တ႐ုတ္ႏိုင္ငံတြင္ TYPHOON HIGOS မုန္တိုင္းေၾကာင့္ အနီေရာင္ အဆင့္ အေရးေပၚေၾကညာခ်က္ ထုတ္ျပီး ျပည္သူ ၁ သိန္းေက်ာ္ အေရးေပၚေ႐ႊ႕ေျပာင္းေနရ

Posted on

တ႐ုတ္ျပည္ေတာင္ပိုင္း ကြမ္တုံ႔ ( Guangdong ) ျပည္နယ္ မွ မိုးေလဝသေလ့လာ ေစာင့္ၾကည့္ေရး အဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္ အရ တိုင္ဖြန္းမုန္တိုင္း ၇ ခုေျမာက္ ျဖစ္သည့္ Typhoon Higos သည္

ဩဂုတ္လ ၁၉ ရက္ေန႔ မနက္ပိုင္း က က်ဴဟိုင္းၿမိဳ႕ ( Zhuhai ) သို႔ တစ္နာရီ ၁၂၆ ကီလိုမီတာႏႈန္းျဖင့္ေ႐ြ႕လ်ားလာသည့္အတြက္ အပူပိုင္း မုန္တိုင္း အႀကိဳအျဖစ္ေဒသတြင္း မိုးသည္းထန္စြာ႐ြာသြန္းမႈမ်ားဆက္တိုက္ျဖစ္ေပၚ လာျခင္းေၾကာင့္ အဂၤါေန႔ညဘက္က Typhoon Higos မုန္တိုင္း ရဲ႕ ပထမအဆင့္အေန နဲ႔ လူေနအိမ္မ်ားပ်က္စီျခင္း ဒဏ္ရာရရွိမႈ အေျခအေနမ်ားမရွိေသးေသာ္လည္း ကြမ္တုံးျပည္နယ္ ေမြက်ိဳးၿမိဳ႕ ( Meizhou City ) တြင္ လွ်ပ္စစ္မီးျပတ္ေတာက္မႈမ်ားနဲ႔ႀကဳံေတြ႕ခဲ့ရသည္ ဟုသိရ ။

Typhoon Higos

တ႐ုတ္ႏိုင္ငံပိုင္ သတင္းမ်ားအရ ျပည္သူ ၆၅၀၀၀ ကိုအေရးေပၚေ႐ႊ႕ေျပာင္းၾကရန္ႏွင့္ ေရလုပ္သားမ်ား အားလုံး ကမ္းေျခကိုအျမန္ဆုံးဆိုက္ကပ္ခ္ိုင္းခဲ့ၾကၿပီး စာသင္ေက်ာင္းမ်ား အားလုံးပိတ္ထားလိုက္ၿပီျဖစ္ပါသည္ ။ ဒါ့အျပင္ ယခုမုန္တိုင္း သည္ ေဟာင္ေကာင္တြင္ သစ္ပင္ႀကီးမ်ား က်ိဳးျပတ္ခဲ့သည္ အထိျပင္းထန္ခဲ့သည္ဟု ဆိုပါသည္ ။

Guangdong

ယန္စီျမစ္ ( Yangtze ) ျမစ္ေရဟာ ဆက္တိုက္လွ်ံ တက္လာမႈေၾကာင့္ အဂၤါေန႔က စီခြၽမ္ SiChuan ေဒသရွိတာဝန္ ရွိကယ္ဆယ္ေရးအဖြဲ႕မ်ားမွ ေဒသခံျပည္သူ ၁၀၀၀၀၀ အားအျမန္ဆုံး ေ႐ႊ႕ေျပာင္းေပးမႈမ်ားေဆာင္႐ြက္ေနၾကရသည္ ။

အလားတူ ၁၉၉၆ ခုႏွစ္က စီခြၽမ္းျပည္နယ္ လီဆန္းၿမိဳ႕ နယ္ Mount Emei ေတာင္တန္းရွိ ကမာၻ႔အေမြအႏွစ္စာရင္းဝင္ခဲ့သည့္ အျမင့္ေပ ၇၁ မီတာျမင့္ေသာ ႏွစ္ေပါင္း ၁၂၀၀ သက္တမ္းရွိ

Guangdong

ဗုဒၶ႐ုပ္ပြားေတာ္ ( Leshan Giant Buddha ) ရဲ႕ေျခေတာ္ရင္း အထိ ႐ႊံႏြံႏုံးေျမမ်ား ဝင္ေရာက္လာသည့္ အတြက္ ရဲတပ္ဖြဲ႕ႏွင့္ အရပ္ဘက္ပရဟိတအဖြဲ႕မ်ားမွ သဲအိပ္မ်ားပတ္ပတ္ လည္ခ်ထားရေၾကာင္း ၊ ဒါဟာႏွစ္ေပါင္း ၇၁ ႏွစ္အၾကာ ပထမဆုံး အႀကိမ္ျဖစ္ေၾကာင္း သိရွိရသည္ ။

စီခြၽမ္ျပည္နယ္အတြင္း အဂၤါေန႔မွစ၍ ယန္စီျမစ္ေရဟာ ထပ္မံစီး ဆင္းဝင္ေရာက္လာမႈေၾကာင့္ ျပည္နယ္အစိုးရမွ သဘာဝေဘး အႏၲရာယ္က်ေရာက္မႈ အေျခအေနကို အနီေရာင္ အဆင့္ အေရးေပၚေၾကညာခ်က္မ်ားထုတ္ျပန္ထားၿပီး

