ထရမ့် နဲ့ ဘိုင်ဒင် ဘာလဲ….ဘယ်လဲ…..

Posted on

ထရ မ့်က သူ့ဘဝ တစ်လျောက်လုံး မိန်းမပျိုေ လးတွေကို မတော်မတ ရားလုပ် တာ နံမည်ကြီး ပါတယ်။ သူ့ဘဝတစ်ေ လျာက်လုံး တိုင်းပြည်အတွက် ဘာမှ လုပ်ခဲ့တဲ့သူ မဟုတ်ပါဘူး။ ဗီယက်နမ်စစ်ပွဲမှာ စစ်မှုမထမ်းမနေရ ဥပဒေကို အကြောင်းအ မျိုးမျိုးပြပြီး စစ်ထဲမဝင်ဘဲ ရှောင်တိ မ်းလာခဲ့တဲ့သူ။ အကြံအဖန်နည်းမျိုးစုံနဲ့ သူ့အတွက်သူဘဲ ချမ်းသာအောင် လုပ်ခဲ့တာပါ။ သူ့ကုမ္ပဏီဟာ ဒေဝါလီအကြိမ်ကြိမ် ခံခဲ့ရပါတယ်။ အခုလည်း သူ့ကြောင့် တိုင်းပြည် ချောက်ထဲကျနေပါပြီ။ သူ့ရဲ့ ကိုင်တွယ်ပုံ ညံ့ဖျင်းလို့ လူပေါင်း ၂သိန်းကျော် သေခဲ့ရပြီးပါပြီ။

သူသာကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့ရင် ဒီလောက် သေစရာအကြောင်းမရှိပါဘူး။ ကိုရီးယားတို့ ဂျပန်တို့မှာ ထောင်ဂဏန်းဘဲ သေပါတယ်။ အခု ဒုတိယလှိုင်းပြန်ဖြစ်လို့ ကူးစက်မှုတွေ စံချိန်တင်ဖြစ်ပွားနေတာကို ကိုးဗစ်ကို အဆုံးသတ်နိုင်ခဲ့ပြီလို့ ပြောင်ပြောင်တင်းတင်း လိမ်ညာပြီး မဲဆွယ်နေပါတယ်။ ထမင်းစားတဲ့သူတွေကတော့ သူ့ရဲ့ မိုးလုံးပြည့် မုသာဝါဒတွေကို မယုံကြတော့ပါဘူး။ လူစိတ်ရှိတဲ့ အမေရိကန်အများစုက သူ့ကို ဆန့်ကျင်နေကြတာ တော်တော် အားရဖို့ ကောင်းပါတယ်။ ကျနော့ စကားကို မှတ်ထားလိုက်ပါ။

ထရမ့် နဲ့ ဘိုင်ဒင် ဘာလဲ….ဘယ်လဲ…..

ဒီရွေးကောက်ပွဲမှာ ဘိုင်ဒန်က တောင်ပြိုကမ်းပြို နိုင်ရုံသာမက ဆီးနိတ်ရော၊ ကွန်ဂရက်ပါ ဒီမိုကရက်တွေ ပြန်ပြီးထိန်းချုပ်နိုင်ပါလိမ့်မယ်။ ထရမ့်မိသားစုကို ထောင်ထဲထဲ့မလားဆိုတာကတော့ စောင့်ကြည့်လိုက်ပါ။ မူလာ အစီရင်ခံစာမှာ ထရမ့်က သမ္မတဖြစ်နေလို့ အရေးမယူနိုင်ဘူးလို့ တင်ပြထားပါတယ်။ သူသမ္မတ မဟုတ်တော့ဘူးဆိုတာနဲ့ အမှုတွေ အများကြီး တက်လာမှာပါ။ နယူးယောက်မှာလည်း ပြည်နယ်ရှေ့နေချုပ်က ထရမ့်မိသားစုကို စုံစမ်းစစ်ဆေးနေတာ တော်တော်ခရီးရောက်နေပါပြီ။ သူသမ္မတ မဟုတ်တော့တာနဲ့ ထောင်ထဲထဲ့လို့ ရနေပါပြီ။ တစ်ခုဘဲရှိပါတယ်။ ဘိုင်ဒန်က ပါတီ ၂ခုလုံးနဲ့ လက်တွဲလုပ်ချင်လို့ ရင်ကြားစေ့ရေးအတွက် သူ့အပေါ် ခွင့်လွှတ်လိုက်ရင်တော့ သူသက်သာမှာပါ။ ထရမ့်အတွက် နောက်ဆုံးနေ့တွေက လက်ချိုးရေလို့ ရနေပါပြီ။

