တရုတ်ကနေ ထွက်ခွာလာမည့် ကုမ္ပဏီများကို အခွန်သက်သာခွင့်ပေး မည်ဟု ဒေါ်နယ်ထရန့် ပြောပြီ

Posted on


ဒေါ်နယ်ထရမ့်

ဒါ့အပြင် တရုတ်မှာ အလုပ်သွားအပ်တဲ့ အမေရိကန် ကုမ္ပဏီ တွေကိုလည်း အစိုးရ ရဲ့ စီမံကိန်းသဘော တူညီချက် စာချုပ်တွေ ကနေ ဖယ်ရှား ပစ်မယ် လို့ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက် လိုက် ပါသေး တယ်။



တရုတ်ကနေ ထွက်ခွာလာမယ့်


Unicode

တရုတ်ပြည်မှာ စက်ရုံတွေ လည်ပတ်လုပ်ကိုင်နေတဲ့ အမေရိကန် ကုမ္ပဏီတွေအနေနဲ့ အဲဒီကနေ ထွက်ခွာပြီး ပြည်တွင်းမှာ ပြန်လုပ်မယ်ဆိုရင် အခွန်ခုနှိမ် သက်သက်ခွင့်တွေ ပေးမယ်လို့ ဒေါ်နယ်ထရမ့် မနေ့က ပြောဆိုလိုက် ပါတယ်။

ဒါ့အပြင် တရုတ်မှာ အလုပ်သွားအပ်တဲ့ အမေရိကန် ကုမ္ပဏီ တွေကိုလည်း အစိုးရ ရဲ့ စီမဲကိန်းသဘော တူညီချက် စာချုပ်တွေ ကနေ ဖယ်ရှား ပစ်မယ် လို့ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်လိုက် ပါသေးတယ်။

တရုတ်ဆီ ရောက်နေ တဲ့ အလုပ်နေရာတွေ ကို အမေရိကန်ဆီ ပြန်ယူလာ မယ့် ကုမ္ပဏီတွေ ကို ကျုပ်တို့တွေက အခွန်ခုနှိမ် သက်သာခွင့်တွေ ပေးသွား ပါမယ် ၊ ကမ္ဘာ့သမိုင်း ရဲ့ အကြီးကျယ် ခမ်းနားဆုံး စီးပွားရေးနိုင်ငံကြီး ကို ကျုပ်တို့ တည်ထောင်ခဲ့ပါ တယ် ။

အခုလည်းအဲ့ ဒီလို ပြန်ဖြစ်အောင် လုပ်သွားပါမယ် လို့ ထရမ့်ကပြောပါတယ်။ မနေ့က ထရမ့်ပြောဆိုသွားတဲ့ မိန့်ခွန်းထဲမှာ လာမယ့် ၁၀လ အတွင်း အမေရိကန်မှာ အလုပ်နေရာပေါင်း ၁၀သန်းကို ဖန်တီးပေးမယ် လို့ ကတိပြုပြောဆို ခဲ့ပြီး တရုတ်အပေါ် မှီခိုနေတဲ့ အပြစ် ကို အဆုံး သတ်ပစ်မယ်လို့ပြောသွား ပါတယ်။

ထရမ့်အနေ နဲ့ တရုတ်နည်း ပညာ ကုမ္ပဏီတွေဖြစ် တဲ့ Huawei, WeChat နဲ့ TikTokကို ထိုးနှက် တိုက်ခိုက်ပြီး မှာ အခုလို အမေရိကန် ကုမ္ပဏီတွေက တရုတ်ကနေ ထွက်ခွာဖို့ဆွဲဆောင် သိမ်းသွင်းလာတာဖြစ်ပြီး အမေရိကန်နဲ့တရုတ်ကြား မှာ တင်းမာမှုတွေ ကို လောင်စာမြင့်တင်ပေး တဲ့ နောက်ဆုံးမီးစ တစ်ခုလည်းဖြစ်လာ ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *