး အတွင်း မှ ထွက်ရှိသည့် ရေထွက်ကုန်များကို ထိုင်းနိုင်ငံဈေးကွက်သို့ အဓိက တင်ပို့နေရပြီး ငါးဈေးကွက်မှာလည်း ထိုင်းနိုင်ငံသို့ ရောက်ရှိနေကြောင်း သိ ရသည် ။ မြိတ်မြို့ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ငါးလေလံဈေးကြီးမှာ ဒေါ်လာသန်း ၇၀ ရင်းနှီး မြှုပ်နှံခွင့် ရထားသော်လည်း အစိုးရက ရင်းနှီး မြုပ်နှံငွေလွှဲခြင်း ကို ယခု အထိ ခွင့်ပြုပေးခြင်း မရှိသည့်အတွက် လုပ်ငန်းကြန့်ကြာမှု ဖြစ်ပေါ်နေကြောင်း သိရသည် ။

ELEVEN-NEWS

Zawgyi

ၿမိတ္ၿမိဳ႕နယ္တြင္ အေမရိကန္ေဒၚလာ သန္း ၃၀၀ ခန႔္ ရင္းႏွီးျမႇုပ္ႏွံမည့္ အျပည္ျပည္ဆိုင္ရာ ငါးေလလံေဈးႀကီး တစ္ခုႏွင့္ စက္မႈဇုန္စီမံကိန္း တစ္ခု ေဖာ္ေဆာင္ရန္ တနသၤာရီတိုင္းေဒသႀကီး အစိုးရအဖြဲ႕သို႔ တင္ျပထားေၾကာင္း သိရသည္။

ၿမိတ္ၿမိဳ႕ ကြၽဲကူးေက်း႐ြာအုပ္စုအတြင္း အေကာင္ ထည္ေဖာ္ ေဆာင္႐ြက္ မည့္ အဆိုပါ စီမံကိန္း ကို ၿမိတ္အမ်ားပိုင္ေကာ္ပိုေရးရွင္းက ရင္းႏွီးျမႇုပ္ႏွံ မည္ျဖစ္ၿပီး စီမံကိန္းေျမေနရာ ကို ဧက ၂၀၀၀ ေက်ာ္ လ်ာထားေၾကာင္း သိရသည္။ ဒီဇင္ဘာ ၇ ရက္က ထားဝယ္ၿမိဳ႕ရွိ တနသၤာရီတိုင္းေဒသႀကီး အစိုးရအဖြဲ႕ထံ လုပ္ငန္းႏွင့္ ပတ္သက္ၿပီး ၿမိတ္ အမ်ားပိုင္မွ တာဝန္ရွိသူမ်ားက ရွင္းလင္း တင္ျပ ခဲ့သည္ ။

“ ငါးေလလံေဈး နဲ႕ ပတ္သက္ၿပီး သူတို႔ လုပ္ခ်င္တဲ့ လုပ္ငန္း Proposal ေတြကို လာေရာက္ၿပီး အစိုးရ အဖြဲ႕ထံ မွာ လာေရာက္ ရွင္းျပတာပါ ။ ရင္းႏွီးျမႇုပ္ႏွံမႈ ပမာဏနဲ႕ လုပ္မယ့္လုပ္ငန္း ကို ကြၽန္ေတာ္တို႔ ျပည္ေထာင္စုအဆင့္ ကို တင္ျပရမယ္ ။ ငါးေလလံ ေဈးအေဟာင္း နဲ႕ အသစ္ရယ္ ဆိုၿပီးေတာ့ မဟုတ္ဘူး ၿမိတ္အမ်ားပိုင္က သူတို႔ လုပ္ခ်င္တဲ့ အပိုင္းကို လာေရာက္ တင္ျပတာ ပါ ။ ေရွ႕ဆက္လုပ္ရမယ့္ အပိုင္းေတြကေတာ့ အမ်ားႀကီး ရွိပါေသး တယ္” ဟု တနသၤာရီတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးျမင့္ေမာင္က ေျပာၾကားသည္။

