ထိုင်း -မြန်မာနယ်စပ် သံလွင်မြစ်ကမ်း ဘေး ရှိ စစ်ကောင်စီ တပ်စခန်းတစ်ခု ဆုတ်ခွာထွက်ပြေး၊ KNU အသာအယာ သိမ်းဆည်းလိုက်

Posted on

၂၀၂၁ ခုနှစ် မေလ (၇) ရက်

သံလွင်မြစ်ကမ်းဘေး ရှိ စစ်ကောင်စီ ခြေကုတ် တပ်စခန်း နောက် တစ်ခု ကို KNU သိမ်းဆည်း ၊ စစ်ကောင်စီ တပ်စခန်း ဆုတ်ခွာ ထွက်ပြေး

ထိုင်း -ြ မန်မာနယ်စပ် သံလွင်မြစ်ကမ်း ဘေး ရှိ ဒေသအခေါ်-အူးသူးထာ့ ( ဥသုတ ) စစ်ကောင်စီတပ် ၏ ခြေကုတ်စခန်း ယမန်နေ့(မေ ၆ ရက် ) ည က ဆုတ်ခွာသွားသည် ဟု သိရ

Phot-1

ကရင်ပြည်နယ် ၊ ဖာပွန်ခရိုင် ၊ ထိုင်း- မြန်မာနယ်စပ် သံလွင်မြစ်ကမ်းဘေးရှိ စစ်ကောင်စီတပ် ၏ ခြေကုတ်စခန်း ဥသုတ (ဒေသခအခေါ် အူသူးထာ)ကို KNU တပ်မဟာ (၅) က ဒီကနေ့ မနက်မှာပိုင်း မှာ သွားရောက် သိမ်းဆည်း ခဲ့တယ် လို့ KNU တပ်မဟာ ( ၅ ) တာဝန်ရှိသူတွေ က ပြောပါ တယ် ။

Phot-2
Phot-3

အူသူးထာ စစ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စခန်းကိုစွန့်ခွာ တပ်ဆုတ် သွားတဲ့အတွက် ကျန်ခဲ့တဲ့ စခန်းတဲတွေ ကို မီးရှို့ဖျက်စီးကာ သွားရောက်သိမ်းဆည်းလိုက် တာဖြစ်တယ်လို့ KNLA တပ်မဟာ (၅) ပြောခွင့်ရ ဖဒိုမန်းမန်း က ပြောပါ တယ် ။

“ညကတည်း က စခန်း ကို ဆုတ်သွားတာဖြစ် ပါတယ် ။ ဘာပစ်ခတ်မှု မရှိပါဘူး ။ ပတ်ပတ်လည် မှာ အကုန်ဝိုင်းထားခံရတော့ ထိုင်းဘက်ခြမ်း ကို ကူးပြီး အနီးမှာရှိတဲ့ သူတို့ရဲ့ မယ်ခါးထာစခန်းဖက် ကို ပြန်သွားဖို့များ ပါတယ် ” ဟု နယ်ခံတစ်ဦးက ပြောသည် ။

Phot-4
Phot-6

အဆိုပါ ဆုတ်ခွာသွားသည့် စခန်းကို ယနေ့နံနက် ၉နာရီခန့် တွင် ကေအဲန်ယူတပ်မဟာ ၅ တပ်ဖွဲ့ဝင်သွားရောက်ရှင်းလင်းမှု လုပ်ဆောင်ရွာ လက်နက်ကြီး ကျည်အဟောင်းတစ်ချို့သာ တွေ့မြင်ရသည်ဟု ၎င်း နယ်ခံက ပြောသည်။

အဆိုပါ ဥသုတ ခြေကုတ်စခန်းတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ဦး ကျော်သာ စခန်းထိုင်သည်ဟု သိရ သည် ။

Phot-7

အူသူးထာ စစ်စခန်းဟာ ပြီး ခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့က KNU တပ်မဟာ (၅) တိုက်ခိုက်သိမ်းယူ လိုက်တဲ့ သောလယ်ထာ့ စစ်စခန်း နဲ့ နှစ်မိုင် ဝန်းကျင်ခန့် အကွာအဝေး မှာ တည်ရှိတဲ့ တပ်စခန်းခွဲ တစ်ခုဖြစ် တယ် လို့ သိရ ပါတယ် ။

Zawgyi

၂၀၂၁ ခုနှစ် မေလ (၇) ရက်









Leave a Reply

Your email address will not be published. Required fields are marked *