ဆရာ မင်းသုခ ၏ ၂၀၂၁ ခုနှစ် ( ၁၂ ) လပိုင်း အတွက် ၁ လစာဟောစာတမ်း

Posted on

၂၀၂၁ ခုနှစ် ( ၁၂ ) လပိုင်း အတွက် ၁ လစာဟောစာတမ်း

မင်္ဂလာပါ….

၁.၁၂.၂၀၂၁ မှ ၃၁.၁၂.၂၀၂၁ ထိ မိတ်ဆွေများ အားလုံး အတွက် ဆရာ့မိတ်ဆွေများ တစ်လတစ်ကြိမ် ဟောစာတမ်းများ ဆရာကိုယ်တိုင် ရေးသားတင်ပြ ပေးနေပါ တယ်။ ယတြာများလဲ အမြဲတင်ပြပေးနေ ပါတယ်။ မိမိဖတ်ရှုပြီးပါက သူငယ်ချင်း အပေါင်းသင်းများ ဖတ်ရှုနိုင်ရန် ရှယ်ထားကြ ပါ။ ဟောစတမ်းအပြင် ယတြာလေးတွေပါလို့ သိမ်းထားဖို့ မမေ့နဲ့နော်။

တနင်္ဂနွေ သားသမီးများ

တနင်္ဂနွေ သားသမီးတွေအနေ နဲ့ ဒီကာလ အတွင်း သူများကိစ္စ ကြားဝင်ကူညီခြင်း ၊ အာမခံခြင်း တွေကြောင့် အထူးဒုက္ခရောက် တတ် ပါတယ်။ လင်မယားကြား မိတ်ဆွေတွေကြား ဘယ်သူ့ကြားမှ မဝင်မိပါစေနဲ့။ ဘယ်စီးပွားရေးနယ်ပယ်မှာဖြစ်ဖြစ် အခုကာလမှာ ရတာကနည်းနည်း ၊ပြဿ နာရှင်းရတာကများများ ဖြစ်နေလိမ့်မယ်။ ရွှေငွေလက်ဝတ်ရတနာများ ကျပျောက်ခြင်း သူခိုးခိုခံရခြင်းတွေ ကြုံနိုင်တယ်။ လူငယ်တွေအနေနဲ့ စီးပွားတွက် တွက်နေတဲ့ချစ်သူကြောင့် စိတ်ညစ်ရမယ်။ ချစ်သူကို အချိန်ပေးဖို့ထက် ငွေနောက်ပဲ လိုက်နေပါလိမ့်မယ်။ အလုပ်မှာ ရန်ပေါ်နိုင်တဲ့ ကာလပါ။ အလုပ်ရှာနေသူများ အလုပ်ရဖို့ ဝေးနေပါလိမ့်မယ်။ အရမ်းရင်းနှီးသူတွေနဲ့ ခွဲခွာရတတ်ပါတယ်။ ကျန်းမာရေး သိပ်မညံ့ပေမဲ့ ပညာရေးကံကြမ္မာကတော့ အညံ့ဆုံး အနေအထားကို ရောက်နေတဲ့ ကာလပါပဲ။ နောက်ဆုံးပြောချင်တာက ဘယ်သူကိုမှ မယုံသင့်ဘူးလို့ ပြောချင်ပါတယ်။

အထူးဟော = ကံညံ့နေသည်။

ယတြာ = သင်္ဘောသီးဖျော်ရည်တစ်ခွက် မွေးနေ့နံနက်မှာ ဘုရားကပ်လှူလိုက်ပါ။

တနင်္လာသားသမီးများအတွက်

ဆုံးဖြတ်ရ ခက်နေလိမ့်မယ်။ အရာရာ သတိထားဆောင်ရွက်ပါ။ ရှေ့တိုးဆောင်ရွက်မဲ့ ကိစ္စများ မိမိဆုံးဖြတ်ချက် တစ်ခုတည်းနဲ့ မဆုံးဖြတ်ပါနဲ့။ အလုပ်နဲ့ပက်သက်ပြီး စိတ်ရှုပ်နေရပါတယ်။ မသွားချင်တဲ့ နေရာသွားရခြင်း၊ နယ်ပြောင်းခံရခြင်းတွေ ကြုံတွေ့ရပါလိမ့်မယ်။ အထက်လူကြီးက မိမိအပေါ် အမြင်မကြည်တာမျိုးတွေလဲ ရှိနေပါတယ်။ စိတ်အရမ်း ညစ်ရတတ်တယ်။ အိမ်ထောင်ဘက်အချင်းချင်း စကားအခြေအတင် များရတတ်တယ်။ မိသားစုနဲ့ ခွဲခွာရတတ်ပါတယ်။ မိတ်ဆွေကောင်းတွေရဲ့ ကူညီမှုအများကြီးရမဲ့ အချိန်ပါပဲ။ ကျန်းမာရေးလဲ အနည်းငယ် အားနည်းနေပါတယ်။