ထရမ့်ထက် ဘိုင်ဒန်က ဘုရားကို ပိုရိုသေပါတယ်။ ထရမ့်က ကျမ်းစာကို ကိုင်ပြီး ဘုရားကျောင်းရှေ့မှာ မဲဆွယ်ရာမှာသုံးဖို့ ဓာတ်ပုံရိုက်ချင်တာနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို အကြမ်းဖက်ပြီး မျက်ရည်ယိုဗုံးတွေသုံး ရှင်းလင်းခဲ့ပါတယ်။ တစ်ကယ်က အဲ့ဒီကျမ်းစာထဲမှာ ယေရှုသခင်က …သင့်ရန်သူကိုပင် ချစ်လော့” လို့ လမ်းညွှန်ထားပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ထရမ့်က rally တွေလုပ်ပြီး အမုန်းတရားတွေ ဟောနေချိန်မှာ ဘိုင်ဒန်ကတော့ သူနေတဲ့ မြို့ကလေးမှာ ဘုရားကျောင်းတက်ခဲ့ပါတယ်။ မျက်မှန်စိမ်းတွေ ချွတ်ပြီး သေချာကြည့်ရင် အမှန်ကိုမြင်လာမှာပါ။ ရေရှုသခင်ကို ကားစင်တင်တော့ သခင်ရေရှုက အဖဘုရားကို တိုင်တည်တာလေးကို သိပ်ကြိုက်ပါတယ်။

”Please forgive them, cause they don’t know what they are doing… ဆိုတာလေးပါ။

ဘုရားသခင် ခွင့်လွှတ်ပါစေလို့ ဆုတောင်းပေးပါတယ်။

ဘိုင်ဒန်ကို အသက်ကြီးပြီး မှတ်ဉာဏ်မကောင်းသလိုမျိုး ထရမ့်က ပုံဖော်နေတာပါ။ တစ်ကယ်တန်း မှတ်ဉာဏ်မကောင်းတာက ထရမ့်။ သူအခုပြောထားတဲ့ စကားကို ခနနေကျ မမှတ်မိတော့ဘဲ ပြောင်းပြန်ပြောပါတယ်။ လူတွေက သူ့ကို လိမ်ပြောတတ်သူကြီးလို့ ထင်နေကြတာ။ တစ်ကယ်တမ်းတော့ သူပြောတာကို သူမေ့သွားပြီး နောကတနေရာမှာ အခြေအနေကြည့်ပြီး ပြောလိုက်တာ အရင်ပြောထားတာနဲ့ ပြောင်းပြန်ဖြစ်သွားတာပါ။

ဘိုင်ဒန် ကတော့ သူဘာတွေ လုပ်ခဲ့တယ်ဆိုတာ သိပ်မကြွားတတ်ပါဘူး။ တစ်ကယ်က သူ လုပ်ခဲ့တာတွေ အများကြီးပါ။ အိုဘားမား ဒုသမ္မတ အနေနဲ့ အဲ့ဒီအချိန်က အမေရိကန်စီးပွားရေး ကျနေတာကို နာလံထူဖို့ 800 Billions Stimulus project ကို သူကြီးကြပ်ပြီး လုပ်ခဲ့တာပါ။ အိုဘားမား ဘိုင်ဒန် အစိုးရလက်ထက် နောက်ဆုံး ၃နှစ်မှာ ကိုးဗစ်မဖြစ်ခင် ထရမ့်လက်ထက် ပထမဆုံး ၃နှစ် ထက် လူပေါင်း ၁.၈ သန်းပိုပြီး အလုပ်ရပါတယ်။ မှတ်တမ်းတွေမှာ ရှာပြီး ဖတ်ကြည့်ပါ။ ဘိုင်ဒန်ရဲ့ တိုင်းပြည်အတွက် လုပ်ဆောင်ချက်တွေနဲ့ အခုမှ သမ္မတဖြစ်ချင်လို့ ထလုပ်တဲ့ ထရမ့်လိုလူရဲ့ လုပ်ဆောင်ချက်တွေ ဘယ်လိုမှ နှိုင်းယှယှဉ်လို့ မရပါဘူး။ အဲ့ဒါကြောင့် ဘိုင်ဒန်က လေကုန်ခံပြီး မရှင်းတော့တာပါ။