Leshan Giant Buddha

ေရႀကီးေရလွ်ံမႈ မွာ ၁၀ ေပအထက္မွာရွိေနေၾကာင္းႏွင့္ အဓိကေရအားလွ်ပ္စစ္ထုတ္လုပ္ေရး ေရကာတာႀကီး ၃ ခုကိုလည္း မ်က္ေျခမျပတ္ ေစာင့္ၾကည့္ေနရေၾကာင္း သတင္းမ်ားတြင္ ေဖာ္ျပထားေၾကာင္းသိရ ။

Min Khank Nyar

Unicode

တရုတ်ပြည်တောင်ပိုင်း ကွမ်တုံ့ ( Guangdong ) ပြည်နယ် မှ မိုးလေဝသလေ့လာ စောင့်ကြည့်ရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက် အရ တိုင်ဖွန်းမုန်တိုင်း ၇ ခုမြောက် ဖြစ်သည့် Typhoon Higos သည်

ဩဂုတ်လ ၁၉ ရက်နေ့မနက်ပိုင်းက ကျူဟိုင်းမြို့ ( Zhuhai ) သို့ တစ်နာရီ ၁၂၆ ကီလိုမီတာနှုန်းဖြင့်ရွေ့လျားလာသည့်အတွက် အပူပိုင်း မုန်တိုင်း အကြိုအဖြစ်ဒေသတွင်း မိုးသည်းထန်စွာရွာသွန်းမှုများဆက်တိုက်ဖြစ်ပေါ် လာခြင်းကြောင့် အင်္ဂါနေ့ညဘက်က Typhoon Higos မုန်တိုင်း ရဲ့ ပထမအဆင့်အနေ နဲ့ လူနေအိမ်များပျက်စီခြင်း ဒဏ်ရာရရှိမှု အခြေအနေများမရှိသေးသော်လည်း ကွမ်တုံးပြည်နယ် မွေကျိုးမြို့ ( Meizhou City ) တွင် လျှပ်စစ်မီးပြတ်တောက်မှုများနဲ့ကြုံတွေ့ခဲ့ရသည် ဟုသိရ ။

တရုတ်နိုင်ငံပိုင် သတင်းများအရ ပြည်သူ ၆၅၀၀၀ ကိုအရေးပေါ်ရွှေ့ပြောင်းကြရန်နှင့် ရေလုပ်သားများ အားလုံး ကမ်းခြေကိုအမြန်ဆုံးဆိုက်ကပ်ခိုင်းခဲ့ကြပြီး စာသင်ကျောင်းများ အားလုံးပိတ်ထားလိုက်ပြီဖြစ်ပါသည် ။ ဒါ့အပြင် ယခုမုန်တိုင်း သည် ဟောင်ကောင်တွင် သစ်ပင်ကြီးများ ကျိုးပြတ်ခဲ့သည် အထိပြင်းထန်ခဲ့သည်ဟု ဆိုပါသည် ။

ယန်စီမြစ် ( Yangtze ) မြစ်ရေဟာ ဆက်တိုက်လျှံ တက်လာမှုကြောင့် အင်္ဂါနေ့က စီချွမ် SiChuan ဒေသရှိတာဝန် ရှိကယ်ဆယ်ရေးအဖွဲ့များမှ ဒေသခံပြည်သူ ၁၀၀၀၀၀ အားအမြန်ဆုံး ရွှေ့ပြောင်းပေးမှုများဆောင်ရွက်နေကြရသည် ။

အလားတူ ၁၉၉၆ ခုနှစ်က စီချွမ်းပြည်နယ် လီဆန်းမြို့ နယ် Mount Emei တောင်တန်းရှိ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့သည့် အမြင့်ပေ ၇၁ မီတာမြင့်သော နှစ်ပေါင်း ၁၂၀၀ သက်တမ်းရှိ

ဗုဒ္ဓရုပ်ပွားတော် ( Leshan Giant Buddha ) ရဲ့ခြေတော်ရင်း အထိ ရွှံနွံနုံးမြေများ ဝင်ရောက်လာသည့် အတွက် ရဲတပ်ဖွဲ့နှင့် အရပ်ဘက်ပရဟိတအဖွဲ့များမှ သဲအိပ်များပတ်ပတ် လည်ချထားရကြောင်း ၊ ဒါဟာနှစ်ပေါင်း ၇၁ နှစ်အကြာ ပထမဆုံး အကြိမ်ဖြစ်ကြောင်း သိရှိရသည် ။

စီချွမ်ပြည်နယ်အတွင်း အင်္ဂါနေ့မှစ၍ ယန်စီမြစ်ရေဟာ ထပ်မံစီး ဆင်းဝင်ရောက်လာမှုကြောင့် ပြည်နယ်အစိုးရမှ သဘာဝဘေး အန္တရာယ်ကျရောက်မှု အခြေအနေကို အနီရောင် အဆင့် အရေးပေါ်ကြေညာချက်များထုတ်ပြန်ထားပြီး

ရေကြီးရေလျှံမှု မှာ ၁၀ ပေအထက်မှာရှိနေကြောင်းနှင့် အဓိကရေအားလျှပ်စစ်ထုတ်လုပ်ရေး ရေကာတာကြီး ၃ ခုကိုလည်း မျက်ခြေမပြတ် စောင့်ကြည့်နေရကြောင်း သတင်းများတွင် ဖော်ပြထားကြောင်းသိရ ။

Min Khank Nyar

Leave a Reply

Your email address will not be published. Required fields are marked *