ထိုင်ဝမ်-အမေရိကန် လက်နက်ရောင်းဝယ်မှု သဘောတူညီချက်ကြောင့် အကြပ်ရိုက်ရတော့မယ့် တရုတ်ကြီး

Posted on

ထိုင်ဝမ် အတွက် အမေရိကန် ၏ မပြီးပြတ်သေးေ သာလ က်နက်ရော င်းဝယ်မှု သဘော တူညီချက်သည် ကိုယ်ပိုင်အု ပ်ချုပ်ခွင့်ရကွ ျန်းအပေါ် တရုတ်ပြည်သူ့ လွတ်မြောက်ေ ရးတပ် (PLA) ၏ အလားအလာ ရှိသော စစ်ရေးလှုပ် ရှားမှုကို ရှုပ်ထွေးစေနို င်သည်ဟု စစ်ရေးလေ့ လာသုံးသပ်သူတ စ်ဦးက ဆိုသည်။

နိုဝင်ဘာတွင်ကျ င်းပမည့် အမေရိကန်သ မ္မတရွေးေ ကာက်ပွဲနီး ကပ်လာချိန်တွင် ဒေါ်နယ်ထရမ့်အစိုးရက လက်နက်ရော င်းဝယ်မှု သဘောတူညီချက်ကို ကွန်ဂရက်သို့ ပေးပို့တ င်ပြထားပြီး မကြာမီခွင့်ပြုချက် ရလိမ့်မည်ဟု မျှော်လင့်ရကြောင်း ရိုက်တာနှင့် ကာကွယ်ရေး ဌာနသတင်းများအ ရသိရသည်။

ထိုင်ဝမ်-အမေရိကန် လက်နက်ရောင်းဝယ်မှု သဘောတူညီချက်ကြောင့် အကြပ်ရိုက်ရတော့မယ့် တရုတ်ကြီး

သဘောတူညီ ချက်တွင် အမြန်ရွေ့လျားအမြော က်တပ်ဒုံး ကျည်စနစ်များ (HIMARS)၊ ဝေဟင်ပစ် ပဲ့ထိန်းခရု ဇ်ဒုံးကျည် (SLAM-ER) နှင့် F-16 တိုက်လေယာဉ် များအတွက် အာရုံခံကိရိ ယာများကို ထိုင်ဝမ်ဆီ ရောင်းချရန် ပါဝင်သည်။

Lockheed Martin ကုမ္ပဏီမှထုတ် လုပ်သည့် HIMARS ဒုံးကျည်စနစ် များသည် ဂျီပီအက်စ် ပဲ့ထိန်းမှုဖြင့် 227 mm ဒုံးကျည်ခြောက်စင်းပစ်လွှတ်နိုင်သော ထရပ်ကားတင် အပေါ့စားဒုံးေ လာင်ချာဖြစ်သည်။ အဆိုပါဒုံးေ လာင်ချာသည် အကွာအဝေး ၃၀၀ ကီလိုမီတာ (၁၈၆ မိုင်) အထိ တာသွားသော MGM-140 မြေပြင်ပစ်ဒုံးစနစ် ကိုလည်း ပစ်ခတ်နိုင်သည်။

Boeing မှ ထုတ်လု ပ်သော SLAM-ER သည် မြေပြင်မှ ဝေဟင် တာဝေးပစ် ပဲ့ထိန်းခရုဇ်ဒုံး ကျည်ဖြစ်ပြီး ၃၇ ကီလိုမီတာ (၂၃ မိုင်) အကွာအဝေးမှနေ၍ မြေပြင် သို့မဟုတ် ပင်လယ်ပြင်ရှိ လှုပ်ရှားသွားလာနေသော သို့မဟုတ် အခြေစို က်နေသော ပစ်မှ တ်များကိုတိုက်ခိုက်ရန် တိုက်လေယာဉ်များဖြင့် သယ်ဆောင်သွားနိုင်သည်။ SLAM-ER ခရုဇ်ဒုံးကျည်သည် အလေးချိန် ၂၇၄ ကီလိုဂရမ် (၆၀၄ ပေါင် )အလေးချိန်ရှိ ကျည်ထိပ်ဖူးများကို သယ်ဆောင်နိုင်ပြီး ဂျီပီအက်စ်နှင့် အနီအောက်ရောင်ခြည် ပုံရိပ်များဖြင့် လမ်းညွှန်နိုင်ကာ ၂၈၀ ကီလိုမီတာ (၁၇၃ မိုင်) အကွာအဝေးထိ တာသွားသည်။