ထရမ့်တို့က ဘိုင်ဒန်သားက အကြံအဖန်တွေ လုပ်ခဲ့တယ်ဆိုပြီး လုပ်ကြံဖန်တီးမှုတွေကို နှစ်ရှည်လများ ကြိုတင် ဖန်တီးပါတယ်။ ထရမ့်သာ အဲ့ဒီကိစ္စမှာ ယူကရိန်းကို အကြပ်ကိုင်မှုနဲ့ Impeachment လုပ်ခံလိုက်ရပါတယ်။ အမေရိကန်သမိုင်းမှာ တတိယမြောက် လုပ်ခံရတာပါ။ နှစ်ပေါင်း ၂၀၀ သမိုင်းမှာ သမ္မတ ၃ယောက်ဘဲ အဲ့ဒီလို အရေးယူခံရဘူးတာပါ။

ဘိုင်ဒန်ကိုတော့ Republican Senate က စုံးစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ပေမယ့် ဥပဒေနဲ့ ငြိစွန်းတာမရှိဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ တစ်ကယ်လို့ ဘိုင်ဒန်သာ တစ်ခုခု အနဘယည်းငယ်ငြိစွန်းခဲ့ရင် Republican တွေက ဘိုင်ဒန်ကို အရိုးတချား အသားတချားဖြစ်အောင် ဝိုင်းဖဲ့ပြီးပါပြီ။

ဘာဘဲပြောပြော အခုလက်ရှိ အခြေအနေမှာတော့ ဘိုင်ဒန်က တောင်ပြို ကမ်းပြိုနိုင်ဖို့ သေချာနေပါပြီ။ ဒီရွေးကောက်ပွဲဟာ နှစ်ပေါင်း ၁၀၀မှာ တစ်ခါသာဖြစ်တဲ့ ကပ်ရောဂါကြီးအတွင်းမှာ ကျင်းပပြီး ကပ်ရောဂါဆိုးကြီးကနေ ပြည်သူကို အကာအကွယ် မပေးနိုင်ဘဲ သူနဲ့ သူ့မိသားစုပါ ကူးစက်ခံခဲ့ရတဲ့ သမ္မတကို မောင်းထုတ်ရတဲ့ပွဲပါ။ ကျနော်ကတော့ အဲ့ဒီလို သမိုင်းဝင် ရွေးကောက်ပွဲကြီးမှာ ထရမ့်ကို မောင်းထုတ်လိုက်တဲ့ မဲတွေထဲမှာ ကျနော့ရဲ့ မဲတစ်မဲပါသွားပြီ ဖြစ်တဲ့အတွက် အရမ်းဂုဏ်ယူပါတယ်။ သားစဉ်မြေးဆက် လက်ဆင့်ကမ်းပြောပြသွားရမယ့် ကိစ္စတစ်ခုပေါ့ဗျာ။

အိုဘားမားတက်တဲ့ ၂၀၀၉ မှာ ဂျော့ဘုရဲ့ Tax cut policy နဲ့ အီရတ် အာဖဂန်စစ် စရိတ်တွေကြောင့် Great Recession ဖြစ်နေပါတယ်။ သူလုပ်လို့ ဖြစ်တာမဟုတ်ပါဘူး။ အလုပ်လက်မဲ့က ၁၁% ထိထိုးဆင်းသွားပြီး စတော့မားကက်ကလည်း Dow က ၆၅၀၉ ထိကျသွားပါတယ်။ အဲ့ဒီအခြေအနေကို အိုလယဘားမားက အမွေခံရတာပါ။ Republican တွေကို အော့နှလုံးနာနေတဲ့ ပြည်သူတွေဟာ အိုဘာမားနဲ့ အတူ Senate ရော၊ Congress ရောကိုပါ ဒီမိုကရက်တွေကို ပုံအောပေးခဲ့ပါတယ်။ Senate မှာဆိုရင် ဒီမိုကရက်တွေက Super Majority. တောင်ရခဲ့ပါတယ်။ ဒါဟာ အမေရိကန်သမိုင်းမှာ ဖြစ်တောင့်ဖြစ်ခဲပါ။

