ထိုင်ဝမ် နဲ့ “ပြန်လည်ပေါင်းစည်းရေး” ဖြစ်အောင် လုပ်ရမယ် လို့ တရုတ်သမ္မတပြော

Posted on

တရုတ်-ထိုင်ဝမ် တင်းမာမှုတွေ ဆက်မြင့်တက်နေချိန်မှာပဲ တရုတ်သမ္မတ ရှီကျင့်ဖျင်က ထိုင်ဝမ်နဲ့ “ပြန်လည်ပေါင်းစည်းရေး” ဟာ ဖြစ်မြောက်အောင် လုပ်ရမယ့်ကိစ္စ ဖြစ်တယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

တရုတ်-ထိုင်ဝမ် ပေါင်းစည်းနိုင်ရေးကို ငြိမ်းချမ်းတဲ့ နည်းနဲ့ ဖော်ဆောင်ရမှာဖြစ်ပေမဲ့ တရုတ်ပြည်သူတွေဟာ ခွဲထွက်ရေးဝါဒကို ဆန့်ကျင်တဲ့ “ အစဉ်အလာကောင်းကြီးတစ်ခု”ကို လက်ကိုင်ထားထားတယ်လို့ မစ္စတာ ရှီက သတိပေးခဲ့ပါတယ်။

ထိုင်ဝမ်အစိုးရကတော့ ထိုင်ဝမ်ရဲ့ အနာဂါတ်ဟာ သူတို့ပြည်သူတွေရဲ့ လက်ထဲမှာပဲ ရှိတယ်ဆိုပြီး ပြန်တုံ့ပြန်ခဲ့ပါတယ်။

ထိုင်ဝမ်ဟာ သူတို့ကိုယ်သူတို့ အချုပ်အချာ အာဏာပိုင်နိုင်ငံအဖြစ် ယူဆထားပေမယ့် တရုတ်အစိုးရကတော့ ထိုင်ဝမ်ကို ခွဲထွက်သွားတဲ့ ပြည်နယ်တခု အနေနဲ့သာ သတ်မှတ်ထားပါတယ်။

တရုတ်အစိုးရဟာ ထိုင်ဝမ်နဲ့ ပေါင်းစည်းနိုင်ဖို့ အင်အားသုံးကောင်း သုံးရေးကို ထည့်မတွက်ဘဲ နေမှာမဟုတ်ဘူးလို့ ပြေထားပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ထိုင်ဝမ် လေကြောင်းကာကွယ်ရေးဇုန်ထဲကို တရုတ်အစိုးရက စံချိန်တင် ရလောက်အောင် တိုက်လေယာဉ်အများအပြား စေလွှတ်ခဲ့အပြီးမှာ မစ္စတာရှီက အခုလို ထိုင်ဝမ်ကိစ္စကို ကိုယ်တိုင် ဝင်ရောက် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၁၀ ရက်နေ့မှာ ကျင်းပမယ့် ထိုင်ဝမ်အမျိုးသားနေ့ မတိုင်ခင်မှာ ထိုင်ဝမ်သမ္မတကို သတိပေးလိုတဲ့ သဘောနဲ့ တရုတ်အစိုးရက အခုလို တိုက်လေယာဉ်တွေ စေလွှတ်ခဲ့တာလို့ နိုင်ငံရေးသုတေသီတချို့က သုံးသပ်ပါတယ်။

ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးကတော့ တရုတ်နဲ့ ဆက်ဆံရေး တင်းမာမှုက အနှစ် ၄၀ အတွင်းမှာ အဆိုးဆုံး အနေအထား ဖြစ်နေတယ်လို့ ပြောဆိုထားပါတယ်။

ဒါပေမဲ့ မစ္စတာရှီရဲ့ ထိုင်ဝမ်နဲ့ ပတ်သက်ပြီး အခုလို ပြောကြားမှုဟာ ဇူလိုင်လတုန်းက ပြောဆိုခဲ့တာနဲ့ ယှဉ်ရင် ကြေအေး စေ့စပ်လိုတဲ့ သဘော ပိုပါနေတာ တွေ့ရမှာပါ။ ဇူလိုင်လတုန်းကတော့ ထိုင်ဝမ်ရဲ့ တရားဝင် လွတ်လပ်ရေးရဖို့ ကြိုးစားမှုမှန်သမျှကို “ချေမွှပစ်မယ်” ဆိုပြီး သူက ပြောခဲ့တာ ဖြစ်ပါတယ်။