ထိုင်ဝမ်-အမေရိကန် လက်နက်ရောင်းဝယ်မှု သဘောတူညီချက်ကြောင့် အကြပ်ရိုက်ရတော့မယ့် တရုတ်ကြီး

ထိုင်ဝမ် F 16 A/B တိုက်လေယာဉ် များတွင်တပ်ဆ င်မည့် အာရုံခံကိရိ ယာသည် တိုက်ေ လယာဉ်များမှတစ်ဆင့် ရုပ်ပုံများနှင့်အ ချက်အလက်များကို အချိန်နှင့်တပြေးညီ မြေပြင်စခန်း များသို့ ပြန်ပို့ပေးနိုင်မည်ဖြစ်ပြီး ပစ်မှတ်ကိုထိမှ န်နိုင်ရန် လေယာဉ်၏ ခွဲခြမ်းစိတ်ဖြာနိုင်မှု စွမ်းရည်ကို ပိုမိုကောင်းမွန်စေသည်။

MQ-9B တိုက်ခိုက်ေ ရးဒုံး ကဲ့သို့သော မောင်းသူမဲ့ အကြီးစားလေယာဉ်များ၊ မြေပြင်အခြေစိုက် Harpoon သငေ်္ဘာဖျက်ဒုံးကျည်နှင့် ခေတ်မီရေအော က်မိုင်းများအပါအ ဝင် တခြားလက်နက် လေးမျိုး ကိုပါ ထိုင်ဝမ်ကို ရောင်းရန် အဆိုပြုထားသည်။

“ဒီလက်နက်တွေဟာ တိုက်စစ်ဆင်လက် နက်တွေဖြစ် ပြီး PLA တပ်ဖွဲ့ ထိုင်ဝမ်မှာ စစ်ရေးလေ့ ကျင့်ချိန်၊ ရေလက်ကြားဖြတ်နေတုန်း တရုတ်ရဲ့ ရေယာဉ်တွေ ဒါမှမဟုတ် ပြည်မကြီးကမ်းရိုးတန်းကမထွက်ခွာခင် PLA စုဝေးရာအရပ်ေ ဒသတွေကို တိုက်ခိုက်ရာမှာ အသုံးပြုနိုင်ပါတယ်” ဟု ဟောင်ကောင်က စစ်ဘက်ရေးရာသုံးသပ်သူ Song Zhongping က ပြောသည်။

ဤလက်နက်များသည် သီအိုရီအရ PLA ကို အနှောင့်အ ယှက်အချို့ ဖြစ်ေ စနိုင်သော်လည်း လက်နက်များ၏သက်ရောက်မှုကိုလျှော့ချရန် ဒုံးကျည်နှင့် အာရုံခံကိရိယာများ သယ်ဆောင်ထားသည့် မြေပြင်ရှိတို က်လေယာဉ်များ ကို မထွက်ခွါမီတိုက်ခိုက်ြ ခင်းကဲ့သို့သော ထိရောက်ေ သာတန်ပြန်စီမံချက်များလည်း ရှိကြောင်းနှင့် ထိုင်ဝမ်အတွက် လက်နက်ရနိုင်မှု အကန့်အသတ်ရှိနိုင်သဖြင့် ရေလက်ကြား တစ်လျှောက် စစ်အင်အားချိန် ခွင်လျှာမှာ မပြောင်းလဲနိုင်ကြောင်း Song က ပြောသည်။