အဲ့ဒီမှာ အိုဘားမားတို့က 800 Billion Stimulus package ကို အတည်ပြုပြီး စီးပွားရေးကိုပြန်တည်ဆောက်ခဲ့ပါတယ်။ ဂျော့ဘုလက်ထက်က စခဲ့တဲ့ စီးပွားပျက်ကပ်က ဘယ်လောက်ဆိုးသလဲ ဆိုရင် New York မှာ Wall Street က တစ်ချို့သူတွေ တိုက်ပေါ်က ခုန်ချပြီး ကိုယ့်ကိုယ်ကို သတ်သေတဲ့သူတွေတောင်ရှိပါတယ်။ အိမ်ခြံမြေဈေးကွက်ကြီးလည်း ပြိုလဲခဲ့ပါတယ်။ အိုဘားမားနဲ့ ဘိုင်ဒန် တော်တော်လုပ်ယူခဲ့ရတာပါ။ ဒါအပြင် Affordable Care Act လို့ ခေါ်တဲ့ Obamacare ကိုပြဌာန်းပြီး ဆင်းရဲသား သန်း ၂၀ ကို Health Insurance. အလကားနီးပါးနဲ့ ပေးပါတယ်။ သူဌေးတွေကိုတော့ အခွန်တိုးကောက်ပါတယိ။

ဒါ့ကြောင့် လူဖြူ သူဌေးကြီးတွေက အိုဘားမားကို အသေမုန်းပါတယ်။ အိုဘားမားနဲ့ ဘိုင်ဒန်လုပ်ဆောင်မှု မှန်ကန်တဲ့ အတွက် စီးပွားရေးတွေ တစ်စတစ်စပြန်တက်လာပြီး အလုပ်လက်မဲ့လည်း တစ်ဖြေးဖြေးနည်းလာပါတယ်။ စတော့မားကက်လည်းပြန်တက်လာတာ ၆၅၀၀ ကနေ ၁၈၀၀၀ လောက်အထိ ၃ဆနီးပါးဖြစ်လာပါတယ်။ ထရမ့်ဟာ အဲ့ဒီအရှိန်နဲ့ ဆက်ပြီး လေဟုန်စီးခဲ့တာပါ။ စာရင်းတွေကို ပြန်ကြည့်ရင် အိုဘားမား ဘိုင်ဒန် နောက်ဆုံး ၃နှစ်မှာ ဖန်တီးခဲ့တဲ့ အလုပ်အကိုင်ဟာ ထရမ့်ရဲ့ ပထမ ၃နှစ် ဖန်တီးထက်အလုပ်ထက် ၁.၈သန်းပိုပါတယ်။ သူဆက်ခံတဲ့ လုပ်ငန်းတွေကို ဖျက်ဆီးပြစ်တတ်တဲ့

ထရမ့် ရဲ့ ထုံးစံအတိုင်း အခုတော့ လူပေါင်း သန်းဆယ်ချီလို့ အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါပြီ။ ထရမ့်ရဲ့ ကာစီနိုလုပ်ငန်း အကြိမ့်ကြိမ် ဒေဝါလီခံခဲရသလိုမျိုးပါဘဲ။ တစ်ကယ်သာ သူ့ရဲ့ စီမံခန်ခွဲမှုကောင်းခဲ့ရင် လူပေါင်းသိန်းချီ သေရစရာမရှိပါဘူး။ ကိုရီးယားကိုကြည့်ပါ။ အမေရိကနဲ့ တစ်ချိန်ထဲ First case တွေ့တာပါ။ အခုထိ ကိုရီးယားမှာ လူ ၂၈၀၀ လောက်ဘဲသေ ပါသေးတယ်။ အမေရိကမှာ လူပေါင်း ၂၂၈၀၀၀ ကျော်သေပြီးသွားပါပြီ။ ဘယ်သူ့ကိုမှ လက်ညိုးထို အပြစ်တင်လို့ မရပါဘူး။ ကမ္ဘာပေါ်မှာ အာဏာအရှိဆုံး ရာထူးကို ယူထားတဲ့ သမ္မတ ထရမ့်မှာ တာဝန်အပြည့်အဝရှိပါတယ်။

Credit;ကိုအောင်မြင့်ထွန်း

ထရ မ့္က သူ႔ဘဝ တစ္ေလ်ာက္လံုး မိန္းမပ်ိဳေ လးေတြကို မေတာ္မတ ရားလုပ္ တာ နံမည္ႀကီး ပါတယ္။ သူ႔ဘဝတစ္ေ လ်ာက္လံုး တိုင္းျပည္အတြက္ ဘာမွ လုပ္ခဲ့တဲ့သူ မဟုတ္ပါဘူး။ ဗီယက္နမ္စစ္ပြဲမွာ စစ္မႈမထမ္းမေနရ ဥပေဒကို အေၾကာင္းအ မ်ိဳးမ်ိဳးျပၿပီး စစ္ထဲမဝင္ဘဲ ေ႐ွာင္တိ မ္းလာခဲ့တဲ့သူ။ အၾကံအဖန္နည္းမ်ိဳးစံုနဲ႔ သူ႔အတြက္သူဘဲ ခ်မ္းသာေအာင္ လုပ္ခဲ့တာပါ။ သူ႔ကုမၸဏီဟာ ေဒဝါလီအႀကိမ္ႀကိမ္ ခံခဲ့ရပါတယ္။ အခုလည္း သူ႔ေၾကာင့္ တိုင္းျပည္ ေခ်ာက္ထဲက်ေနပါၿပီ။ သူ႔ရဲ႕ ကိုင္တြယ္ပံု ညံ့ဖ်င္းလို႔ လူေပါင္း ၂သိန္းေက်ာ္ ေသခဲ့ရၿပီးပါၿပီ။