ကြေအေး စေ့စပ်လို တဲ့ သဘော ပိုပါတဲ့ ဒီပြောကြားမှုကို မစ္စတာရှီက ၁၉၁၁ ခုနှစ်က တရုတ်နိုင်ငံရဲ့ နောက်ဆုံး အင်ပါယာမင်း မျိုးဆက်ကို ဖြုတ်ချ တော်လှန်မှု အနှစ် ၁၁၀ ပြည့် အခမ်းအနားမှာ ပြောခဲ့တာပါ။

အခုလို ပြောကြားရာမှာ မစ္စတာ ရှီက တရုတ်-ထိုင်ဝမ် ပေါင်းစည်းရေး ကိစ္စ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ပေါ်လာဖို့ဆိုတာဟာ ထိုင်ဝမ်ပြည် သူတွေနဲ့တကွ တရုတ်ပြည်သူတွေအားလုံးရဲ့ အကျိုးစီးပွားနဲ့ တထပ်တည်း အကျဆုံး ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ တရုတ်ပြည်သူတွေရဲ့ နိုင်ငံ အချုပ်အချာအာဏာနဲ့ နယ်နမိတ် လုံခြုံရေးကို ကာကွယ်လိုတဲ့ တစိုက်မတ်မတ် စိတ်ပိုင်းဖြတ်မှု၊ ခိုင်မာတဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုနဲ့ သန်မာတဲ့ စွမ်းရည်တို့ကို ဘယ်သူမှ လျှော့မတွက်သင့်ဘူးလို့လည်း မစ္စတာ ရှီက ပြောသွားခဲ့ပါတယ်။

“တရုတ်နိုင်ငံတော် အမိမြေကြီး အပြည့်အဝ ပြန်လည်ပေါင်းစည်းရေး သမိုင်းပေးတာဝန်ဟာ မဖြစ်မနေ ဖြည့်ဆည်းရမယ့် တာဝန်ဖြစ်ပြီး ဖြည့်ဆည်းလာနိုင်ဖို့ သေချာတဲ့ ကိစ္စတခုလည်း ဖြစ်တယ်” လို့ မစ္စတာရှီက ထပ်မံ ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

မစ္စတာရှီက ဒီပေါင်းစည်းရေးကိစ္စဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတခု ဖြစ်ပေမယ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် များများရတဲ့ ဟောင်ကောင်လိုပဲ စနစ်နှစ်သွယ် တနိုင်ငံ ဆိုတဲ့ မူဝါဒအောက်မှာ ဖြစ်ပေါ်လာတာကို သူ့အနေနဲ့ တွေ့မြင်လိုတယ်လို့လည်း ပြောခဲ့ပါတယ်။

ဒါပေမဲ့ ထိုင်ဝမ်သမ္မတ ရုံးကတော့ ထိုင်ဝမ်လူထု သဘောထားက စနစ်နှစ်သွယ် တနိုင်ငံ မူဝါဒကို ပြတ်ပြတ်သားသား ပယ်ချထားပြီး ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ထိုင်ဝမ်ရဲ့ တရုတ်ပြည်မကြီးဆိုင်ရာ ကောင်စီက သီးခြားထုတ်ပြန်တဲ့ ကြေညာချက်တခုမှာတော့ တရုတ်နိုင်ငံအနေနဲ့ သူတို့ရဲ့ ရန်လိုတဲ့ ကျူးကျော်မှု၊ ဖိအားပေး နှောင့်ယှက်မှုနဲ့ ဖျက်လိုဖျက်ဆီး လုပ်နေမှု အဆင့်ဆင့်တို့ကို လက်လျှော့ဖို့ တောင်းဆိုခဲ့ပါတယ်။

မြို့တော်ဘေဂျင်းမှာ မစ္စတာရှီ အခုလို ပြောဆိုတာတွေ မလုပ်ခင်ကလေးမှာပဲ ထိုင်ဝမ်အစိုးရအဖွဲ့ ခေါင်းဆောင် ဆူးကျန်းချန်က တရုတ်အစိုးရဟာ အင်အားတွေ ထုတ်ပြပြီး တင်းမာမှုတွေ လှုံ့ဆော်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။