နေပူနည်းနည်း မိတာမျိုး၊ အိပ်ရေးပျက်တာမျိုးကြုံတာနဲ့ ဖျားနာတတ်ပါတယ်။ စိတ်ပြေလက်ပျောက် ခရီးထွက်ခြင်း၊ ကလေးတွေကို ပျော်အောင်လုပ်ပေးခြင်းဖြင့် ကံတွေပြန်မြင့်လာပါလိမ့်မယ်။ အချစ်ရေးမှာ ချစ်သူနဲ့ အနေဝေးဖို့ အကြောင်းဖန်လာလိမ့်မယ်။ ပညာရေးအတွက်တော့ စိတ်အေးချမ်းရမဲ့ အချိန်ပါပဲ။

အထူးဟော – ရွေးချယ်ရ ခက်နေလိမ့်မယ်။

ယတြာ – ကြံရည်တစ်ခွက် မွေးနေ့ညနေခင်းမှာ ဘုရားကပ်ပါ။

အင်္ဂါသားသမီးများအတွက်

ကံဇာတာ အထူးမြင့်မားနေချိန်ပါပဲ။ ကျန်းမာရေး ဒေါင်ဒေါင်မြည် နေပါလိမ့်မယ်။ နေမကောင်းဖြစ်နေသူများ ဒီကာလတွင် ဆေးတိုးသွားတတ်ပါတယ်။ နာတာရှည်ရောဂါသည်များ ဆရာကောင်းသမားကောင်းတွေ့မည်။ ငွေကြေးအဘက်ဘက်က ဝင်လာမဲ့အချိန်ပါပဲ။ ငွေအရမ်းရွှင်မှာပါ။ ငွေကြေးရင်းနှီးမှုလုပ်ငန်းတွေ စတင်ပြုလုပ်ဖို့ ကောင်းပါပြီ။ တစ်ခုသတိထားရမှာက လူများများနဲ့ အုပ်စုဖွဲ့သွားလာခြင်း ညဉ့်နက်သန်းခေါင် အပြင်ထွက်ခြင်းကို ဒီကာလအတွင်း လျှော့ပါ။

ပြဿနာက မဖိတ်ခေါ်ဘဲ ရောက်လာတတ်လို့ပါ။ အစုစပ်အလုပ်၊ ရှယ်ယာအလုပ်တွေ ခဏဆိုင်းထားပါအုံး။ ချစ်ရသူဆီက အဖြေ မတောင်းသင့်သေးသလို စိတ်ကောက်နေတဲ့ချစ်သူကိုလဲ မချော့ပါနဲ့အုံး။ အလုပ်စီးပွားကံ ကတော့ အထူးပြောစရာမလိုအောင် ကောင်းနေပါတယ်။ ပညာရေးကံ ကောင်းနေချိန်ပါပဲ။

အထူးဟော = ကံအထူးကောင်းသည်။

ယတြာ = ရဟန်းသံဃာတွေကို ဆေးလှူဒါန်းပါ။

ဗုဒ္ဓဟူးသားသမီးများအတွက်

မိသားစုနဲ့ အလုပ်ကြား ဗျာများရမည် ။ အလုပ်အဆင်ပြေနေလို့ အလုပ်ထဲ စိတ်နှစ်မယ် ကြံပြီးခါမှ မိသားစု ပြဿနာတွေကြောင့် အလုပ်ပျက် အကိုင်ပျက်ဖြစ်နေရမည်။ လုပ်ငန်းတူအချင်းချင်း အားပြိုင်မှု တိုက်ခိုက်မှုတွေ ရှိပေမဲ့ အဆုံးသတ် မိမိသာအနိုင်ရမည်။ အလုပ်ပင်ပန်းခြင်း၊ လူမှုရေးကိစ္စတွေကြောင့် ပင်ပန်းတာတွေစုပြီး ဖျားနာတတ်တဲ့အချိန်ပါ။ စီးပွားရေးချဲ့ထွင်ဖို့ စပ်တူလုပ်ငန်းစတင်ဖို့ အကောင်းဆုံးကာလပါပဲ။ ပညာရေး အခန်းကဏ္ဍကတော့ အားနည်းနေပါတယ်။ လူငယ်တွေ စာထဲ စိတ်မပါဖြစ်တတ်တယ်။ စာကျက်ဖို့ ပျင်းနေလိမ့်မယ်။ လခစားဝန်ထမ်းများ နေရာကောင်းရခြင်း ၊ရာထူးတိုးခြင်းမျိုး ရှိနေလိမ့်မယ်။ အချစ်ရေးကံကတော့ မကောင်းနိုင်သေးပါဘူး။ ချစ်သူက မိမိအပေါ် ယုံကြည်မှု ကင်းမဲ့လာတတ်ပါတယ်။

အထူးဟော = စီးပွားရေးကောင်းမည်။

ယတြာ = ဘုရားစိန်ဖူးတော်ပုံအား ဓမ္မဒါနလက်ဆောင်ပေး ဖြန့်ဝေပါ။

ရာဟုသားသမီးများအတွက်

စိတ်လေနေတတ်တယ်။ ဆုံးဖြတ်ရခက် တာမျိုး ကြုံရ လိမ့်မယ်။ မိဘတွေ အတွက် ပူပန်စိတ်ညစ် ရတတ် တယ် ။ လုပ်ငန်းစီးပွား ဆုတ်ယုတ်တတ်တယ်။ အလုပ်ဒဏ် ပိနေတတ်တယ်။ လူမျိုးခြား၊ ဘာသာခြား တွေရဲ့ ကူညီမစခြင်း ခံရ မယ်။ ခရီးကိစ္စ၊ နိုင်ငံရပ်ခြားနဲ့ ဆက်သွယ်လုပ်ရတဲ့အလုပ်တွေ အကျိုးပေးနည်းချိန်ပါပဲ။ ကျန်းမာရေး အထူးကောင်းချိန်ပါပဲ။ အချစ်ရေးကိစ္စ ၊ စုတ်ကိစ္စတွေ ရှုပ်ထွေးမှုတွေ ဖြစ်နိုင်ပါတယ်။ ပညာရေးကဏ္ဌ၊ သင်ကြားရေးကဏ္ဌကတော့ အထူး ကောင်းမွန်နေပါတယ်။ ပုံမှန်အတိုင်းသာ လုပ်ဆောင်သင့်တဲ့ အချိန်ပါ။ ရှေ့တိုးဆောင်ရွက်စရာ ကိစ္စများ တစ်ခုခုလုပ်တာနဲ့ ပျက်ဖို့များပါတယ်။

အထူးဟော = အရာရာလွဲချော်နေမည်

ယတြာ = ခရေပန်း မွေးနေ့၌လှူဒါန်းပါ။

ကြာသပတေးသားသမီးများအတွက်

လူလိမ်ခံရလိမ့်မယ်။ အရမ်းရင်းနှီးတဲ့သူတွေရဲ့သစ္စာဖောက်ခြင်းခံရမည်။ အောက်လက်ငယ်သားတွေကို အရမ်းအရေးကြီးတဲ့ ကိစ္စများ မျက်နှာလွှဲ မခိုင်းသင့်ပါ။ လူယုံဒုက္ခပေးမဲ့ အချိန်ပါပဲ။ စက်၊ ကားမောင်းနှင်ခြင်း၊ စက်ပစ္စည်း ကိုင်တွယ်အသုံးပြုခြင်း အထူးသတိထားပါ။ မတော်တဆ ထိခိုက်လွယ်တဲ့ ကာလတစ်ခုမို့ လိုပါပဲ။ ဘာကိစ္စမဆို အဆုံးသတ် ပြီးဆုံးအောင် မလုပ်နိုင်ခြင်း၊ စထားပြီး တစ်ဝက်တပျက်ဖြစ်ရခြင်းမျိုး ကြုံရမှာပါ။ ဒါကြောင့် အိမ်ပြင်အိမ်ဆောက်ခြင်း၊ လုပ်ငန်းသစ်စတင်ခြင်းမျိုး လုံးဝမလုပ်ပါနဲ့။ အချစ်ရေးကံ အထူးညံ့နေချိန်ပါ။ ချစ်သူနဲ့မျက်နှာချင်း ဆိုင်တာနဲ့ ပြဿနာတတ်ခြင်း၊ စကားအခြေအတင်ပြောရခြင်းတွေ ကြုံရပါလိမ့်မယ်။ ပညာရေးက အကောင်းဆုံး ကာလပါပဲ။ ကျန်းမာရေး ကောင်းနေပေမဲ့ ထိမိ ခိုက်မိ ဖြစ်တာမျိုး ရှိနိုင်တယ်။

အထူးဟော = ထိခိုက်လွယ်နေသည်။

ယတြာ = မိမိ၏ မွေးနေ့အပတ်တိုင်း (7) ပတ်တိတိ သက်သတ်လွတ် စားပေးပါ။ ဘုရားမှာ ရွှေဆိုင်း ကပ်ပေးပါ။

သောကြာသားသမီးများအတွက်

အဘက်ဘက်က ဖေးမကူညီမှုတွေကြောင့် လိုချင်သောပန်းတိုင်ကို ရောက်မည်။ လုပ်ငန်းစီးပွား အထူးတိုးတတ်မည်။ ဝန်ထမ်းဆို နေရာပေးခံရခြင်း၊ နေရာကောင်းရခြင်းတွေ ရှိလာပါလိမ့်မယ်။ ဒီကာလမှာပဲ အခြားသူများအား အကြံပေးခြင်း၊ နှုတ်၏ဆောင်မခြင်းဖြင့် ထိုသူတွေ အဆင်ပြေချောမွေ့မဲ့ ကာလပါပဲ။ မိမိသြဇာ ညောင်းမဲ့အချိန်ပါ။ ကောင်းသောခရီး ဘာသာရေးနဲ့ သက်ဆိုင်သောခရီးတွေလဲ သွားရပါလိမ့်မယ်။

အိမ်ထောင်သည်ဆို တစိမ်း မိန်းကလေးတွေ (ယောကျာ်းလေးတွေ) နဲ့ ဝေးဝေးနေပါ။ စွပ်စွဲခြင်းခံရမည်။ ငယ်ရွယ်သူများအသက်ကြီး၊ မလွတ်လပ်သူတွေရဲ့ဖြားယောင်းသွေးဆောင်ခြင်းခံရပါလိမ့်မည်။ ငွေကြေးလာဘ်လာဘတွေလဲ ဝင်လာပါလိမ့်မယ်။ မိမိဆိုင် ဖောက်သည်အသစ်တွေ တိုးလာပါလိမ့်မယ်။ ကျန်းမာရေး ပညာရေး အကောင်းဆုံးကာလပါပဲ။

အထူးဟော = ပြောသမျှ ဖြစ်မည်။

ယတြာ = မွေးနေ့တွင် သစ်သီး (၇) မျိုး ဘုရားလှူပါ။

စနေသားသမီးများအတွက်

အကောင်းအဆိုး မျှနေချိန်လို့ပဲ ပြောရမလား မသိတော့ပါဘူး။ ကံညံလားဆိုတော့ မညံ့ဘူး။ ကောင်းနေလားဆိုတော့လဲ ထင်သလောက် မကောင်းပါဘူး။ အိမ်ထောင်ဘက်ရဲ့ အိမ်ထောင်ရေး ရှုပ်ထွေးမှုလေးတွေ စန်းပွင့်နေမှုတွေကြောင့် မိမိဗျာများရတတ်တယ်။ အလုပ်စီးပွားက အတိုက်အခိုက်လေးတွေ ရှိပေမဲ့တိုးတတ်မဲ့သဘော ရှိတယ်။ အဆိုးဆုံးက သူများအကြံပေးလို့ ဘာတစ်ခုမှ မလုပ်မိစေနဲ့။ ဒုက္ခတွေ့လိမ့်မယ်။ မိမိဆုံးဖြတ်ချက် ၊မိမိစိတ်ကူးနဲ့သာ အနာဂတ်ကို ပုံဖော်သင့်တဲ့အချိန်ပါ။ ငွေကြေးကံ အတော်အသင့်ကောင်းနေသလို လာဘ်လဲရွှင်မဲ့ အချိန်ပါ ။ မူလလမ်းကြောင်းကနေ သွေဖယ်ပြီးမသွားသ၍ ဒီအပတ်ဟာ ဇာတာရှင်အတွက် ကံမညံ့ပါဘူးဗျ။ အချစ်ရေးကတော့ စိတ်ကောက်လိုက် ပြန်ချစ်လိုက်ဖြစ်နေမှာပါ။ ပညာရေးကံကတော့ အကောင်းအဆိုး မျှနေပါတယ်။

အထူးဟော = ဖြေးဖြေးမှန်မှန်သာ ဆောင်ရွက်ပါ။

ယတြာ = ပန်းအနီရောင် (10) ပွင့်၊ ဖယောင်းတိုင် (10) တိုင် ၊ အမွှေးတိုင် (10) တိုင် မွေးနေ့နံနက် ဘုရားလှူ ပါ။

မိမိကံကြမ္မာ အဆိုးအကောင်းကို ဆရာမင်းသုခထံ ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်သည်။ ခုနှစ်ရက်သားသမီးများ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒ တစ်လုံးတစ်ဝ ပြည့်စုံကြပါစေ.. ကံဇာတာ အညံ့များလည်း ပပြောက်ပြီး ကံပွင့် စန်းပွင့် မေတ္တာရေး အချစ်ရေးများ အဆင်ပြေကြပါစေ။

ဗေဒင်နှင့် လက္ခဏာ

ဆရာမင်းသုခ

၇၃လမ်း/ ၃၄-၃၅ လမ်းကြား

ချမ်းအေးသာစံမြို့နယ် မန္တလေးမြို့

Sir Min Thu Kha

Zawgyi ျဖင့္ဖတ္ရန္

၂၀၂၁ ခုႏွစ္ ( ၁၂ ) လပိုင္း အတြက္ ၁ လစာေဟာစာတမ္း

မဂၤလာပါ….

