တရုတ် လက်အောက်တွင် ဖြစ်ပေါ်လာမည့် ဆိုးရွားသော အကျိုးဆက်များကို ထိုင်ဝမ်သမ္မတ သတိပေး

Posted on

တရုတ်လ က်သို့ ကျရောက် သွားပါက အာရှဒေသတွင် ငြိမ်းချမ်းရေးအတွက် ဆိုးရွားသော အကျိုးဆက် များကိုဖြစ်ပေ ါ်စေလိမ့်မည်ဟု ထိုင်ဝမ် သမ္မတ စိုင်အန်းဝမ်က အောက် တိုဘာ ၆ရက်တွင် ထုတ်ဝေခဲ့သော Foreign Affairs စာစောင်တွင် ရေးသားထားပြီး ထိုင်ဝမ်ကို ခြိမ်းခြောက် လာပါက ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံဖြင့် ကာကွယ်သွားမည်ဟု ဆိုသည်။

တင်းမာမှုများ မြင့်တက် လာသည့်အတွက် နိုင်ငံတကာတွင် ထိုင်ဝမ်အတွက် အရေးအပါဆုံးဖြစ်သလို ထောက်ခံ ပေးပြီး လက်နက်ပံ့ပိုးနေသည့် အမေရိကန်ကို တရုတ်က ပြစ်တင်ရှုတ်ချထားသလို ထိုင်ဝမ်ကလည်း တရုတ်သည် လက်ရှိအခြေအနေ၌ ပြဿနာဖြစ်စေသည့် နိုင်ငံဟု ခေါ်ဆိုခဲ့သည်။

Foreign Affairs ၌ ရေးသားရာတွင် စိုင်က တရုတ်ကွန်မြူနစ်ပါတီက ပိုမိုခြိမ်းခြောက်လာခြင်းကို ကမ္ဘာ့ နိုင်ငံများက ပိုမိုနားလည်လာကြပြီး ထိုင်ဝမ်နှင့် အလုပ်လုပ်ခြင်း၏ တန်ဖိုးကို နားလည်လာနေကြောင်း ဆိုသည်။

“ထိုင်ဝမ်သာကျဆုံးသွားပါက ဒေသတွင်း ငြိမ်းချမ်းရေးနှင့် ဒီမိုကရက်တစ်မဟာမိတ်စနစ်အတွက် ဖြစ်ပေါ်လာမည့် အကျိုးဆက်များသည် ဆိုးရွားလိမ့်မည်ကို သတိပြုသင့်ကြောင်း၊ ယနေ့ကမ္ဘာလုံးဆိုင်ရာ

တန်ဖိုးများပြိုင်ဆို င်မှုတွင် အာဏာ ရှင်စနစ်သည် ဒီမိုကရေစီကို အသာစီးရသွားပြီဖြစ်ကြောင်းကို အချက်ပြလိုက်သ လိုဖြစ်လိမ့်မည်” ဟု စိုင်က ရေးသားခဲ့သည်။

ထိုင်ဝမ်သည်“ တရုတ်ပြည်” ၏ အစိတ်အပိုင်းဖြစ် သည်ကို ငြင်း ဆန်ထားသည့် စိုင်သည် ခွဲထွက်ရေးသမားတစ်ဦး ဖြစ်သည်ဟု တရုတ်က ယုံကြည်ထားပြီး တွေ့ဆုံဆွေးနွေးမှုကို ဖြတ်တောက်ခဲ့သည်။

ထိုင်ဝမ်၏ တရားဝင်အမည် တရုတ်သမ္မ တနိုင်ငံဟုခေါ်သည့် လွတ်လပ်ေ သာနိုင်ငံဖြစ်ေ ကြာင်း စိုင်က ဆိုသည်။

ထိုင်ဝမ်က စစ်ရေးအ ရထိပ်တိုက် ရင်ဆိုင်မှုကို မလိုလားဘဲ၊ အိမ်နီးချင်းနိုင်ငံများနှင့် ငြိမ်းချမ်းတည်ငြိမ်သော၊ ကြိုတင်မှန်းဆနို င်သော၊ နှစ်ဖက်အကျိုးရှိသည့် ယှဉ်တွဲနေထိုင်ရေးကို လိုလားကြောင်း သူမက ရေးသား ခဲ့သည်။

တရုတ်က ထပ်တလဲလဲ ပယ်ချခဲ့သည့် အခြေအနေများဖြစ်သည့် တန်းတူရေးစိတ်ဓာတ်နှင့် နိုင်ငံရေးအရ ကြိုတင်သတ်မှတ်ချက် မရှိမှသာလျှင် တရုတ်နှင့် တွေ့ဆုံဆွေးနွေးရန် ဖြစ်နိုင်ကြောင်း သူမက ထပ်လောင်း တောင်းဆိုခဲ့သည်။

Zawgyi Version

တ႐ုတ္လ က္သို႔ က်ေရာက္ သြားပါက အာရွေဒသတြင္ ၿငိမ္းခ်မ္းေရးအတြက္ ဆိုးရြားေသာ အက်ိဳးဆက္ မ်ားကိုျဖစ္ေပ ၚေစလိမ့္မည္ဟု ထိုင္ဝမ္ သမၼတ စိုင္အန္းဝမ္က ေအာက္ တိုဘာ ၆ရက္တြင္ ထုတ္ေဝခဲ့ေသာ Foreign Affairs စာေစာင္တြင္ ေရးသားထားၿပီး ထိုင္ဝမ္ကို ၿခိမ္းေျခာက္ လာပါက ျဖစ္နိုင္သမၽွ နည္းလမ္းေပါင္းစုံျဖင့္ ကာကြယ္သြားမည္ဟု ဆိုသည္။

တင္းမာမႈမ်ား ျမင့္တက္ လာသည့္အတြက္ နိုင္ငံတကာတြင္ ထိုင္ဝမ္အတြက္ အေရးအပါဆုံးျဖစ္သလို ေထာက္ခံ ေပးၿပီး လက္နက္ပံ့ပိုးေနသည့္ အေမရိကန္ကို တ႐ုတ္က ျပစ္တင္ရႈတ္ခ်ထားသလို ထိုင္ဝမ္ကလည္း တ႐ုတ္သည္ လက္ရွိအေျခအေန၌ ျပႆနာျဖစ္ေစသည့္ နိုင္ငံဟု ေခၚဆိုခဲ့သည္။

Foreign Affairs ၌ ေရးသားရာတြင္ စိုင္က တ႐ုတ္ကြန္ျမဴနစ္ပါတီက ပိုမိုၿခိမ္းေျခာက္လာျခင္းကို ကမၻာ့ နိုင္ငံမ်ားက ပိုမိုနားလည္လာၾကၿပီး ထိုင္ဝမ္ႏွင့္ အလုပ္လုပ္ျခင္း၏ တန္ဖိုးကို နားလည္လာေနေၾကာင္း ဆိုသည္။

“ထိုင္ဝမ္သာက်ဆုံးသြားပါက ေဒသတြင္း ၿငိမ္းခ်မ္းေရးႏွင့္ ဒီမိုကရက္တစ္မဟာမိတ္စနစ္အတြက္ ျဖစ္ေပၚလာမည့္ အက်ိဳးဆက္မ်ားသည္ ဆိုးရြားလိမ့္မည္ကို သတိျပဳသင့္ေၾကာင္း၊ ယေန႔ကမၻာလုံးဆိုင္ရာ

တန္ဖိုးမ်ားၿပိဳင္ဆို င္မႈတြင္ အာဏာ ရွင္စနစ္သည္ ဒီမိုကေရစီကို အသာစီးရသြားၿပီျဖစ္ေၾကာင္းကို အခ်က္ျပလိုက္သ လိုျဖစ္လိမ့္မည္” ဟု စိုင္က ေရးသားခဲ့သည္။

ထိုင္ဝမ္သည္“ တ႐ုတ္ျပည္” ၏ အစိတ္အပိုင္းျဖစ္ သည္ကို ျငင္း ဆန္ထားသည့္ စိုင္သည္ ခြဲထြက္ေရးသမားတစ္ဦး ျဖစ္သည္ဟု တ႐ုတ္က ယုံၾကည္ထားၿပီး ေတြ႕ဆုံေဆြးေႏြးမႈကို ျဖတ္ေတာက္ခဲ့သည္။

ထိုင္ဝမ္၏ တရားဝင္အမည္ တ႐ုတ္သမၼ တနိုင္ငံဟုေခၚသည့္ လြတ္လပ္ေ သာနိုင္ငံျဖစ္ေ ၾကာင္း စိုင္က ဆိုသည္။

ထိုင္ဝမ္က စစ္ေရးအ ရထိပ္တိုက္ ရင္ဆိုင္မႈကို မလိုလားဘဲ၊ အိမ္နီးခ်င္းနိုင္ငံမ်ားႏွင့္ ၿငိမ္းခ်မ္းတည္ၿငိမ္ေသာ၊ ႀကိဳတင္မွန္းဆနို င္ေသာ၊ ႏွစ္ဖက္အက်ိဳးရွိသည့္ ယွဥ္တြဲေနထိုင္ေရးကို လိုလားေၾကာင္း သူမက ေရးသား ခဲ့သည္။

တ႐ုတ္က ထပ္တလဲလဲ ပယ္ခ်ခဲ့သည့္ အေျခအေနမ်ားျဖစ္သည့္ တန္းတူေရးစိတ္ဓာတ္ႏွင့္ နိုင္ငံေရးအရ ႀကိဳတင္သတ္မွတ္ခ်က္ မရွိမွသာလၽွင္ တ႐ုတ္ႏွင့္ ေတြ႕ဆုံေဆြးေႏြးရန္ ျဖစ္နိုင္ေၾကာင္း သူမက ထပ္ေလာင္း ေတာင္းဆိုခဲ့သည္။

Leave a Reply

Your email address will not be published.