တရုတ်နဲ့ထိုင်ဝမ် ဘာ့ကြောင့် ဆက်ဆံရေး မကောင်းသလဲ…။

တရုတ်နဲ့ ထိုင်ဝမ်တို့ဟာ ၁၉၄၀ ပြည့်လွန်နှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်အပြီး ကွဲသွားကြရာမှာ တချိန်ချိန်မှာ ထိုင်ဝမ်ကျွန်းကို လိုအပ်ရင် အင်အားသုံးပြီးတော့ပါ ပြန်လည် သိမ်းယူမယ်လို့ တရုတ်ဘက်က ပြောကြားထားပါတယ်။

ထိုင်ဝမ်က ဘယ်လိုအုပ်ချုပ်ရပ်တည်နေသလဲ…။

ထိုင်ဝမ်မှာ ကိုယ်ပိုင်ဖွဲ့စည်းပုံ အခြေခံဥပဒေရှိပြီး ဒီမိုကရေစီနည်းကျ တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေ ရှိသလို အမြဲတမ်း စစ်သည်အင်အား သုံးသိန်းခန့် ရှိပါတယ်။

ထိုင်ဝမ်ကို ဘယ်နိုင်ငံတွေက အသိအမှတ်ပြုသလဲ…။

နိုင်ငံအနည်းငယ်ကသာ ထိုင်ဝမ်ကို နိုင်ငံအဖြစ် အသိအမှတ်ပြုပြီး နိုင်ငံအများစုက ဘေဂျင်း အခြေစိုက် တရုတ်နိုင်ငံကိုသာ အသိအမှတ်ပြုပါတယ်။ အမေရိကန်နိုင်ငံကလည်း ထိုင်ဝမ်နဲ့ တရားဝင် ဆက်သွယ်မှု မရှိဘူး ဆိုပေမယ့် ထိုင်ဝမ်းကျွန်းက ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့အတွက် လိုအပ်တဲ့အရာတွေကို ထောက်ပံ့ဖို့ လိုအပ်တယ်ဆိုတဲ့ ဥပဒေပြဌာန်းချက်တော့ ရှိနေပါတယ်။

အခုလို တရုတ်နဲ့ ထိုင်ဝမ် အခြေအနေ လတ်တလော တင်းမာမှုတွေ ဖြစ်နေပေမယ့် ၁၉၉၆ မှာ ဖြစ်ခဲ့တဲ့ နှစ်နိုင်ငံ ဆက်ဆံရေးလောက်တော့ မဆိုးဝါးသေးဘူးလို့ ဆိုနိုင်ပါတယ်။

အဲဒီအချိန်ကဆိုရင် တရုတ်နိုင်ငံဟာ ဒုံးကျည်တွေ စမ်းသပ်ပြပြီး ထိုင်ဝမ် ရွေးကောက်ပွဲတွေကို နှောင့်ယှက်ဖို့ ကြိုးစားခဲ့ပြီး အမေရိကန်က ဒီလို ဖြစ်လာတာတွေကို တားဆီးဖို့ ရည်ရွယ်ချက်နဲ့ လေယာဉ်တင် သင်္ဘောတွေ အဲဒီ ဒေသတဝိုက်ကို စေလွှတ်ခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ စစ်အင်အားပြမှုတွေအပေါ် စိုးရိမ်ကြောင်း အနောက်နိုင်ငံတွေက ပြောကြားလာတာ တွေ ရှိနေတဲ့အချိန်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကတော့ မစ္စတာရှီအနေနဲ့ “ထိုင်ဝမ် သဘောတူညီချက်” အတိုင်း လိုက်နာဖို့ သဘောတူထားတယ်လို့ ပြောဆိုခဲ့ပါတယ်။

မစ္စတာ ဘိုင်ဒန်က အခုလို ပြောကြားခဲ့တဲ့ သဘောတူညီချက် ဆိုတာဟာ အမေရိကန်နိုင်ငံက ရေရှည် ဖော်ဆောင်လာခဲ့တဲ့ ထိုင်ဝမ်အစား တရုတ်နိုင်ငံကိုသာ အသိအမှတ်ပြုတဲ့ တရုတ်တနိုင်ငံ မူဝါဒကို ရည်ညွှန်းပုံရပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် အဲဒီ သဘောတူညီချက်အရ ထိုင်ဝမ်-အမေရိကန်အကြား တရားဝင်မဟုတ်တဲ့ ဆက်ဆံရေးကို ခိုင်ခိုင်မာမာ ထိန်းသိမ်းထားခွင့်လည်း ရှိနေပြီး ထိုင်ဝမ် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် အမေရိကန်က ကူညီရမယ် ဆိုပြီး ပြဌာန်းထားတဲ့ ထိုင်ဝမ် ဆက်ဆံရေး အက်ဥပဒေ ရဲ့ တစိတ်တပိုင်းအရ အမေရိကန်က ထိုင်ဝမ်ကို စစ်လက်နက်တွေလည်း ရောင်းချနေပါတယ်။