တရုတ်က အမေရိကန်-ထိုင်ဝမ် လက်နက်သဘော တူညီချက်သည် ၎င်းတို့၏ အချုပ်အခြာအာ ဏာနှင့်လုံခြုံရေးကို အကြီးအကျယ် ထိခိုက်ပျက်စီးစေကြောင်း ပြောဆိုကာ စိတ်ဆိုးဒေါသထွက် လျက်ရှိပြီး လက်တုံ့ပြန်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

ထိုင်ဝမ်-အမေရိကန် လက်နက်ရောင်းဝယ်မှု သဘောတူညီချက်ကြောင့် အကြပ်ရိုက်ရတော့မယ့် တရုတ်ကြီး

လိုအပ်ပါက တရုတ်ပြည် မကြီးနှင့် ပြန်လည်ပေါင်းစ ည်းမည်ဟု သန္နိဋ္ဌာန်ပြုထားသည့် ထိုင်ဝမ် ကို တရုတ်က ခွဲထွက်ပြည်နယ်အဖြစ် ယူဆထားသည်။ ထို့ကြောင့် အမေရိကန်လက်နက်ရောင်းချမှုအပေါ် တရုတ်၏ စိတ်ဆိုးဒေါသ ထွက်မှုသည် တိုင်ပေနှင့်ဝါရှင်တ န်အကြား နီးကပ်သောစစ်ရေးဆက်ဆံမှုကြောင့်သာမက အဆိုပါ လက်နက်များ၏ ထိုးစစ်သဘော သဘာဝများကြောင့်လည်းဖြစ်နိုင်ကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။

အမေရိကန် သည် ၁၉၇၉ ခုနှစ်က သံတမန်ရေး အသိအမှတ်ပြုမှုကို ထိုင်ဝမ်မှ တရုတ်သို့ ပြောင်းလဲခဲ့ချိန်တွင် ထိုင်ဝမ်သို့ လက်နက်တင်ပို့မှုကန့်သတ်ရန် သဘောတူညီခဲ့သော်လည်း တစ်ချိန် တည်းမှာပင် ထိုင်ဝမ်ဆက်ဆံရေးအ က်ဥပဒေအရ အမေရိကန်အစိုးရသည် ထိုင်ဝမ်အား ကာကွယ်ရေးဆိုင်ရာနည်းစနစ်များ ထောက်ပံ့ရန် သတ်မှတ်ပြဋ္ဌာ န်းထားသည်။

ထရမ့်အစိုးရသည် မကြာသေး မီနှစ်များအတွင်း ထိုင်ဝမ်သို့ လက်နက်များရောင်းချမှု အရှိန်မြှင့်တင်ခဲ့သည်ကို တရုတ်က အမြဲတစေ ဆန့်ကျင်ကန့်ကွက်ခဲ့သည်။

Mizzima

ထိုင်ဝမ် အတွက် အမေရိကန် ၏ မပြီးပြတ်သေးေ သာလ က်နက်ရော င်းဝယ်မှု သဘော တူညီချက်သည် ကိုယ်ပိုင်အု ပ်ချုပ်ခွင့်ရကျွန်းအပေါ် တရုတ်ပြည်သူ့ လွတ်မြောက်ေ ရးတပ် (PLA) ၏ အလားအလာ ရှိသော စစ်ရေးလှုပ် ရှားမှုကို ရှုပ်ထွေးစေနို င်သည်ဟု စစ်ရေးလေ့ လာသုံးသပ်သူတ စ်ဦးက ဆိုသည်။






MQ-9B တိုက်ခိုက်ေ ရးဒုံး ကဲ့သို့သော မောင်းသူမဲ့ အကြီးစားလေယာဉ်များ၊ မြေပြင်အခြေစိုက် Harpoon သင်္ဘောဖျက်ဒုံးကျည်နှင့် ခေတ်မီရေအော က်မိုင်းများအပါအ ဝင် တခြားလက်နက် လေးမျိုး ကိုပါ ထိုင်ဝမ်ကို ရောင်းရန် အဆိုပြုထားသည်။







Mizzima

Leave a Reply

Your email address will not be published. Required fields are marked *