၁.၁၂.၂၀၂၁ မွ ၃၁.၁၂.၂၀၂၁ ထိ မိတ္ေဆြမ်ား အားလုံး အတြက္ ဆရာ့မိတ္ေဆြမ်ား တစ္လတစ္ႀကိမ္ ေဟာစာတမ္းမ်ား ဆရာကိုယ္တိုင္ ေရးသားတင္ၿပ ေပးေနပါ တယ္။ ယၾတာမ်ားလဲ အျမဲတင္ျပေပးေန ပါတယ္။ မိမိဖတ္ရႈၿပီးပါက သူငယ္ခ်င္း အေပါင္းသင္းမ်ား ဖတ္ရႈနိုင္ရန္ ရွယ္ထားၾက ပါ။ ေဟာစတမ္းအျပင္ ယၾတာေလးေတြပါလို႔ သိမ္းထားဖို႔ မေမ့နဲ႔ေနာ္။

တနဂၤေႏြ သားသမီးမ်ား

တနဂၤေႏြ သားသမီးေတြအေန နဲ႔ ဒီကာလ အတြင္း သူမ်ားကိစၥ ၾကားဝင္ကူညီျခင္း ၊ အာမခံျခင္း ေတြေၾကာင့္ အထူးဒုကၡေရာက္ တတ္ ပါတယ္။ လင္မယားၾကား မိတ္ေဆြေတြၾကား ဘယ္သူ႔ၾကားမွ မဝင္မိပါေစနဲ႔။ ဘယ္စီးပြားေရးနယ္ပယ္မွာျဖစ္ျဖစ္ အခုကာလမွာ ရတာကနည္းနည္း ၊ျပႆ နာရွင္းရတာကမ်ားမ်ား ျဖစ္ေနလိမ့္မယ္။ ေရႊေငြလက္ဝတ္ရတနာမ်ား က်ေပ်ာက္ျခင္း သူခိုးခိုခံရျခင္းေတြ ၾကဳံနိုင္တယ္။ လူငယ္ေတြအေနနဲ႔ စီးပြားတြက္ တြက္ေနတဲ့ခ်စ္သူေၾကာင့္ စိတ္ညစ္ရမယ္။ ခ်စ္သူကို အခ်ိန္ေပးဖို႔ထက္ ေငြေနာက္ပဲ လိုက္ေနပါလိမ့္မယ္။ အလုပ္မွာ ရန္ေပၚနိုင္တဲ့ ကာလပါ။ အလုပ္ရွာေနသူမ်ား အလုပ္ရဖို႔ ေဝးေနပါလိမ့္မယ္။ အရမ္းရင္းႏွီးသူေတြနဲ႔ ခြဲခြာရတတ္ပါတယ္။ က်န္းမာေရး သိပ္မညံ့ေပမဲ့ ပညာေရးကံၾကမၼာကေတာ့ အညံ့ဆုံး အေနအထားကို ေရာက္ေနတဲ့ ကာလပါပဲ။ ေနာက္ဆုံးေျပာခ်င္တာက ဘယ္သူကိုမွ မယုံသင့္ဘူးလို႔ ေျပာခ်င္ပါတယ္။

အထူးေဟာ = ကံညံ့ေနသည္။

ယၾတာ = သေဘၤာသီးေဖ်ာ္ရည္တစ္ခြက္ ေမြးေန႔နံနက္မွာ ဘုရားကပ္လႉလိုက္ပါ။

တနလၤာသားသမီးမ်ားအတြက္

ဆုံးျဖတ္ရ ခက္ေနလိမ့္မယ္။ အရာရာ သတိထားေဆာင္ရြက္ပါ။ ေရွ႕တိုးေဆာင္ရြက္မဲ့ ကိစၥမ်ား မိမိဆုံးျဖတ္ခ်က္ တစ္ခုတည္းနဲ႔ မဆုံးျဖတ္ပါနဲ႔။ အလုပ္နဲ႔ပက္သက္ၿပီး စိတ္ရႈပ္ေနရပါတယ္။ မသြားခ်င္တဲ့ ေနရာသြားရျခင္း၊ နယ္ေျပာင္းခံရျခင္းေတြ ၾကဳံေတြ႕ရပါလိမ့္မယ္။ အထက္လူႀကီးက မိမိအေပၚ အျမင္မၾကည္တာမ်ိဳးေတြလဲ ရွိေနပါတယ္။ စိတ္အရမ္း ညစ္ရတတ္တယ္။ အိမ္ေထာင္ဘက္အခ်င္းခ်င္း စကားအေျခအတင္ မ်ားရတတ္တယ္။ မိသားစုနဲ႔ ခြဲခြာရတတ္ပါတယ္။ မိတ္ေဆြေကာင္းေတြရဲ့ ကူညီမႈအမ်ားႀကီးရမဲ့ အခ်ိန္ပါပဲ။ က်န္းမာေရးလဲ အနည္းငယ္ အားနည္းေနပါတယ္။

ေနပူနည္းနည္း မိတာမ်ိဳး၊ အိပ္ေရးပ်က္တာမ်ိဳးၾကဳံတာနဲ႔ ဖ်ားနာတတ္ပါတယ္။ စိတ္ေျပလက္ေပ်ာက္ ခရီးထြက္ျခင္း၊ ကေလးေတြကို ေပ်ာ္ေအာင္လုပ္ေပးျခင္းျဖင့္ ကံေတြျပန္ျမင့္လာပါလိမ့္မယ္။ အခ်စ္ေရးမွာ ခ်စ္သူနဲ႔ အေနေဝးဖို႔ အေၾကာင္းဖန္လာလိမ့္မယ္။ ပညာေရးအတြက္ေတာ့ စိတ္ေအးခ်မ္းရမဲ့ အခ်ိန္ပါပဲ။