အမေရိကန်နိုင်ငံတော် လုံခြုံရေး အကြံပေး ဆူလီဗန်ကတော့ ထိုင်ဝမ်ရေလက်ကြားဒေသ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ယုတ်လျော့စေတဲ့ လုပ်ဆောင်မှု မှန်သမျှအတွက် အမေရိကန်နိုင်ငံက “ရပ်ခံ ပြောဆို” ပေးမှာ ဖြစ်တယ်လို့ ဘီဘီစီနဲ့ လတ်တလောပြုလုပ်ခဲ့တဲ့ မေးမြန်းခန်းတခုမှာ ပြောကြားထားပါတယ်။

Zawgyi Version

တ႐ုတ္-ထိုင္ဝမ္ တင္းမာမႈေတြ ဆက္ျမင့္တက္ေနခ်ိန္မွာပဲ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္က ထိုင္ဝမ္နဲ႔ “ျပန္လည္ေပါင္းစည္းေရး” ဟာ ျဖစ္ေျမာက္ေအာင္ လုပ္ရမယ့္ကိစၥ ျဖစ္တယ္လို႔ ထုတ္ေဖာ္ ေျပာၾကားလိုက္ပါတယ္။

တ႐ုတ္-ထိုင္ဝမ္ ေပါင္းစည္းနိုင္ေရးကို ၿငိမ္းခ်မ္းတဲ့ နည္းနဲ႔ ေဖာ္ေဆာင္ရမွာျဖစ္ေပမဲ့ တ႐ုတ္ျပည္သူေတြဟာ ခြဲထြက္ေရးဝါဒကို ဆန႔္က်င္တဲ့ “ အစဥ္အလာေကာင္းႀကီးတစ္ခု”ကို လက္ကိုင္ထားထားတယ္လို႔ မစၥတာ ရွီက သတိေပးခဲ့ပါတယ္။

ထိုင္ဝမ္အစိုးရကေတာ့ ထိုင္ဝမ္ရဲ့ အနာဂါတ္ဟာ သူတို႔ျပည္သူေတြရဲ့ လက္ထဲမွာပဲ ရွိတယ္ဆိုၿပီး ျပန္တုံ႔ျပန္ခဲ့ပါတယ္။

ထိုင္ဝမ္ဟာ သူတို႔ကိုယ္သူတို႔ အခ်ဳပ္အခ်ာ အာဏာပိုင္နိုင္ငံအျဖစ္ ယူဆထားေပမယ့္ တ႐ုတ္အစိုးရကေတာ့ ထိုင္ဝမ္ကို ခြဲထြက္သြားတဲ့ ျပည္နယ္တခု အေနနဲ႔သာ သတ္မွတ္ထားပါတယ္။

တ႐ုတ္အစိုးရဟာ ထိုင္ဝမ္နဲ႔ ေပါင္းစည္းနိုင္ဖို႔ အင္အားသုံးေကာင္း သုံးေရးကို ထည့္မတြက္ဘဲ ေနမွာမဟုတ္ဘူးလို႔ ေျပထားၿပီး ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္း ထိုင္ဝမ္ ေလေၾကာင္းကာကြယ္ေရးဇုန္ထဲကို တ႐ုတ္အစိုးရက စံခ်ိန္တင္ ရေလာက္ေအာင္ တိုက္ေလယာဥ္အမ်ားအျပား ေစလႊတ္ခဲ့အၿပီးမွာ မစၥတာရွီက အခုလို ထိုင္ဝမ္ကိစၥကို ကိုယ္တိုင္ ဝင္ေရာက္ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ေအာက္တိုဘာလ ၁၀ ရက္ေန႔မွာ က်င္းပမယ့္ ထိုင္ဝမ္အမ်ိဳးသားေန႔ မတိုင္ခင္မွာ ထိုင္ဝမ္သမၼတကို သတိေပးလိုတဲ့ သေဘာနဲ႔ တ႐ုတ္အစိုးရက အခုလို တိုက္ေလယာဥ္ေတြ ေစလႊတ္ခဲ့တာလို႔ နိုင္ငံေရးသုေတသီတခ်ိဳ႕က သုံးသပ္ပါတယ္။