သူသာေကာင္းေကာင္း ကိုင္တြယ္ႏိုင္ခဲ့ရင္ ဒီေလာက္ ေသစရာအေၾကာင္းမရိွပါဘူး။ ကိုရီးယားတို႔ ဂ်ပန္တို႔မွာ ေထာင္ဂဏန္းဘဲ ေသပါတယ္။ အခု ဒုတိယလိႈင္းျပန္ျဖစ္လို႔ ကူးစက္မႈေတြ စံခ်ိန္တင္ျဖစ္ပြားေနတာကို ကိုးဗစ္ကို အဆံုးသတ္ႏိုင္ခဲ့ၿပီလို႔ ေျပာင္ေျပာင္တင္းတင္း လိမ္ညာၿပီး မဲဆြယ္ေနပါတယ္။ ထမင္းစားတဲ့သူေတြကေတာ့ သူ႔ရဲ႕ မိုးလံုးျပည့္ မုသာဝါဒေတြကို မယံုၾကေတာ့ပါဘူး။ လူစိတ္ရိွတဲ့ အေမရိကန္အမ်ားစုက သူ႔ကို ဆန္႔က်င္ေနၾကတာ ေတာ္ေတာ္ အားရဖို႔ ေကာင္းပါတယ္။ က်ေနာ့ စကားကို မွတ္ထားလိုက္ပါ။

ဒီေရြးေကာက္ပြဲမွာ ဘိုင္ဒန္က ေတာင္ၿပိဳကမ္းၿပိဳ ႏိုင္ရံုသာမက ဆီးနိတ္ေရာ၊ ကြန္ဂရက္ပါ ဒီမိုကရက္ေတြ ျပန္ၿပီးထိန္းခ်ဳပ္ႏိုင္ပါလိမ့္မယ္။ ထရမ့္မိသားစုကို ေထာင္ထဲထဲ့မလားဆိုတာကေတာ့ ေစာင့္ၾကည့္လိုက္ပါ။ မူလာ အစီရင္ခံစာမွာ ထရမ့္က သမၼတျဖစ္ေနလို႔ အေရးမယူႏိုင္ဘူးလို႔ တင္ျပထားပါတယ္။ သူသမၼတ မဟုတ္ေတာ့ဘူးဆိုတာနဲ႔ အမႈေတြ အမ်ားႀကီး တက္လာမွာပါ။ နယူးေယာက္မွာလည္း ျပည္နယ္ေ႐ွ႕ေနခ်ဳပ္က ထရမ့္မိသားစုကို စံုစမ္းစစ္ေဆးေနတာ ေတာ္ေတာ္ခရီးေရာက္ေနပါၿပီ။ သူသမၼတ မဟုတ္ေတာ့တာနဲ႔ ေထာင္ထဲထဲ့လို႔ ရေနပါၿပီ။ တစ္ခုဘဲရိွပါတယ္။ ဘိုင္ဒန္က ပါတီ ၂ခုလံုးနဲ႔ လက္တြဲလုပ္ခ်င္လို႔ ရင္ၾကားေစ့ေရးအတြက္ သူ႔အေပၚ ခြင့္လႊတ္လိုက္ရင္ေတာ့ သူသက္သာမွာပါ။ ထရမ့္အတြက္ ေနာက္ဆံုးေန႔ေတြက လက္ခ်ိဳးေရလို႔ ရေနပါၿပီ။