အထူးေဟာ – ေရြးခ်ယ္ရ ခက္ေနလိမ့္မယ္။

ယၾတာ – ႀကံရည္တစ္ခြက္ ေမြးေန႔ညေနခင္းမွာ ဘုရားကပ္ပါ။

အဂၤါသားသမီးမ်ားအတြက္

ကံဇာတာ အထူးျမင့္မားေနခ်ိန္ပါပဲ။ က်န္းမာေရး ေဒါင္ေဒါင္ျမည္ ေနပါလိမ့္မယ္။ ေနမေကာင္းျဖစ္ေနသူမ်ား ဒီကာလတြင္ ေဆးတိုးသြားတတ္ပါတယ္။ နာတာရွည္ေရာဂါသည္မ်ား ဆရာေကာင္းသမားေကာင္းေတြ႕မည္။ ေငြေၾကးအဘက္ဘက္က ဝင္လာမဲ့အခ်ိန္ပါပဲ။ ေငြအရမ္းရႊင္မွာပါ။ ေငြေၾကးရင္းႏွီးမႈလုပ္ငန္းေတြ စတင္ျပဳလုပ္ဖို႔ ေကာင္းပါၿပီ။ တစ္ခုသတိထားရမွာက လူမ်ားမ်ားနဲ႔ အုပ္စုဖြဲ႕သြားလာျခင္း ညဉ့္နက္သန္းေခါင္ အျပင္ထြက္ျခင္းကို ဒီကာလအတြင္း ေလၽွာ့ပါ။

ျပႆနာက မဖိတ္ေခၚဘဲ ေရာက္လာတတ္လို႔ပါ။ အစုစပ္အလုပ္၊ ရွယ္ယာအလုပ္ေတြ ခဏဆိုင္းထားပါအုံး။ ခ်စ္ရသူဆီက အေၿဖ မေတာင္းသင့္ေသးသလို စိတ္ေကာက္ေနတဲ့ခ်စ္သူကိုလဲ မေခ်ာ့ပါနဲ႔အုံး။ အလုပ္စီးပြားကံ ကေတာ့ အထူးေျပာစရာမလိုေအာင္ ေကာင္းေနပါတယ္။ ပညာေရးကံ ေကာင္းေနခ်ိန္ပါပဲ။

အထူးေဟာ = ကံအထူးေကာင္းသည္။

ယၾတာ = ရဟန္းသံဃာေတြကို ေဆးလႉဒါန္းပါ။

ဗုဒၶဟူးသားသမီးမ်ားအတြက္

မိသားစုနဲ႔ အလုပ္ၾကား ဗ်ာမ်ားရမည္ ။ အလုပ္အဆင္ေျပေနလို႔ အလုပ္ထဲ စိတ္ႏွစ္မယ္ ႀကံၿပီးခါမွ မိသားစု ျပႆနာေတြေၾကာင့္ အလုပ္ပ်က္ အကိုင္ပ်က္ျဖစ္ေနရမည္။ လုပ္ငန္းတူအခ်င္းခ်င္း အားၿပိဳင္မႈ တိုက္ခိုက္မႈေတြ ရွိေပမဲ့ အဆုံးသတ္ မိမိသာအနိုင္ရမည္။ အလုပ္ပင္ပန္းျခင္း၊ လူမႈေရးကိစၥေတြေၾကာင့္ ပင္ပန္းတာေတြစုၿပီး ဖ်ားနာတတ္တဲ့အခ်ိန္ပါ။ စီးပြားေရးခ်ဲ႕ထြင္ဖို႔ စပ္တူလုပ္ငန္းစတင္ဖို႔ အေကာင္းဆုံးကာလပါပဲ။ ပညာေရး အခန္းက႑ကေတာ့ အားနည္းေနပါတယ္။ လူငယ္ေတြ စာထဲ စိတ္မပါျဖစ္တတ္တယ္။ စာက်က္ဖို႔ ပ်င္းေနလိမ့္မယ္။ လခစားဝန္ထမ္းမ်ား ေနရာေကာင္းရျခင္း ၊ရာထူးတိုးျခင္းမ်ိဳး ရွိေနလိမ့္မယ္။ အခ်စ္ေရးကံကေတာ့ မေကာင္းနိုင္ေသးပါဘူး။ ခ်စ္သူက မိမိအေပၚ ယုံၾကည္မႈ ကင္းမဲ့လာတတ္ပါတယ္။