ထိုင္ဝမ္ ကာကြယ္ေရးဝန္ႀကီးကေတာ့ တ႐ုတ္နဲ႔ ဆက္ဆံေရး တင္းမာမႈက အႏွစ္ ၄၀ အတြင္းမွာ အဆိုးဆုံး အေနအထား ျဖစ္ေနတယ္လို႔ ေျပာဆိုထားပါတယ္။

ဒါေပမဲ့ မစၥတာရွီရဲ့ ထိုင္ဝမ္နဲ႔ ပတ္သက္ၿပီး အခုလို ေျပာၾကားမႈဟာ ဇူလိုင္လတုန္းက ေျပာဆိုခဲ့တာနဲ႔ ယွဥ္ရင္ ေၾကေအး ေစ့စပ္လိုတဲ့ သေဘာ ပိုပါေနတာ ေတြ႕ရမွာပါ။ ဇူလိုင္လတုန္းကေတာ့ ထိုင္ဝမ္ရဲ့ တရားဝင္ လြတ္လပ္ေရးရဖို႔ ႀကိဳးစားမႈမွန္သမၽွကို “ေခ်မႊပစ္မယ္” ဆိုၿပီး သူက ေျပာခဲ့တာ ျဖစ္ပါတယ္။

ေၾကေအး ေစ့စပ္လို တဲ့ သေဘာ ပိုပါတဲ့ ဒီေျပာၾကားမႈကို မစၥတာရွီက ၁၉၁၁ ခုႏွစ္က တ႐ုတ္နိုင္ငံရဲ့ ေနာက္ဆုံး အင္ပါယာမင္း မ်ိဳးဆက္ကို ျဖဳတ္ခ် ေတာ္လွန္မႈ အႏွစ္ ၁၁၀ ျပည့္ အခမ္းအနားမွာ ေျပာခဲ့တာပါ။

အခုလို ေျပာၾကားရာမွာ မစၥတာ ရွီက တ႐ုတ္-ထိုင္ဝမ္ ေပါင္းစည္းေရး ကိစၥ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ျဖစ္ေပၚလာဖို႔ဆိုတာဟာ ထိုင္ဝမ္ျပည္ သူေတြနဲ႔တကြ တ႐ုတ္ျပည္သူေတြအားလုံးရဲ့ အက်ိဳးစီးပြားနဲ႔ တထပ္တည္း အက်ဆုံး ျဖစ္တယ္လို႔လည္း ေျပာၾကားခဲ့ပါတယ္။

ဒါေပမဲ့ တ႐ုတ္ျပည္သူေတြရဲ့ နိုင္ငံ အခ်ဳပ္အခ်ာအာဏာနဲ႔ နယ္နမိတ္ လုံျခဳံေရးကို ကာကြယ္လိုတဲ့ တစိုက္မတ္မတ္ စိတ္ပိုင္းျဖတ္မႈ၊ ခိုင္မာတဲ့ စိတ္ဓါတ္ႀကံ့ခိုင္မႈနဲ႔ သန္မာတဲ့ စြမ္းရည္တို႔ကို ဘယ္သူမွ ေလၽွာ့မတြက္သင့္ဘူးလို႔လည္း မစၥတာ ရွီက ေျပာသြားခဲ့ပါတယ္။

“တ႐ုတ္နိုင္ငံေတာ္ အမိေျမႀကီး အျပည့္အဝ ျပန္လည္ေပါင္းစည္းေရး သမိုင္းေပးတာဝန္ဟာ မျဖစ္မေန ျဖည့္ဆည္းရမယ့္ တာဝန္ျဖစ္ၿပီး ျဖည့္ဆည္းလာနိုင္ဖို႔ ေသခ်ာတဲ့ ကိစၥတခုလည္း ျဖစ္တယ္” လို႔ မစၥတာရွီက ထပ္မံ ျဖည့္စြက္ ေျပာၾကားခဲ့ပါတယ္။