ထရမ့္ထက္ ဘိုင္ဒန္က ဘုရားကို ပို႐ိုေသပါတယ္။ ထရမ့္က က်မ္းစာကို ကိုင္ၿပီး ဘုရားေက်ာင္းေ႐ွ႕မွာ မဲဆြယ္ရာမွာသံုးဖို႔ ဓာတ္ပံု႐ိုက္ခ်င္တာနဲ႔ ၿငိမ္းခ်မ္းစြာ ဆႏၵျပေနတဲ့ ျပည္သူေတြကို အၾကမ္းဖက္ၿပီး မ်က္ရည္ယိုဗံုးေတြသံုး ႐ွင္းလင္းခဲ့ပါတယ္။ တစ္ကယ္က အဲ့ဒီက်မ္းစာထဲမွာ ေယ႐ႈသခင္က …သင့္ရန္သူကိုပင္ ခ်စ္ေလာ့” လို႔ လမ္းၫႊန္ထားပါတယ္။ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔မွာ ထရမ့္က rally ေတြလုပ္ၿပီး အမုန္းတရားေတြ ေဟာေနခ်ိန္မွာ ဘိုင္ဒန္ကေတာ့ သူေနတဲ့ ၿမိဳ႕ကေလးမွာ ဘုရားေက်ာင္းတက္ခဲ့ပါတယ္။ မ်က္မွန္စိမ္းေတြ ခြၽတ္ၿပီး ေသခ်ာၾကည့္ရင္ အမွန္ကိုျမင္လာမွာပါ။ ေရ႐ႈသခင္ကို ကားစင္တင္ေတာ့ သခင္ေရ႐ႈက အဖဘုရားကို တိုင္တည္တာေလးကို သိပ္ႀကိဳက္ပါတယ္။

”Please forgive them, cause they don’t know what they are doing… ဆိုတာေလးပါ။

ဘုရားသခင္ ခြင့္လႊတ္ပါေစလို႔ ဆုေတာင္းေပးပါတယ္။

ဘိုင္ဒန္ကို အသက္ႀကီးၿပီး မွတ္ဥာဏ္မေကာင္းသလိုမ်ိဳး ထရမ့္က ပံုေဖာ္ေနတာပါ။ တစ္ကယ္တန္း မွတ္ဥာဏ္မေကာင္းတာက ထရမ့္။ သူအခုေျပာထားတဲ့ စကားကို ခနေနက် မမွတ္မိေတာ့ဘဲ ေျပာင္းျပန္ေျပာပါတယ္။ လူေတြက သူ႔ကို လိမ္ေျပာတတ္သူႀကီးလို႔ ထင္ေနၾကတာ။ တစ္ကယ္တမ္းေတာ့ သူေျပာတာကို သူေမ့သြားၿပီး ေနာကတေနရာမွာ အေျခအေနၾကည့္ၿပီး ေျပာလိုက္တာ အရင္ေျပာထားတာနဲ႔ ေျပာင္းျပန္ျဖစ္သြားတာပါ။

ဘိုင္ဒန္ ကေတာ့ သူဘာေတြ လုပ္ခဲ့တယ္ဆိုတာ သိပ္မႂကြားတတ္ပါဘူး။ တစ္ကယ္က သူ လုပ္ခဲ့တာေတြ အမ်ားႀကီးပါ။ အိုဘားမား ဒုသမၼတ အေနနဲ႔ အဲ့ဒီအခ်ိန္က အေမရိကန္စီးပြားေရး က်ေနတာကို နာလံထူဖို႔ 800 Billions Stimulus project ကို သူႀကီးၾကပ္ၿပီး လုပ္ခဲ့တာပါ။ အိုဘားမား ဘိုင္ဒန္ အစိုးရလက္ထက္ ေနာက္ဆံုး ၃ႏွစ္မွာ ကိုးဗစ္မျဖစ္ခင္ ထရမ့္လက္ထက္ ပထမဆံုး ၃ႏွစ္ ထက္ လူေပါင္း ၁.၈ သန္းပိုၿပီး အလုပ္ရပါတယ္။ မွတ္တမ္းေတြမွာ ႐ွာၿပီး ဖတ္ၾကည့္ပါ။ ဘိုင္ဒန္ရဲ႕ တိုင္းျပည္အတြက္ လုပ္ေဆာင္ခ်က္ေတြနဲ႔ အခုမွ သမၼတျဖစ္ခ်င္လို႔ ထလုပ္တဲ့ ထရမ့္လိုလူရဲ႕ လုပ္ေဆာင္ခ်က္ေတြ ဘယ္လိုမွ ႏိႈင္းယွယွဥ္လို႔ မရပါဘူး။ အဲ့ဒါေၾကာင့္ ဘိုင္ဒန္က ေလကုန္ခံၿပီး မ႐ွင္းေတာ့တာပါ။