အထူးေဟာ = စီးပြားေရးေကာင္းမည္။

ယၾတာ = ဘုရားစိန္ဖူးေတာ္ပုံအား ဓမၼဒါနလက္ေဆာင္ေပး ျဖန႔္ေဝပါ။

ရာဟုသားသမီးမ်ားအတြက္

စိတ္ေလေနတတ္တယ္။ ဆုံးျဖတ္ရခက္ တာမ်ိဳး ၾကဳံရ လိမ့္မယ္။ မိဘေတြ အတြက္ ပူပန္စိတ္ညစ္ ရတတ္ တယ္ ။ လုပ္ငန္းစီးပြား ဆုတ္ယုတ္တတ္တယ္။ အလုပ္ဒဏ္ ပိေနတတ္တယ္။ လူမ်ိဳးျခား၊ ဘာသာျခား ေတြရဲ့ ကူညီမစျခင္း ခံရ မယ္။ ခရီးကိစၥ၊ နိုင္ငံရပ္ျခားနဲ႔ ဆက္သြယ္လုပ္ရတဲ့အလုပ္ေတြ အက်ိဳးေပးနည္းခ်ိန္ပါပဲ။ က်န္းမာေရး အထူးေကာင္းခ်ိန္ပါပဲ။ အခ်စ္ေရးကိစၥ ၊ စုတ္ကိစၥေတြ ရႈပ္ေထြးမႈေတြ ျဖစ္နိုင္ပါတယ္။ ပညာေရးကဏၭ၊ သင္ၾကားေရးကဏၭကေတာ့ အထူး ေကာင္းမြန္ေနပါတယ္။ ပုံမွန္အတိုင္းသာ လုပ္ေဆာင္သင့္တဲ့ အခ်ိန္ပါ။ ေရွ႕တိုးေဆာင္ရြက္စရာ ကိစၥမ်ား တစ္ခုခုလုပ္တာနဲ႔ ပ်က္ဖို႔မ်ားပါတယ္။

အထူးေဟာ = အရာရာလြဲေခ်ာ္ေနမည္

ယၾတာ = ခေရပန္း ေမြးေန႔၌လႉဒါန္းပါ။

ၾကာသပေတးသားသမီးမ်ားအတြက္

လူလိမ္ခံရလိမ့္မယ္။ အရမ္းရင္းႏွီးတဲ့သူေတြရဲ့သစၥာေဖာက္ျခင္းခံရမည္။ ေအာက္လက္ငယ္သားေတြကို အရမ္းအေရးႀကီးတဲ့ ကိစၥမ်ား မ်က္ႏွာလႊဲ မခိုင္းသင့္ပါ။ လူယုံဒုကၡေပးမဲ့ အခ်ိန္ပါပဲ။ စက္၊ ကားေမာင္းႏွင္ျခင္း၊ စက္ပစၥည္း ကိုင္တြယ္အသုံးျပဳျခင္း အထူးသတိထားပါ။ မေတာ္တဆ ထိခိုက္လြယ္တဲ့ ကာလတစ္ခုမို႔ လိုပါပဲ။ ဘာကိစၥမဆို အဆုံးသတ္ ၿပီးဆုံးေအာင္ မလုပ္နိုင္ျခင္း၊ စထားၿပီး တစ္ဝက္တပ်က္ျဖစ္ရျခင္းမ်ိဳး ၾကဳံရမွာပါ။ ဒါေၾကာင့္ အိမ္ျပင္အိမ္ေဆာက္ျခင္း၊ လုပ္ငန္းသစ္စတင္ျခင္းမ်ိဳး လုံးဝမလုပ္ပါနဲ႔။ အခ်စ္ေရးကံ အထူးညံ့ေနခ်ိန္ပါ။ ခ်စ္သူနဲ႔မ်က္ႏွာခ်င္း ဆိုင္တာနဲ႔ ျပႆနာတတ္ျခင္း၊ စကားအေျခအတင္ေျပာရျခင္းေတြ ၾကဳံရပါလိမ့္မယ္။ ပညာေရးက အေကာင္းဆုံး ကာလပါပဲ။ က်န္းမာေရး ေကာင္းေနေပမဲ့ ထိမိ ခိုက္မိ ျဖစ္တာမ်ိဳး ရွိနိုင္တယ္။

အထူးေဟာ = ထိခိုက္လြယ္ေနသည္။

ယၾတာ = မိမိ၏ ေမြးေန႔အပတ္တိုင္း (7) ပတ္တိတိ သက္သတ္လြတ္ စားေပးပါ။ ဘုရားမွာ ေရႊဆိုင္း ကပ္ေပးပါ။

ေသာၾကာသားသမီးမ်ားအတြက္

အဘက္ဘက္က ေဖးမကူညီမႈေတြေၾကာင့္ လိုခ်င္ေသာပန္းတိုင္ကို ေရာက္မည္။ လုပ္ငန္းစီးပြား အထူးတိုးတတ္မည္။ ဝန္ထမ္းဆို ေနရာေပးခံရျခင္း၊ ေနရာေကာင္းရျခင္းေတြ ရွိလာပါလိမ့္မယ္။ ဒီကာလမွာပဲ အျခားသူမ်ားအား အႀကံေပးျခင္း၊ ႏႈတ္၏ေဆာင္မျခင္းျဖင့္ ထိုသူေတြ အဆင္ေျပေခ်ာေမြ႕မဲ့ ကာလပါပဲ။ မိမိၾသဇာ ေညာင္းမဲ့အခ်ိန္ပါ။ ေကာင္းေသာခရီး ဘာသာေရးနဲ႔ သက္ဆိုင္ေသာခရီးေတြလဲ သြားရပါလိမ့္မယ္။

