တရုတ်နိုင်ငံ ထုတ် SINOPHARM ကိုဗစ်ကာကွယ်ဆေး ကို ကမာ ္ဘ့အန္တရာယ် မကင်းဆုံး ကာကွယ်ဆေး အဖြစ် ရှန်ဟိုင်းအခြေစိုက် ကာကွယ်ဆေးကျွမ်းကျင်သူများဆို

Posted on

အမြင်အာရုံ ဆုံးရှုံးခြင်း အပါအဝင် ဘေးထွက်ဆိုးကျိုး ၇၃-ခု ရှိသည့် ဟု တွေ့ရှိပြီးနောက် ကမာ ္ဘ့အန္တရာယ် မကင်းဆုံး ကာကွယ်ဆေး အဖြစ် ရှန်ဟိုင်းအခြေစိုက် ကာကွယ်ဆေးကျွမ်းကျင်သူများ ဆိုလိုက် ပါတယ်

Sinopharm ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေး သည် ဘေးထွက် ဆိုးကျိုး ၇၃ ခု ဖြစ်စေကြောင်း တွေ့ရှိရပြီးနောက် ကမာ ္ဘ့အန္တရာယ် မကင်းဆုံး ကာကွယ်ဆေး အဖြစ် တရုတ်ကာကွယ်ဆေး ကျွမ်းကျင်သူ တို့က ရည်ညွှန်းသည် ဟု ထိုင်ဝမ်နိုင်ငံ တိုင်ပေအခြေစိုက် Taiwan News ( Jan.06,2021 ) က ဖော်ပြ သည် ။

တရုတ်နိုင်ငံ ထုတ် SINOPHARM ကိုဗစ်ကာကွယ်ဆေး ကို ကမာ ္ဘ့အန္တရာယ် မကင်းဆုံး ကာကွယ်ဆေး အဖြစ် ရှန်ဟိုင်းအခြေစိုက် ကာကွယ်ဆေးကျွမ်းကျင်သူများဆို

လွန်ခဲ့ သည့် ဒီဇင်ဘာ ၃၀-ရက်နေ့တွင် တရုတ် အမျိုးသားဆေးဘက် ပစ္စည်းများ ဆိုင်ရာညွှန်ကြားမှုအဖွဲ့က BBIBP-CorV အမည်ရှိ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေးကို ကွန်မြူနစ်နိုင်ငံ အတွင်း အထွေထွေသုံး အဖြစ် တရားဝင် အတည်ပြုပေး ခဲ့သည် ။ အဆိုပါ ကာကွယ်ဆေး ကို တရုတ် အမျိုးသားဆေးဝါးကော်ပိုရေးရှင်း (Sinopharm) ၏ လက်အောက်ခံ တရုတ်အမျိုးသား ဇီဝနည်းပညာ အုပ်စု ( CNBG ) က ထုတ်လုပ်ခြင်းဖြစ် သည်။

တရုတ် အစိုးရ ၏ အတည်ပြုခြင်း ခံရသော ၎င်းဝူဟန်ဗိုင်းရပ်စ်ကာကွယ်ဆေးမှာ နှောင်းပိုင်းအဆင့်စမ်းသပ်မှုများ အရ ထိရောက်မှု ၇၉.၃၄ ရာခိုင်နှုန်းရှိကြောင်း ပေကျင်း အစိုးရပိုင် မီဒီယာများက ရေးသားခဲ့ကြ သည်။

သို့သော် ( Sinopharm ဟု အများသိကြသည့် ) ၎င်းကာကွယ်ဆေးနှင့် ပတ်သက် ၍ နေရာကွက်၍/တစ်ကိုယ် လုံး၌ ဓါတ်မတည့် တုန့်ပြန်မှုများ ဖြစ်နိုင်သည့် ဖော်ပြထားချက်များကို ရေတွက်ကြည့်ရာ ၇၃-ခုရှိနေသည်ကို စိတ်မသက်သာဖွယ် တွေ့ရှိရ သည် ဟု ရှန်ဟိုင်း အခြေစိုက် ကာကွယ်ဆေး ကျွမ်းကျင်သူ တောက်လင်နာ က တရုတ်လူမှုကွန်ယက် Weibo ၌ လွှင့်တင်ခဲ့ကြောင်း ဟောင်ကောင် မီဒီယာ Ming Pao က ရေးသား သည် ။

တရုတ်နိုင်ငံ ထုတ် SINOPHARM ကိုဗစ်ကာကွယ်ဆေး ကို ကမာ ္ဘ့အန္တရာယ် မကင်းဆုံး ကာကွယ်ဆေး အဖြစ် ရှန်ဟိုင်းအခြေစိုက် ကာကွယ်ဆေးကျွမ်းကျင်သူများဆို

ဆေးထိုးသည့်နေရာ၌ နာကျင်ခြင်း ၊ ခေါင်းကိုက်ခြင်းများ ဖြစ်ပေါ်နိုင်သည့်အပြင် သွေးပေါင်ချိန်မြင့်ခြင်း၊ အမြင်အာရုံဆုံးရှုံးခြင်း၊ အရသာခံစားမှု ပျောက်ကွယ်ခြင်း၊ ရာသီဓမ္မတာ ထိန်ခြင်း၊ ဆီးမထိန်းနိုင်ခြင်း စသည့် ပြင်းထန်သောဘေးထွက် ဆိုးကျိုးများ ဖြစ်ပွားနိုင်ခြေရှိသည်ဟု ပါရှိနေကြောင်း တောက်လင်နာက သူ၏ ကာကွယ် ဆေး၏ ညွှန်ကြားချက်လက်စွဲစာမျက်နှာတွင် ဒစ်ဂျစ်တယ်ဗားရှင်းဖြင့် ဖော်ပြထားသည် ဆို၏။

ဓါတ်မတည့် တုန့်ပြန်မှု ၇၃-ခု အထိ ဖြစ်နိုင်ခြေ ရှိကြောင်း အသိပေးထား သည့် အဆိုပါဆေးဝါးမျိုးနှင့် ပတ်သက် ၍ ကမ္ဘာ့အန္တရာယ် မကင်းဆုံးကာကွယ်ဆေးဖြစ်သည် ဟုသာ ရည်ညွှန်းရန်ရှိတော့ကြောင်း ၊ ဗိုင်းရပ်စ်ထိန်းချုပ်ဆေးဝါးများ တွင် ယခု ကာကွယ်ဆေးလောက် ဓါတ်မတည့် တုန့်ပြန်မှုများပြားခြင်း မရှိသဖြင့် လုံး၀ မကြုံစ ဖူးဖြစ် ရကြောင်း၊

ဆေးနှင့် ပတ်သက် ၍ ဖြစ်နိုင်သော ဘေးထွက်ဆိုးကျိုးများကိုရှည်လျားစွာ ဖော်ပြထားပါလျှက် လက်ခံထိုးနှံသူသည် ၎င်းဆိုးကျိုးများဖြစ်ပွားလာပါက လျော်ကြေးတောင်းခံ ပိုင်ခွင့် မရှိ “ မသက်ဆိုင်ကြောင်း ငြင်းဆန်ခြင်း” ပင်ဖြစ်သည်ဟု တောက်လင်နာက စွပ်စွဲထား သည် ။

Sinopharm ကာကွယ်ဆေးနှင့် ပတ်သက် ၍ ရေးသားဖော်ပြခဲ့သော တောက်လင်နာ၏ အကောင့် ကို Weibo အာဏာပိုင်များ က ချက်ချင်း ဖျက်သိမ်းပစ်လိုက်ရာ ၎င်း၏ စာမျက်နှာတွင် “ စည်းမျဉ်းများကို ချိုးဖောက်သောကြောင့် ဤ အကြောင်းအရာ ကို ကြည့်ရှု့၍ မရနိုင်ပါ”ဟူသော စာတန်းကိုသာ မြင်ရတော့သည်။

အသက် ၄၃-နှစ် အရွယ်ရှိသူ တောက်လင်နာသည် ရှန်ဟိုင်းရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ SCDC တွင် ၂၀၀၀ ပြည့်နှစ် သြဂုတ်လ ကတည်းက တာဝန်ထမ်းဆောင်ခဲ့ပြီး ကာကွယ်ဆေးဆိုင်ရာ စီမံခန့်ခွဲသူ တစ်ဦးဖြစ်သည် ။

တရုတ် ( ပြည်မကြီး) မှ ကာကွယ်ဆေးဆိုင်ရာ ကျွမ်းကျင်သူ တောက်လင်နာ ၏ တရုတ် လူမှုကွန်ယက် ၌ ဖော်ပြချက် ကို ဟောင်ကောင်မီဒီယာက တရုတ်ဘာသာဖြင့် ဖော်ပြပြီး ထိုင်ဝမ်သတင်းစာက အင်္ဂလိပ်ဘာသာဖြင့် ပြန်လည်ရေးသားသည်။

၎င်းသတင်းကို အိန္ဒိယ ၊ ဘင်္ဂလားဒေ့ရှ်နှင့် ဗြိတိန် Daily Mail တို့က မှီငြမ်း/ကူးယူ ဖော်ပြကြောင်း လက်လှမ်းမီသမျှ တွေ့ရှိရသည်။

မူရင်း HtayOung, Oungmarine မှ ကောက်နှုတ်ဖော်ပြပါသည်။ ( လေးစားစွာ ခရက်ဒစ် ပေးပါသည်။)