ထရမ့္တို႔က ဘိုင္ဒန္သားက အၾကံအဖန္ေတြ လုပ္ခဲ့တယ္ဆိုၿပီး လုပ္ၾကံဖန္တီးမႈေတြကို ႏွစ္႐ွည္လမ်ား ႀကိဳတင္ ဖန္တီးပါတယ္။ ထရမ့္သာ အဲ့ဒီကိစၥမွာ ယူကရိန္းကို အၾကပ္ကိုင္မႈနဲ႔ Impeachment လုပ္ခံလိုက္ရပါတယ္။ အေမရိကန္သမိုင္းမွာ တတိယေျမာက္ လုပ္ခံရတာပါ။ ႏွစ္ေပါင္း ၂၀၀ သမိုင္းမွာ သမၼတ ၃ေယာက္ဘဲ အဲ့ဒီလို အေရးယူခံရဘူးတာပါ။

ဘိုင္ဒန္ကိုေတာ့ Republican Senate က စံုးစမ္းစစ္ေဆးမႈေတြ လုပ္ခဲ့ေပမယ့္ ဥပေဒနဲ႔ ၿငိစြန္းတာမရိွဘူးလို႔ ဆံုးျဖတ္ခဲ့ပါတယ္။ တစ္ကယ္လို႔ ဘိုင္ဒန္သာ တစ္ခုခု အနဘယည္းငယ္ၿငိစြန္းခဲ့ရင္ Republican ေတြက ဘိုင္ဒန္ကို အ႐ိုးတခ်ား အသားတခ်ားျဖစ္ေအာင္ ဝိုင္းဖဲ့ၿပီးပါၿပီ။

ဘာဘဲေျပာေျပာ အခုလက္ရိွ အေျခအေနမွာေတာ့ ဘိုင္ဒန္က ေတာင္ၿပိဳ ကမ္းၿပိဳႏိုင္ဖို႔ ေသခ်ာေနပါၿပီ။ ဒီေရြးေကာက္ပြဲဟာ ႏွစ္ေပါင္း ၁၀၀မွာ တစ္ခါသာျဖစ္တဲ့ ကပ္ေရာဂါႀကီးအတြင္းမွာ က်င္းပၿပီး ကပ္ေရာဂါဆိုးႀကီးကေန ျပည္သူကို အကာအကြယ္ မေပးႏိုင္ဘဲ သူနဲ႔ သူ႔မိသားစုပါ ကူးစက္ခံခဲ့ရတဲ့ သမၼတကို ေမာင္းထုတ္ရတဲ့ပြဲပါ။ က်ေနာ္ကေတာ့ အဲ့ဒီလို သမိုင္းဝင္ ေရြးေကာက္ပြဲႀကီးမွာ ထရမ့္ကို ေမာင္းထုတ္လိုက္တဲ့ မဲေတြထဲမွာ က်ေနာ့ရဲ႕ မဲတစ္မဲပါသြားၿပီ ျဖစ္တဲ့အတြက္ အရမ္းဂုဏ္ယူပါတယ္။ သားစဥ္ေျမးဆက္ လက္ဆင့္ကမ္းေျပာျပသြားရမယ့္ ကိစၥတစ္ခုေပါ့ဗ်ာ။

အိုဘားမားတက္တဲ့ ၂၀၀၉ မွာ ေဂ်ာ့ဘုရဲ႕ Tax cut policy နဲ႔ အီရတ္ အာဖဂန္စစ္ စရိတ္ေတြေၾကာင့္ Great Recession ျဖစ္ေနပါတယ္။ သူလုပ္လို႔ ျဖစ္တာမဟုတ္ပါဘူး။ အလုပ္လက္မဲ့က ၁၁% ထိထိုးဆင္းသြားၿပီး စေတာ့မားကက္ကလည္း Dow က ၆၅၀၉ ထိက်သြားပါတယ္။ အဲ့ဒီအေျခအေနကို အိုလယဘားမားက အေမြခံရတာပါ။ Republican ေတြကို ေအာ႔ႏွလံုးနာေနတဲ့ ျပည္သူေတြဟာ အိုဘာမားနဲ႔ အတူ Senate ေရာ၊ Congress ေရာကိုပါ ဒီမိုကရက္ေတြကို ပံုေအာေပးခဲ့ပါတယ္။ Senate မွာဆိုရင္ ဒီမိုကရက္ေတြက Super Majority. ေတာင္ရခဲ့ပါတယ္။ ဒါဟာ အေမရိကန္သမိုင္းမွာ ျဖစ္ေတာင့္ျဖစ္ခဲပါ။