အိမ္ေထာင္သည္ဆို တစိမ္း မိန္းကေလးေတြ (ေယာက်ာ္းေလးေတြ) နဲ႔ ေဝးေဝးေနပါ။ စြပ္စြဲျခင္းခံရမည္။ ငယ္ရြယ္သူမ်ားအသက္ႀကီး၊ မလြတ္လပ္သူေတြရဲ့ျဖားေယာင္းေသြးေဆာင္ျခင္းခံရပါလိမ့္မည္။ ေငြေၾကးလာဘ္လာဘေတြလဲ ဝင္လာပါလိမ့္မယ္။ မိမိဆိုင္ ေဖာက္သည္အသစ္ေတြ တိုးလာပါလိမ့္မယ္။ က်န္းမာေရး ပညာေရး အေကာင္းဆုံးကာလပါပဲ။

အထူးေဟာ = ေျပာသမၽွ ျဖစ္မည္။

ယၾတာ = ေမြးေန႔တြင္ သစ္သီး (၇) မ်ိဳး ဘုရားလႉပါ။

စေနသားသမီးမ်ားအတြက္

အေကာင္းအဆိုး မၽွေနခ်ိန္လို႔ပဲ ေျပာရမလား မသိေတာ့ပါဘူး။ ကံညံလားဆိုေတာ့ မညံ့ဘူး။ ေကာင္းေနလားဆိုေတာ့လဲ ထင္သေလာက္ မေကာင္းပါဘူး။ အိမ္ေထာင္ဘက္ရဲ့ အိမ္ေထာင္ေရး ရႈပ္ေထြးမႈေလးေတြ စန္းပြင့္ေနမႈေတြေၾကာင့္ မိမိဗ်ာမ်ားရတတ္တယ္။ အလုပ္စီးပြားက အတိုက္အခိုက္ေလးေတြ ရွိေပမဲ့တိုးတတ္မဲ့သေဘာ ရွိတယ္။ အဆိုးဆုံးက သူမ်ားအႀကံေပးလို႔ ဘာတစ္ခုမွ မလုပ္မိေစနဲ႔။ ဒုကၡေတြ႕လိမ့္မယ္။ မိမိဆုံးျဖတ္ခ်က္ ၊မိမိစိတ္ကူးနဲ႔သာ အနာဂတ္ကို ပုံေဖာ္သင့္တဲ့အခ်ိန္ပါ။ ေငြေၾကးကံ အေတာ္အသင့္ေကာင္းေနသလို လာဘ္လဲရႊင္မဲ့ အခ်ိန္ပါ ။ မူလလမ္းေၾကာင္းကေန ေသြဖယ္ၿပီးမသြားသ၍ ဒီအပတ္ဟာ ဇာတာရွင္အတြက္ ကံမညံ့ပါဘူးဗ်။ အခ်စ္ေရးကေတာ့ စိတ္ေကာက္လိုက္ ျပန္ခ်စ္လိုက္ျဖစ္ေနမွာပါ။ ပညာေရးကံကေတာ့ အေကာင္းအဆိုး မၽွေနပါတယ္။

အထူးေဟာ = ေျဖးေျဖးမွန္မွန္သာ ေဆာင္ရြက္ပါ။

ယၾတာ = ပန္းအနီေရာင္ (10) ပြင့္၊ ဖေယာင္းတိုင္ (10) တိုင္ ၊ အေမႊးတိုင္ (10) တိုင္ ေမြးေန႔နံနက္ ဘုရားလႉ ပါ။

မိမိကံၾကမၼာ အဆိုးအေကာင္းကို ဆရာမင္းသုခထံ ဖုန္းျဖင့္ တိုက္ရိုက္ဆက္သြယ္ ေမးျမန္းနိုင္သည္။ ခုႏွစ္ရက္သားသမီးမ်ား အားလုံး စိတ္ခ်မ္းသာ ကိုယ္က်န္းမာၿပီး လိုအင္ဆႏၵ တစ္လုံးတစ္ဝ ျပည့္စုံၾကပါေစ.. ကံဇာတာ အညံ့မ်ားလည္း ပေျပာက္ၿပီး ကံပြင့္ စန္းပြင့္ ေမတၱာေရး အခ်စ္ေရးမ်ား အဆင္ေျပၾကပါေစ။

ေဗဒင္ႏွင့္ လကၡဏာ

ဆရာမင္းသုခ

၇၃လမ္း/ ၃၄-၃၅ လမ္းၾကား

ခ်မ္းေအးသာစံၿမိဳ႕နယ္ မႏၲေလးၿမိဳ႕

Sir Min Thu Kha

Leave a Reply

Your email address will not be published. Required fields are marked *