စီးပွားရေး ၊ ပညာရေး၊ အလုပ်အကိုင် အတွက် အွန်လိုင်း ကနေ လက်တွေ့ပညာပေးမည် ဟု နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြော

Posted on

အွန်လိုင်းကနေ စီးပွားရေး နဲ့ ပညာရေး၊ အလုပ်အကိုင်အတွက် ဘယ်လိုလုပ်နိုင်မလဲဆိုတာ ဒီရက်ပိုင်း မှာပဲ လက်တွေ့ပညာပေး မှာဖြစ်ပြီး စီမံကိန်းချလုပ်နေတယ် လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြော ပါ တယ်။

မနေ့က ကိုဗစ်အခြေအနေ အကြောင်း ပြည်သူ ကို အစီရင်ခံ တဲ့ မိန့်ခွန်း မှာ ပြောတာဖြစ်ပြီး ပြည်သူတွေ အိမ်ထဲမှာနေတဲ့ အခါ မငြီးငွေ့ မပျင်းရိအောင် နဲ့ အကျိုး ရှိအောင် အစီအစဉ်တွေ ချနေတာလို့ ဆို ပါ တယ် ။

နောက်အပတ်ကနေ စပြီး အင်္ဂါနေ့တိုင်း မှာ ရုပ်မြင်သံကြားကနေ ပုံမှန်ကျန်းမာရေး အမေးအဖြေ အစီအစဉ်တွေ လုပ်မှာဖြစ်ပြီး ဗုဒ္ဓဟူးနေ့ မှာတော့ အွန်လိုင်းနည်း ပညာတွေ သုံးပြီး၊

ခေတ်မီ နည်းပညာတွေ သုံးပြီး စီးပွားရေးဘက် မှာ ၊ ပညာရေးဘက် မှာ ချိတ်ဆက်ပြီးတော့ ဘယ်လို လုပ်ဆောင်နိုင်မလဲ ဆို တဲ့ ပညာပေး အစီအစဉ်တွေ လုပ်မယ်လို့ ပြောပါ တယ် ။

“ကြာသပတေးနေ့ကျ ရင် ဒီအစီအစဉ်တွေကို လက်တွေ့အကောင်အထည်ဖော်တဲ့ပုံစံနဲ့ ပြပါမယ်။ ဥပမာအားဖြင့် တောင်သူလယ်သမားတယောက်က သူ့မှာရှိနေ တဲ့ ရွှေဖရုံသီးတွေ ရောင်းချင်တယ် ဆိုရင် ရွှေဖရုံသီးရောင်းနိုင်တယ်ဆိုတာကို သိအောင်လို့ အွန်လိုင်းကနေပြီး အသိပေးလိုက်ရင် ရွှေဖရုံသီးဝယ်ချင်တဲ့မြို့က စားသောက်ဆိုင်ကပဲဖြစ်ဖြစ်၊

အသီးအနှံရောင်း တဲ့ ဆိုင်ကပဲဖြစ်ဖြစ် ချိတ်ဆက်ပြီး စီးပွားရေးလုပ်ငန်း ဖြစ်အောင်လုပ်နိုင်တာကို ပြောတာပါ။ ဒီဟာတွေက အလုပ်နဲ့ ပတ်သက်လို့လည်း လုပ်လို့ရတယ်။

ဥပမာ လုပ်ငန်းရှင်တယောက်က ဘယ်လိုအရည်အချင်း နဲ့ ကိုက်ညီတဲ့ ဝန်ထမ်းတယောက်လိုချင်တယ်ဆိုရင် အဲဒါကို အွန်လိုင်းမှာတင်လိုက်လို့ရှိရင် အဲဒီ အရည်အချင်းနဲ့ ကိုက်ညီတဲ့ ပြည်သူတဦးက လုပ်ငန်းရှင်နဲ့ချိတ်ဆက်ပြီး အလုပ်ကို ရအောင် လို့ ကြိုးစားနိုင် ပါတယ်။ ဒါပေမယ့် ဒီလိုပြောတာတွေကို လုပ်ပြမယ်ဆိုရင် ပြည်သူတွေ ရှင်းရှင်းလင်းလင်း နားလည်ပြီး လုပ်တတ်သွားမယ်လို့ ယူဆ ပါတယ်။”