အဲ့ဒီမွာ အိုဘားမားတို႔က 800 Billion Stimulus package ကို အတည္ျပဳၿပီး စီးပြားေရးကိုျပန္တည္ေဆာက္ခဲ့ပါတယ္။ ေဂ်ာ့ဘုလက္ထက္က စခဲ့တဲ့ စီးပြားပ်က္ကပ္က ဘယ္ေလာက္ဆိုးသလဲ ဆိုရင္ New York မွာ Wall Street က တစ္ခ်ိဳ႕သူေတြ တိုက္ေပၚက ခုန္ခ်ၿပီး ကိုယ့္ကိုယ္ကို သတ္ေသတဲ့သူေတြေတာင္ရိွပါတယ္။ အိမ္ျခံေျမေစ်းကြက္ႀကီးလည္း ၿပိဳလဲခဲ့ပါတယ္။ အိုဘားမားနဲ႔ ဘိုင္ဒန္ ေတာ္ေတာ္လုပ္ယူခဲ့ရတာပါ။ ဒါအျပင္ Affordable Care Act လို႔ ေခၚတဲ့ Obamacare ကိုျပဌာန္းၿပီး ဆင္းရဲသား သန္း ၂၀ ကို Health Insurance. အလကားနီးပါးနဲ႔ ေပးပါတယ္။ သူေဌးေတြကိုေတာ့ အခြန္တိုးေကာက္ပါတယိ။

ဒါ့ေၾကာင့္ လူျဖဴ သူေဌးႀကီးေတြက အိုဘားမားကို အေသမုန္းပါတယ္။ အိုဘားမားနဲ႔ ဘိုင္ဒန္လုပ္ေဆာင္မႈ မွန္ကန္တဲ့ အတြက္ စီးပြားေရးေတြ တစ္စတစ္စျပန္တက္လာၿပီး အလုပ္လက္မဲ့လည္း တစ္ေျဖးေျဖးနည္းလာပါတယ္။ စေတာ့မားကက္လည္းျပန္တက္လာတာ ၆၅၀၀ ကေန ၁၈၀၀၀ ေလာက္အထိ ၃ဆနီးပါးျဖစ္လာပါတယ္။ ထရမ့္ဟာ အဲ့ဒီအရိွန္နဲ႔ ဆက္ၿပီး ေလဟုန္စီးခဲ့တာပါ။ စာရင္းေတြကို ျပန္ၾကည့္ရင္ အိုဘားမား ဘိုင္ဒန္ ေနာက္ဆံုး ၃ႏွစ္မွာ ဖန္တီးခဲ့တဲ့ အလုပ္အကိုင္ဟာ ထရမ့္ရဲ႕ ပထမ ၃ႏွစ္ ဖန္တီးထက္အလုပ္ထက္ ၁.၈သန္းပိုပါတယ္။ သူဆက္ခံတဲ့ လုပ္ငန္းေတြကို ဖ်က္ဆီးျပစ္တတ္တဲ့

ထရမ့္ ရဲ႕ ထံုးစံအတိုင္း အခုေတာ့ လူေပါင္း သန္းဆယ္ခ်ီလို႔ အလုပ္လက္မဲ့ ျဖစ္ခဲ့ရပါၿပီ။ ထရမ့္ရဲ႕ ကာစီႏိုလုပ္ငန္း အႀကိမ့္ႀကိမ္ ေဒဝါလီခံခဲရသလိုမ်ိဳးပါဘဲ။ တစ္ကယ္သာ သူ႔ရဲ႕ စီမံခန္ခြဲမႈေကာင္းခဲ့ရင္ လူေပါင္းသိန္းခ်ီ ေသရစရာမရိွပါဘူး။ ကိုရီးယားကိုၾကည့္ပါ။ အေမရိကနဲ႔ တစ္ခ်ိန္ထဲ First case ေတြ႔တာပါ။ အခုထိ ကိုရီးယားမွာ လူ ၂၈၀၀ ေလာက္ဘဲေသ ပါေသးတယ္။ အေမရိကမွာ လူေပါင္း ၂၂၈၀၀၀ ​ေက်ာ္ေသၿပီးသြားပါၿပီ။ ဘယ္သူ႔ကိုမွ လက္ညိဳးထို အျပစ္တင္လို႔ မရပါဘူး။ ကမၻာေပၚမွာ အာဏာအရိွဆံုး ရာထူးကို ယူထားတဲ့ သမၼတ ထရမ့္မွာ တာဝန္အျပည့္အဝရိွပါတယ္။

Credit;ကိုေအာင္ျမင့္ထြန္း

Leave a Reply

Your email address will not be published. Required fields are marked *