Zawgyi

အျမင္အာ႐ုံ ဆုံးရႈံးျခင္း အပါအဝင္ ေဘးထြက္ဆိုးက်ိဳး ၇၃-ခု ရွိသည့္ ဟု ေတြ႕ရွိၿပီးေနာက္ ကမာ ၻ့အႏၲရာယ္ မကင္းဆုံး ကာကြယ္ေဆး အျဖစ္ ရွန္ဟိုင္းအေျခစိုက္ ကာကြယ္ေဆးကြၽမ္းက်င္သူမ်ား ဆိုလိုက္ ပါတယ္

Sinopharm ကိုရိုနာ ဗိုင္းရပ္စ္ ကာကြယ္ေဆး သည္ ေဘးထြက္ ဆိုးက်ိဳး ၇၃ ခု ျဖစ္ေစေၾကာင္း ေတြ႕ရွိရၿပီးေနာက္ ကမာ ၻ့အႏၲရာယ္ မကင္းဆုံး ကာကြယ္ေဆး အျဖစ္ တ႐ုတ္ကာကြယ္ေဆး ကြၽမ္းက်င္သူ တို႔က ရည္ၫႊန္းသည္ ဟု ထိုင္ဝမ္နိုင္ငံ တိုင္ေပအေျခစိုက္ Taiwan News ( Jan.06,2021 ) က ေဖာ္ျပ သည္ ။

လြန္ခဲ့ သည့္ ဒီဇင္ဘာ ၃၀-ရက္ေန႕တြင္ တ႐ုတ္ အမ်ိဳးသားေဆးဘက္ ပစၥည္းမ်ား ဆိုင္ရာၫႊန္ၾကားမႈအဖြဲ႕က BBIBP-CorV အမည္ရွိ ကိုရိုနာဗိုင္းရပ္စ္ေရာဂါ ကာကြယ္ေဆးကို ကြန္ျမဴနစ္နိုင္ငံ အတြင္း အေထြေထြသုံး အျဖစ္ တရားဝင္ အတည္ျပဳေပး ခဲ့သည္ ။ အဆိုပါ ကာကြယ္ေဆး ကို တ႐ုတ္ အမ်ိဳးသားေဆးဝါးေကာ္ပိုေရးရွင္း (Sinopharm) ၏ လက္ေအာက္ခံ တ႐ုတ္အမ်ိဳးသား ဇီဝနည္းပညာ အုပ္စု ( CNBG ) က ထုတ္လုပ္ျခင္းျဖစ္ သည္။

တ႐ုတ္ အစိုးရ ၏ အတည္ျပဳျခင္း ခံရေသာ ၎ဝူဟန္ဗိုင္းရပ္စ္ကာကြယ္ေဆးမွာ ေႏွာင္းပိုင္းအဆင့္စမ္းသပ္မႈမ်ား အရ ထိေရာက္မႈ ၇၉.၃၄ ရာခိုင္ႏႈန္းရွိေၾကာင္း ေပက်င္း အစိုးရပိုင္ မီဒီယာမ်ားက ေရးသားခဲ့ၾက သည္။

သို႔ေသာ္ ( Sinopharm ဟု အမ်ားသိၾကသည့္ ) ၎ကာကြယ္ေဆးႏွင့္ ပတ္သက္ ၍ ေနရာကြက္၍/တစ္ကိုယ္ လုံး၌ ဓါတ္မတည့္ တုန႔္ျပန္မႈမ်ား ျဖစ္နိုင္သည့္ ေဖာ္ျပထားခ်က္မ်ားကို ေရတြက္ၾကည့္ရာ ၇၃-ခုရွိေနသည္ကို စိတ္မသက္သာဖြယ္ ေတြ႕ရွိရ သည္ ဟု ရွန္ဟိုင္း အေျခစိုက္ ကာကြယ္ေဆး ကြၽမ္းက်င္သူ ေတာက္လင္နာ က တ႐ုတ္လူမႈကြန္ယက္ Weibo ၌ လႊင့္တင္ခဲ့ေၾကာင္း ေဟာင္ေကာင္ မီဒီယာ Ming Pao က ေရးသား သည္ ။

ေဆးထိုးသည့္ေနရာ၌ နာက်င္ျခင္း ၊ ေခါင္းကိုက္ျခင္းမ်ား ျဖစ္ေပၚနိုင္သည့္အျပင္ ေသြးေပါင္ခ်ိန္ျမင့္ျခင္း၊ အျမင္အာ႐ုံဆုံးရႈံးျခင္း၊ အရသာခံစားမႈ ေပ်ာက္ကြယ္ျခင္း၊ ရာသီဓမၼတာ ထိန္ျခင္း၊ ဆီးမထိန္းနိုင္ျခင္း စသည့္ ျပင္းထန္ေသာေဘးထြက္ ဆိုးက်ိဳးမ်ား ျဖစ္ပြားနိုင္ေျခရွိသည္ဟု ပါရွိေနေၾကာင္း ေတာက္လင္နာက သူ၏ ကာကြယ္ ေဆး၏ ၫႊန္ၾကားခ်က္လက္စြဲစာမ်က္ႏွာတြင္ ဒစ္ဂ်စ္တယ္ဗားရွင္းျဖင့္ ေဖာ္ျပထားသည္ ဆို၏။

