ထိုင်ဝမ် လွတ်လပ်ရေး ကြိုးပမ်းမှု မှန်သမျှ သည် စစ်ပွဲသို့ ဦးတည် လိမ့်မည် ဟု တရုတ် က ကြေညာ

Posted on

မကြာသေးမီ က ကျွန်းအနီး တွင် ဖြစ်ပွားခဲ့သော စစ်ရေးအရ ထိပ်တိုက်တွေ့မှုများ အပြီး တွင် တရုတ်သည် ထိုင်ဝမ်အပေါ် တင်းမာသော စကားလုံးများ အသုံးပြုခဲ့သည်။

သမ္မတ ဆိုင်ယင်ဝမ်

သမ္မတ ဆိုင်ယင်ဝမ် ၎င်းတို့သည် တရားဝင် အမည် တရုတ် သမ္မတနိုင်ငံဟု ခေါ်သည့် လွတ်လပ်သော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ထပ်ခါ တလဲလဲ ပြောကြားခဲ့သော်လည်း တရုတ်ကမူ ထိုင်ဝမ် ၏ ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ထားသော အစိုးရ သည် ကျွန်း ကို တရားဝင်လွတ်လပ်ရေး ကြေညာရန် လှုံ့ဆော်နေသည်ဟု ယုံကြည် သည်။

တရုတ် သမ္မတ

တရုတ် သည် ဒေသတွင်း ရန်စမှုနှင့် နိုင်ငံခြားရေး ဝင်ရောက် စွက်ဖက်မှုများအား တုန့်ပြန်ရန် ၎င်း ၏ လက်နက်ကိုင် တပ်ဖွဲ့များသည် အရေးယူဆောင်ရွက်နေကြောင်း ပြောကြားသွား ခဲ့သည်။

လေတပ် ၏ လတ်တလော လုပ်ဆောင်မှုများနှင့် ပတ်သက် ၍ လစဉ် သတင်းရှင်းလင်းပွဲ တစ်ခု တွင် တရုတ် ကာကွယ်ရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ ဝူချန်က ထိုင်ဝမ်သည် တရုတ်၏ ခွဲမရသော အစိတ်အပိုင်း တစ်ခုဖြစ်သည်ဟုဆိုသည်။

ထိုင်ဝမ်

“ထိုင်ဝမ်ရေလက်ကြား မှ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က ပြုလုပ်ခဲ့တဲ့ စစ်ရေးလှုပ်ရှားမှုတွေက ထိုင်ဝမ်ရေလက်ကြား လက်ရှိလုံခြုံရေးအခြေအနေကို ဖြေရှင်းဖိုနဲ့ အမျိုးသား အချုပ်အခြာအာဏာ နဲ့ လုံခြုံရေးကို ကာကွယ်ဖို့ လိုအပ်တဲ့ အရေးယူဆောင်ရွက်ချက်တွေဖြစ် တယ်”ဟု သူက ပြောကြားခဲ့သည်။

“ဒါတွေက ထိုင်ဝမ် လွတ်လပ်ရေး တပ်ဖွဲ့တွေရဲ့ ပြင်ပ ဝင်ရောက်စွက်ဖက်မှုနဲ့ ရန်စမှုတွေ ကို အလေးအနက်ထားတဲ့ တုန့်ပြန်မှုဖြစ်တယ် ” ဟု သူက ထပ်လောင်းပြောကြားခဲ့သည်။

တရုတ်၏ ကျူးကျော်မှုသည် “ ပင်လယ်ပြင် လွတ်လပ်ခွင့် ” အား မြှင့်တင်ရန် အငြင်းပွားနေသော တောင်တရုတ် ပင်လယ်ထဲ ဝင်နေသော အမေရိကန် လေယာဉ် တင်သငေ်္ဘာ အုပ်စုနှင့် တိုက်ဆိုင်နေ သည်။

မစ္စတာဝူက ထိုင်ဝမ်ရှိ လူအနည်းငယ် သည် ကျွန်း ၏ လွတ်လပ်ရေး ကို ရှာဖွေနေကြသည်ဟု ပြောကြား ခဲ့သည်။

china navy

“ထိုင်ဝမ် လွတ်လပ်ရေး လက္ခဏာတွေ ကို သတိပေး ပါတယ် ။ မီး နဲ့ ကစားသူတွေက သူတို့ ကိုယ်တိုင် မီးလောင် လိမ့်မယ် ။ ‘ထိုင်ဝမ် လွတ်လပ်ရေး’ဆိုတာ စစ်ပွဲကို ဆိုလိုတာဖြစ်တယ် ” ဟု သူက ထပ်လောင်းပြောကြား ခဲ့သည် ။

ထိုင်ဝမ်ဒီမိုကရက်တစ်သည် တရုတ် ၏ ခြိမ်းခြောက်မှုများနှင့် ခြိမ်းခြောက်ရန် ကြိုးပမ်းမှုများ ကို ရှုတ်ချခဲ့ပြီး မစ္စဆိုင်ယင်ဝမ်ကကျွန်း ၏ လွတ်လပ်ခွင့် ကို ကာကွယ်ရန်နှင့် အတင်းအဓမ္မ ခိုင်းစေမခံရစေရန် ကတိပြု ခဲ့သည်။

တရုတ်သည် ထိုင်ဝမ်အား အမေရိကန်နှင့် ဆက်ဆံရေး တွင် အရေးကြီးဆုံးနှင့် အထိခိုက်မခံသော ပြဿနာအဖြစ် ဖော်ပြလေ့ ရှိသည်။ ယခင် ထရမ့် အစိုးရသည် လက်နက်ရောင်းချခြင်းနှင့် တိုင်ပေသို့ အကြီးတန်း အရာရှိများ သွားရောက် လည်ပတ်ခြင်းဖြင့် ကျွန်းနိုင်ငံအား အထောက်အပံ့ပေး ခဲ့သည် ။

Mizzima News

Zawgyi

မၾကာေသးမီ က ကြၽန္းအနီး တြင္ ျဖစ္ပြားခဲ့ေသာ စစ္ေရးအရ ထိပ္တိုက္ေတြ႕မႈမ်ား အၿပီး တြင္ တ႐ုတ္သည္ ထိုင္ဝမ္အေပၚ တင္းမာေသာ စကားလုံးမ်ား အသုံးျပဳခဲ့သည္။

သမၼတ ဆိုင္ယင္ဝမ္ ၎တို႔သည္ တရားဝင္ အမည္ တ႐ုတ္ သမၼတနိုင္ငံဟု ေခၚသည့္ လြတ္လပ္ေသာ နိုင္ငံတစ္နိုင္ငံျဖစ္ေၾကာင္း ထပ္ခါ တလဲလဲ ေျပာၾကားခဲ့ေသာ္လည္း တ႐ုတ္ကမူ ထိုင္ဝမ္ ၏ ဒီမိုကေရစီနည္းအရ ေ႐ြးေကာက္တင္ျမႇောက္ထားေသာ အစိုးရ သည္ ကြၽန္း ကို တရားဝင္လြတ္လပ္ေရး ေၾကညာရန္ လႈံ႕ေဆာ္ေနသည္ဟု ယုံၾကည္ သည္။

တ႐ုတ္ သည္ ေဒသတြင္း ရန္စမႈႏွင့္ နိုင္ငံျခားေရး ဝင္ေရာက္ စြက္ဖက္မႈမ်ားအား တုန႔္ျပန္ရန္ ၎ ၏ လက္နက္ကိုင္ တပ္ဖြဲ႕မ်ားသည္ အေရးယူေဆာင္႐ြက္ေနေၾကာင္း ေျပာၾကားသြား ခဲ့သည္။

ေလတပ္ ၏ လတ္တေလာ လုပ္ေဆာင္မႈမ်ားႏွင့္ ပတ္သက္ ၍ လစဥ္ သတင္းရွင္းလင္းပြဲ တစ္ခု တြင္ တ႐ုတ္ ကာကြယ္ေရးဝန္ႀကီး ဌာန ေျပာေရးဆိုခြင့္ရွိသူ ဝူခ်န္က ထိုင္ဝမ္သည္ တ႐ုတ္၏ ခြဲမရေသာ အစိတ္အပိုင္း တစ္ခုျဖစ္သည္ဟုဆိုသည္။