မစၥတာရွီက ဒီေပါင္းစည္းေရးကိစၥဟာ တ႐ုတ္နိုင္ငံရဲ့ အစိတ္အပိုင္းတခု ျဖစ္ေပမယ့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ မ်ားမ်ားရတဲ့ ေဟာင္ေကာင္လိုပဲ စနစ္ႏွစ္သြယ္ တနိုင္ငံ ဆိုတဲ့ မူဝါဒေအာက္မွာ ျဖစ္ေပၚလာတာကို သူ႔အေနနဲ႔ ေတြ႕ျမင္လိုတယ္လို႔လည္း ေျပာခဲ့ပါတယ္။

ဒါေပမဲ့ ထိုင္ဝမ္သမၼတ ႐ုံးကေတာ့ ထိုင္ဝမ္လူထု သေဘာထားက စနစ္ႏွစ္သြယ္ တနိုင္ငံ မူဝါဒကို ျပတ္ျပတ္သားသား ပယ္ခ်ထားၿပီး ျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ထိုင္ဝမ္ရဲ့ တ႐ုတ္ျပည္မႀကီးဆိုင္ရာ ေကာင္စီက သီးျခားထုတ္ျပန္တဲ့ ေၾကညာခ်က္တခုမွာေတာ့ တ႐ုတ္နိုင္ငံအေနနဲ႔ သူတို႔ရဲ့ ရန္လိုတဲ့ က်ဴးေက်ာ္မႈ၊ ဖိအားေပး ေႏွာင့္ယွက္မႈနဲ႔ ဖ်က္လိုဖ်က္ဆီး လုပ္ေနမႈ အဆင့္ဆင့္တို႔ကို လက္ေလၽွာ့ဖို႔ ေတာင္းဆိုခဲ့ပါတယ္။

ၿမိဳ႕ေတာ္ေဘဂ်င္းမွာ မစၥတာရွီ အခုလို ေျပာဆိုတာေတြ မလုပ္ခင္ကေလးမွာပဲ ထိုင္ဝမ္အစိုးရအဖြဲ႕ ေခါင္းေဆာင္ ဆူးက်န္းခ်န္က တ႐ုတ္အစိုးရဟာ အင္အားေတြ ထုတ္ျပၿပီး တင္းမာမႈေတြ လႈံ႔ေဆာ္ေနတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

တ႐ုတ္နဲ႔ထိုင္ဝမ္ ဘာ့ေၾကာင့္ ဆက္ဆံေရး မေကာင္းသလဲ…။

တ႐ုတ္နဲ႔ ထိုင္ဝမ္တို႔ဟာ ၁၉၄၀ ျပည့္လြန္ႏွစ္ေတြမွာ ျဖစ္ပြားခဲ့တဲ့ ျပည္တြင္းစစ္အၿပီး ကြဲသြားၾကရာမွာ တခ်ိန္ခ်ိန္မွာ ထိုင္ဝမ္ကၽြန္းကို လိုအပ္ရင္ အင္အားသုံးၿပီးေတာ့ပါ ျပန္လည္ သိမ္းယူမယ္လို႔ တ႐ုတ္ဘက္က ေျပာၾကားထားပါတယ္။

ထိုင္ဝမ္က ဘယ္လိုအုပ္ခ်ဳပ္ရပ္တည္ေနသလဲ…။

ထိုင္ဝမ္မွာ ကိုယ္ပိုင္ဖြဲ႕စည္းပုံ အေျခခံဥပေဒရွိၿပီး ဒီမိုကေရစီနည္းက် တင္ေျမႇာက္ထားတဲ့ ေခါင္းေဆာင္ေတြ ရွိသလို အျမဲတမ္း စစ္သည္အင္အား သုံးသိန္းခန႔္ ရွိပါတယ္။

ထိုင္ဝမ္ကို ဘယ္နိုင္ငံေတြက အသိအမွတ္ျပဳသလဲ…။

နိုင္ငံအနည္းငယ္ကသာ ထိုင္ဝမ္ကို နိုင္ငံအျဖစ္ အသိအမွတ္ျပဳၿပီး နိုင္ငံအမ်ားစုက ေဘဂ်င္း အေျခစိုက္ တ႐ုတ္နိုင္ငံကိုသာ အသိအမွတ္ျပဳပါတယ္။ အေမရိကန္နိုင္ငံကလည္း ထိုင္ဝမ္နဲ႔ တရားဝင္ ဆက္သြယ္မႈ မရွိဘူး ဆိုေပမယ့္ ထိုင္ဝမ္းကၽြန္းက ကိုယ့္ကိုယ္ကို ကာကြယ္နိုင္ဖို႔အတြက္ လိုအပ္တဲ့အရာေတြကို ေထာက္ပံ့ဖို႔ လိုအပ္တယ္ဆိုတဲ့ ဥပေဒျပဌာန္းခ်က္ေတာ့ ရွိေနပါတယ္။