ဓါတ္မတည့္ တုန႔္ျပန္မႈ ၇၃-ခု အထိ ျဖစ္နိုင္ေျခ ရွိေၾကာင္း အသိေပးထား သည့္ အဆိုပါေဆးဝါးမ်ိဳးႏွင့္ ပတ္သက္ ၍ ကမာၻ႔အႏၲရာယ္ မကင္းဆုံးကာကြယ္ေဆးျဖစ္သည္ ဟုသာ ရည္ၫႊန္းရန္ရွိေတာ့ေၾကာင္း ၊ ဗိုင္းရပ္စ္ထိန္းခ်ဳပ္ေဆးဝါးမ်ား တြင္ ယခု ကာကြယ္ေဆးေလာက္ ဓါတ္မတည့္ တုန႔္ျပန္မႈမ်ားျပားျခင္း မရွိသျဖင့္ လုံး၀ မႀကဳံစ ဖူးျဖစ္ ရေၾကာင္း၊

ေဆးႏွင့္ ပတ္သက္ ၍ ျဖစ္နိုင္ေသာ ေဘးထြက္ဆိုးက်ိဳးမ်ားကိုရွည္လ်ားစြာ ေဖာ္ျပထားပါလွ်က္ လက္ခံထိုးႏွံသူသည္ ၎ဆိုးက်ိဳးမ်ားျဖစ္ပြားလာပါက ေလ်ာ္ေၾကးေတာင္းခံ ပိုင္ခြင့္ မရွိ “ မသက္ဆိုင္ေၾကာင္း ျငင္းဆန္ျခင္း” ပင္ျဖစ္သည္ဟု ေတာက္လင္နာက စြပ္စြဲထား သည္ ။

Sinopharm ကာကြယ္ေဆးႏွင့္ ပတ္သက္ ၍ ေရးသားေဖာ္ျပခဲ့ေသာ ေတာက္လင္နာ၏ အေကာင့္ ကို Weibo အာဏာပိုင္မ်ား က ခ်က္ခ်င္း ဖ်က္သိမ္းပစ္လိုက္ရာ ၎၏ စာမ်က္ႏွာတြင္ “ စည္းမ်ဥ္းမ်ားကို ခ်ိဳးေဖာက္ေသာေၾကာင့္ ဤ အေၾကာင္းအရာ ကို ၾကည့္ရႈ႕၍ မရနိုင္ပါ”ဟူေသာ စာတန္းကိုသာ ျမင္ရေတာ့သည္။

အသက္ ၄၃-ႏွစ္ အ႐ြယ္ရွိသူ ေတာက္လင္နာသည္ ရွန္ဟိုင္းေရာဂါ ထိန္းခ်ဳပ္ေရးႏွင့္ ကာကြယ္ေရးစင္တာ SCDC တြင္ ၂၀၀၀ ျပည့္ႏွစ္ ၾသဂုတ္လ ကတည္းက တာဝန္ထမ္းေဆာင္ခဲ့ၿပီး ကာကြယ္ေဆးဆိုင္ရာ စီမံခန႔္ခြဲသူ တစ္ဦးျဖစ္သည္ ။

တ႐ုတ္ ( ျပည္မႀကီး) မွ ကာကြယ္ေဆးဆိုင္ရာ ကြၽမ္းက်င္သူ ေတာက္လင္နာ ၏ တ႐ုတ္ လူမႈကြန္ယက္ ၌ ေဖာ္ျပခ်က္ ကို ေဟာင္ေကာင္မီဒီယာက တ႐ုတ္ဘာသာျဖင့္ ေဖာ္ျပၿပီး ထိုင္ဝမ္သတင္းစာက အဂၤလိပ္ဘာသာျဖင့္ ျပန္လည္ေရးသားသည္။

၎သတင္းကို အိႏၵိယ ၊ ဘဂၤလားေဒ့ရွ္ႏွင့္ ၿဗိတိန္ Daily Mail တို႔က မွီျငမ္း/ကူးယူ ေဖာ္ျပေၾကာင္း လက္လွမ္းမီသမွ် ေတြ႕ရွိရသည္။

မူရင္း HtayOung, Oungmarine မွ ေကာက္ႏႈတ္ေဖာ္ျပပါသည္။ ( ေလးစားစြာ ခရက္ဒစ္ ေပးပါသည္။)

Leave a Reply

Your email address will not be published. Required fields are marked *