“ထိုင္ဝမ္ေရလက္ၾကား မွ တ႐ုတ္ျပည္သူ႕လြတ္ေျမာက္ေရး တပ္မေတာ္က ျပဳလုပ္ခဲ့တဲ့ စစ္ေရးလႈပ္ရွားမႈေတြက ထိုင္ဝမ္ေရလက္ၾကား လက္ရွိလုံၿခဳံေရးအေျခအေနကို ေျဖရွင္းဖိုနဲ႕ အမ်ိဳးသား အခ်ဳပ္အျခာအာဏာ နဲ႕ လုံၿခဳံေရးကို ကာကြယ္ဖို႔ လိုအပ္တဲ့ အေရးယူေဆာင္႐ြက္ခ်က္ေတြျဖစ္ တယ္”ဟု သူက ေျပာၾကားခဲ့သည္။

“ဒါေတြက ထိုင္ဝမ္ လြတ္လပ္ေရး တပ္ဖြဲ႕ေတြရဲ႕ ျပင္ပ ဝင္ေရာက္စြက္ဖက္မႈနဲ႕ ရန္စမႈေတြ ကို အေလးအနက္ထားတဲ့ တုန႔္ျပန္မႈျဖစ္တယ္ ” ဟု သူက ထပ္ေလာင္းေျပာၾကားခဲ့သည္။

တ႐ုတ္၏ က်ဴးေက်ာ္မႈသည္ “ ပင္လယ္ျပင္ လြတ္လပ္ခြင့္ ” အား ျမႇင့္တင္ရန္ အျငင္းပြားေနေသာ ေတာင္တ႐ုတ္ ပင္လယ္ထဲ ဝင္ေနေသာ အေမရိကန္ ေလယာဥ္ တင္သေင္ၻာ အုပ္စုႏွင့္ တိုက္ဆိုင္ေန သည္။

မစၥတာဝူက ထိုင္ဝမ္ရွိ လူအနည္းငယ္ သည္ ကြၽန္း ၏ လြတ္လပ္ေရး ကို ရွာေဖြေနၾကသည္ဟု ေျပာၾကား ခဲ့သည္။

“ထိုင္ဝမ္ လြတ္လပ္ေရး လကၡဏာေတြ ကို သတိေပး ပါတယ္ ။ မီး နဲ႕ ကစားသူေတြက သူတို႔ ကိုယ္တိုင္ မီးေလာင္ လိမ့္မယ္ ။ ‘ထိုင္ဝမ္ လြတ္လပ္ေရး’ဆိုတာ စစ္ပြဲကို ဆိုလိုတာျဖစ္တယ္ ” ဟု သူက ထပ္ေလာင္းေျပာၾကား ခဲ့သည္ ။

ထိုင္ဝမ္ဒီမိုကရက္တစ္သည္ တ႐ုတ္ ၏ ၿခိမ္းေျခာက္မႈမ်ားႏွင့္ ၿခိမ္းေျခာက္ရန္ ႀကိဳးပမ္းမႈမ်ား ကို ရႈတ္ခ်ခဲ့ၿပီး မစၥဆိုင္ယင္ဝမ္ကကြၽန္း ၏ လြတ္လပ္ခြင့္ ကို ကာကြယ္ရန္ႏွင့္ အတင္းအဓမၼ ခိုင္းေစမခံရေစရန္ ကတိျပဳ ခဲ့သည္။

တ႐ုတ္သည္ ထိုင္ဝမ္အား အေမရိကန္ႏွင့္ ဆက္ဆံေရး တြင္ အေရးႀကီးဆုံးႏွင့္ အထိခိုက္မခံေသာ ျပႆနာအျဖစ္ ေဖာ္ျပေလ့ ရွိသည္။ ယခင္ ထရမ့္ အစိုးရသည္ လက္နက္ေရာင္းခ်ျခင္းႏွင့္ တိုင္ေပသို႔ အႀကီးတန္း အရာရွိမ်ား သြားေရာက္ လည္ပတ္ျခင္းျဖင့္ ကြၽန္းနိုင္ငံအား အေထာက္အပံ့ေပး ခဲ့သည္ ။

Mizzima News

Leave a Reply

Your email address will not be published. Required fields are marked *