အခုလို တ႐ုတ္နဲ႔ ထိုင္ဝမ္ အေျခအေန လတ္တေလာ တင္းမာမႈေတြ ျဖစ္ေနေပမယ့္ ၁၉၉၆ မွာ ျဖစ္ခဲ့တဲ့ ႏွစ္နိုင္ငံ ဆက္ဆံေရးေလာက္ေတာ့ မဆိုးဝါးေသးဘူးလို႔ ဆိုနိုင္ပါတယ္။

အဲဒီအခ်ိန္ကဆိုရင္ တ႐ုတ္နိုင္ငံဟာ ဒုံးက်ည္ေတြ စမ္းသပ္ျပၿပီး ထိုင္ဝမ္ ေရြးေကာက္ပြဲေတြကို ေႏွာင့္ယွက္ဖို႔ ႀကိဳးစားခဲ့ၿပီး အေမရိကန္က ဒီလို ျဖစ္လာတာေတြကို တားဆီးဖို႔ ရည္ရြယ္ခ်က္နဲ႔ ေလယာဥ္တင္ သေဘၤာေတြ အဲဒီ ေဒသတဝိုက္ကို ေစလႊတ္ခဲ့ပါတယ္။

တ႐ုတ္နိုင္ငံရဲ့ စစ္အင္အားျပမႈေတြအေပၚ စိုးရိမ္ေၾကာင္း အေနာက္နိုင္ငံေတြက ေျပာၾကားလာတာ ေတြ ရွိေနတဲ့အခ်ိန္မွာ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ကေတာ့ မစၥတာရွီအေနနဲ႔ “ထိုင္ဝမ္ သေဘာတူညီခ်က္” အတိုင္း လိုက္နာဖို႔ သေဘာတူထားတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

မစၥတာ ဘိုင္ဒန္က အခုလို ေျပာၾကားခဲ့တဲ့ သေဘာတူညီခ်က္ ဆိုတာဟာ အေမရိကန္နိုင္ငံက ေရရွည္ ေဖာ္ေဆာင္လာခဲ့တဲ့ ထိုင္ဝမ္အစား တ႐ုတ္နိုင္ငံကိုသာ အသိအမွတ္ျပဳတဲ့ တ႐ုတ္တနိုင္ငံ မူဝါဒကို ရည္ညႊန္းပုံရပါတယ္။

ဘယ္လိုပဲ ျဖစ္ျဖစ္ အဲဒီ သေဘာတူညီခ်က္အရ ထိုင္ဝမ္-အေမရိကန္အၾကား တရားဝင္မဟုတ္တဲ့ ဆက္ဆံေရးကို ခိုင္ခိုင္မာမာ ထိန္းသိမ္းထားခြင့္လည္း ရွိေနၿပီး ထိုင္ဝမ္ ကိုယ့္ကိုယ္ကို ကာကြယ္ဖို႔အတြက္ အေမရိကန္က ကူညီရမယ္ ဆိုၿပီး ျပဌာန္းထားတဲ့ ထိုင္ဝမ္ ဆက္ဆံေရး အက္ဥပေဒ ရဲ့ တစိတ္တပိုင္းအရ အေမရိကန္က ထိုင္ဝမ္ကို စစ္လက္နက္ေတြလည္း ေရာင္းခ်ေနပါတယ္။

အေမရိကန္နိုင္ငံေတာ္ လုံျခဳံေရး အႀကံေပး ဆူလီဗန္ကေတာ့ ထိုင္ဝမ္ေရလက္ၾကားေဒသ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးကို ယုတ္ေလ်ာ့ေစတဲ့ လုပ္ေဆာင္မႈ မွန္သမၽွအတြက္ အေမရိကန္နိုင္ငံက “ရပ္ခံ ေျပာဆို” ေပးမွာ ျဖစ္တယ္လို႔ ဘီဘီစီနဲ႔ လတ္တေလာျပဳလုပ္ခဲ့တဲ့ ေမးျမန္းခန္းတခုမွာ ေျပာၾကားထားပါတယ္။

Leave a Reply

Your email address will not be published.