တရုတ်နိုင်ငံ တွင် ကိုဗစ်ပိုး ရှိမရှိ ကို စအို တို့ဖတ် နမူနာယူ စစ်ဆေး

Posted on

နိုင်ငံတကာ ၊ ဇန်နဝါရီ (၂၈) ရက် ၊ ၂၀၂၁

ကိုဗစ်ရောဂါပိုး ရှိမရှိ ကို အာခေါင်တို့ပတ်၊ နှာခေါင်းတို့ဖတ်ယူ စစ်ဆေးတဲ့ စနစ် နဲ့ စစ်ဆေးကြပေမယ့် တရုတ် နိုင်ငံကတော့ ဒီတို့ဖတ်နမူနာယူမှုတွေထက် ပိုပြီး အဆင်ပြေစေမယ့် စအို တို့ဖတ်နမူနာယူတဲ့ စစ်ဆေးမှုတွေ လုပ်နေခဲ့တယ် လို့ nzherald သတင်းဌာနက ဖော်ပြထား ပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ် က ပေကျင်းမြို့မှာ ကိုးနှစ် အရွယ် ကလေး အပါအဝင် ကိုဗစ် ကူးစက်လူနာတွေ ပြန်တွေ့ရှိရပြီးနောက် သူတို့ရဲ့ အိမ်နီးနားချင်းတွေ ကို ပိုးရှိမရှိစစ်ဆေးရာမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့သူတွေ ကို ခက်ခက်ခဲခဲ စစ်ဆေးခဲ့ရလို့ စအိုထဲက တို့ဖတ်ယူပြီး စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။

တရုတ်နိုင်ငံ တွင် ကိုဗစ်ပိုး ရှိမရှိ ကို စအို တို့ဖတ် နမူနာယူ စစ်ဆေး

နှာခေါင်း နဲ့ အာခေါင်တို့ဖတ်မွှေနှောက်ရယူတာ ခံရခက်စေ အတွက် စအိုထဲကို သုံးစင်တီမီတာကနေ ငါးစင်တီမီတာ အထိ စစ်ဆေးတံ ကို နှစ်ကြိမ်ထိုးထည့်ပြီး ဆယ်စက္ကန့်အကြာ မှာ ပြန်ထုတ်ယူလို့ နမူနာသေတ္တာထဲ ထည့်သွင်းစစ်ဆေးတာ က ပိုမိုသက်သာထိရောက်တာတွေ့ရတယ်လို့ နိုင်ငံပိုင်ရုပ်သံက ထုတ်လွှင့်မှုပြုလုပ်သွား ပါတယ်။

တရုတ်နိုင်ငံ တွင် ကိုဗစ်ပိုး ရှိမရှိ ကို စအို တို့ဖတ် နမူနာယူ စစ်ဆေး

ပြီးခဲ့တဲ့ ဇန်နဝါရီ ( ၁၇ ) ရက်နေ့ကစလို့ ပေကျင်း မှာ နေထိုင်သူ သုံးသန်းကျော် ကို ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးမှုတွေ လုပ်ခဲ့ပြီး စအိုတို့ဖတ်ယူစစ်ဆေးတာကို မနှစ်ကတည်းက စတင် လုပ်ဆောင်ခဲ့တာ လို့ ဆို ပါတယ်။

တရုတ်နိုင်ငံ တွင် ကိုဗစ်ပိုး ရှိမရှိ ကို စအို တို့ဖတ် နမူနာယူ စစ်ဆေး

ဒီလို တို့ဖတ်ယူတာ ကို ကွာရန် တိုင်းစင်တာတွေက စိုးရိမ်ရတဲ့ အသက်အရွယ် ၊ ရောဂါအခံရှိသူတွေ ကို အဓိကထားသုံးခဲ့တယ် လို့ တရုတ်နိုင်ငံ ရောဂါ ထိန်းချုပ်ရေးဋ္ဌာန ကျွမ်းကျင်သူတွေ က အတည်ပြုပြောဆိုခဲ့ ပါတယ် ။

Ref : nzherald

Zawgyi

နိုင္ငံတကာ ၊ ဇန္နဝါရီ (၂၈) ရက္ ၊ ၂၀၂၁

ကိုဗစ္ေရာဂါပိုး ရွိမရွိ ကို အာေခါင္တို႔ပတ္၊ ႏွာေခါင္းတို႔ဖတ္ယူ စစ္ေဆးတဲ့ စနစ္ နဲ႕ စစ္ေဆးၾကေပမယ့္ တ႐ုတ္ နိုင္ငံကေတာ့ ဒီတို႔ဖတ္နမူနာယူမႈေတြထက္ ပိုၿပီး အဆင္ေျပေစမယ့္ စအို တို႔ဖတ္နမူနာယူတဲ့ စစ္ေဆးမႈေတြ လုပ္ေနခဲ့တယ္ လို႔ nzherald သတင္းဌာနက ေဖာ္ျပထား ပါတယ္။

ၿပီးခဲ့တဲ့ တစ္ပတ္ က ေပက်င္းၿမိဳ႕မွာ ကိုးႏွစ္ အ႐ြယ္ ကေလး အပါအဝင္ ကိုဗစ္ ကူးစက္လူနာေတြ ျပန္ေတြ႕ရွိရၿပီးေနာက္ သူတို႔ရဲ႕ အိမ္နီးနားခ်င္းေတြ ကို ပိုးရွိမရွိစစ္ေဆးရာမွာ အသက္အႏၲရာယ္ စိုးရိမ္ရတဲ့သူေတြ ကို ခက္ခက္ခဲခဲ စစ္ေဆးခဲ့ရလို႔ စအိုထဲက တို႔ဖတ္ယူၿပီး စစ္ေဆးခဲ့တာလို႔ ဆိုပါတယ္။

ႏွာေခါင္း နဲ႕ အာေခါင္တို႔ဖတ္ေမႊေႏွာက္ရယူတာ ခံရခက္ေစ အတြက္ စအိုထဲကို သုံးစင္တီမီတာကေန ငါးစင္တီမီတာ အထိ စစ္ေဆးတံ ကို ႏွစ္ႀကိမ္ထိုးထည့္ၿပီး ဆယ္စကၠန႔္အၾကာ မွာ ျပန္ထုတ္ယူလို႔ နမူနာေသတၱာထဲ ထည့္သြင္းစစ္ေဆးတာ က ပိုမိုသက္သာထိေရာက္တာေတြ႕ရတယ္လို႔ နိုင္ငံပိုင္႐ုပ္သံက ထုတ္လႊင့္မႈျပဳလုပ္သြား ပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီ ( ၁၇ ) ရက္ေန႕ကစလို႔ ေပက်င္း မွာ ေနထိုင္သူ သုံးသန္းေက်ာ္ ကို ကိုရိုနာဗိုင္းရပ္စ္ပိုး စစ္ေဆးမႈေတြ လုပ္ခဲ့ၿပီး စအိုတို႔ဖတ္ယူစစ္ေဆးတာကို မႏွစ္ကတည္းက စတင္ လုပ္ေဆာင္ခဲ့တာ လို႔ ဆို ပါတယ္။

ဒီလို တို႔ဖတ္ယူတာ ကို ကြာရန္ တိုင္းစင္တာေတြက စိုးရိမ္ရတဲ့ အသက္အ႐ြယ္ ၊ ေရာဂါအခံရွိသူေတြ ကို အဓိကထားသုံးခဲ့တယ္ လို႔ တ႐ုတ္နိုင္ငံ ေရာဂါ ထိန္းခ်ဳပ္ေရး႒ာန ကြၽမ္းက်င္သူေတြ က အတည္ျပဳေျပာဆိုခဲ့ ပါတယ္ ။

Ref : nzherald

Leave a Reply

Your email address will not be published. Required fields are marked *