ငါးေလလံေဈးႏွင့္ စက္မႈဇုန္ မွာ တစ္ဆက္တည္း ျဖစ္ၿပီး အဆိုပါစီမံကိန္း ကို ျပည္ေထာင္စု အဆင့္ မွ ခြင့္ျပဳခ်က္ရပါက အျမန္ဆုံး အေကာင္ထည္ေဖာ္ ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္ ။

“ငါးေဈး နဲ႕ စက္မႈဇုန္က တစ္ဆက္တည္း ဧက ႏွစ္ေထာင္ေလာက္ လို ပါတယ္ ။ ကုန္ၾကမ္းကေန ကုန္ေခ်ာထုတ္နိုင္တဲ့ အဆင့္အထိေပါ့။ တိုင္းေဒသႀကီးအစိုးရနဲ႕ ဗဟိုက ခြင့္ျပဳလို႔ရွိရင္ ဆက္လက္ လုပ္ေဆာင္သြား မွာပါ ။ ရင္းႏွီးျမႇုပ္ႏွံမႈက ေဒၚလာသန္း ၃၀၀ ေလာက္ ရွိပါ့မယ္။ အလုပ္အကိုင္ အခြင့္အလမ္းေတြ အမ်ားႀကီး ရလာပါလိမ့္မယ္။ လုပ္ငန္းရွင္ငယ္ေတြ အမ်ားႀကီးေပၚလာပါ လိမ့္မယ္ ။

ေမာေတာင္လမ္းကို အေျချပဳၿပီး လုပ္ေဆာင္ေပမဲ့ ေဈးကြက္တြက္ ေခ်ကိဳက္ရင္ ရန္ကုန္ကိုလည္း ပို႔နိုင္ပါတယ္ ” ဟု ၿမိတ္အမ်ားပိုင္ ေကာ္ပိုေရးရွင္း ဥကၠ႒ ဦးလွသန္းက ေျပာၾကားသည္။

အဆိုပါ စီမံကိန္း ကို ျပည္ေထာင္စု အဆင့္ ကလည္း ခြင့္ျပဳနိုင္ဖြယ္ရွိေနၿပီး ခြင့္ျပဳခ်က္ရပါက အျမန္ဆုံး အေကာင္ထည္ေဖာ္ရန္ စီစဥ္ေနၿပီျဖစ္ေၾကာင္း ၿမိတ္အမ်ားပိုင္မွ တာဝန္ရွိသူတစ္ဦးက ေျပာၾကားသည္ ။

တနသၤာရီတိုင္းေဒသႀကီး အတြင္း မွ ထြက္ရွိသည့္ ေရထြက္ကုန္မ်ားကို ထိုင္းနိုင္ငံေဈးကြက္ သို႔ အဓိက တင္ပို႔ေနရၿပီး ငါးေဈးကြက္ မွာလည္း ထိုင္းနိုင္ငံသို႔ ေရာက္ရွိေနေၾကာင္း သိ ရသည္ ။ ၿမိတ္ၿမိဳ႕ရွိ ျမန္မာ အျပည္ျပည္ ဆိုင္ရာ ငါးေလလံေဈးႀကီး မွာ ေဒၚလာသန္း ၇၀ ရင္းႏွီး ျမႇုပ္ႏွံခြင့္ ရထားေသာ္လည္း အစိုးရက ရင္းႏွီး ျမဳပ္ႏွံေငြလႊဲျခင္း ကို ယခု အထိ ခြင့္ျပဳေပးျခင္း မရွိသည့္အတြက္ လုပ္ငန္းၾကန႔္ၾကာမႈ ျဖစ္ေပၚေနေၾကာင္း သိရသည္ ။

ELEVEN-NEWS

Leave a Reply

Your email address will not be published. Required fields are marked *