ဗုဒ္ဓဟူးနေ့မှာ သီအိုရီအရ ဘယ်လို လုပ်ရမယ်၊ ဘယ်လိုစီစဉ်မယ်ဆိုတာကို ပြောပြီးတော့ ကြာသပတေးနေ့မှာတော့ ရွေးချယ်ထားတဲ့ ဝယ်လိုအားရှိတဲ့သူ တယောက်နဲ့ ရောင်းလိုအား ရှိတဲ့သူတယောက် ချိတ်ဆက်ပြီး ဘယ် လိုလုပ်ရမလဲဆိုတာ ကို သင်ခန်းစာ အဖြစ် သိသွားအောင်လို့ လုပ်ပေးမယ်လို့ ဆိုပါတယ်။

နောက်ပိုင်းကျရင်တော့ ဒါတွေကို ပိုပြီး တိုးချဲ့ပေးမယ်လို့လည်းဆိုပြီး ကိုဗစ် အလွန်ကာလ မှာ ကိုဗစ်ကြောင့် ထိခိုက် ခဲ့တဲ့ စီးပွားရေး ပြန်ပြီး ဦးမော့လာဖို့ ဒီဟာတွေကို အားပေးဖို့လိုတယ်လို့ ပြော ပါတ ယ်။

ပြည်သူတွေ ရဲ့ အရည် အချင်းတွေ၊ နည်းပညာ အရည်အချင်းတွေ မြှင့်တင်ပေးဖို့လိုပြီး အစိုးရနဲ့ ပြည်သူတွေကြား ချိတ်ဆက်တာမှာ၊ အစိုးရဌာနတွေနဲ့ ပြည်သူတွေအကြား ချိတ်ဆက်တာ မျိုးတွေလည်း ပိုမိုပြီးတော့ လုပ်လာ မယ် လို့ ပြော ပါတယ်။

DVB

Zawgyi

အြန္လိုင္းကေန စီးပြားေရး နဲ႕ ပညာေရး၊ အလုပ္အကိုင္အတြက္ ဘယ္လိုလုပ္နိုင္မလဲဆိုတာ ဒီရက္ပိုင္း မွာပဲ လက္ေတြ႕ပညာေပး မွာျဖစ္ၿပီး စီမံကိန္းခ်လဳပ္ေနတယ္ လို႔ နိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က ေျပာ ပါ တယ္။

မေန႕က ကိုဗစ္အေျခအေန အေၾကာင္း ျပည္သူ ကို အစီရင္ခံ တဲ့ မိန႔္ခြန္း မွာ ေျပာတာျဖစ္ၿပီး ျပည္သူေတြ အိမ္ထဲမွာေနတဲ့ အခါ မၿငီးေငြ႕ မပ်င္းရိေအာင္ နဲ႕ အက်ိဳး ရွိေအာင္ အစီအစဥ္ေတြ ခ်ေနတာလို႔ ဆို ပါ တယ္ ။

ေနာက္အပတ္ကေန စၿပီး အဂၤါေန႕တိုင္း မွာ ႐ုပ္ျမင္သံၾကားကေန ပုံမွန္က်န္းမာေရး အေမးအေျဖ အစီအစဥ္ေတြ လုပ္မွာျဖစ္ၿပီး ဗုဒၶဟူးေန႕ မွာေတာ့ အြန္လိုင္းနည္း ပညာေတြ သုံးၿပီး၊

ေခတ္မီ နည္းပညာေတြ သုံးၿပီး စီးပြားေရးဘက္ မွာ ၊ ပညာေရးဘက္ မွာ ခ်ိတ္ဆက္ၿပီးေတာ့ ဘယ္လို လုပ္ေဆာင္နိုင္မလဲ ဆို တဲ့ ပညာေပး အစီအစဥ္ေတြ လုပ္မယ္လို႔ ေျပာပါ တယ္ ။

“ၾကာသပေတးေန႕က် ရင္ ဒီ အစီအစဥ္ေတြ ကို လက္ေတြ႕အေကာင္ အထည္ေဖာ္တဲ့ပုံစံ နဲ႕ ျပပါမယ္ ။ ဥပမာအားျဖင့္ ေတာင္သူ လယ္သမားတေယာက္ က သူ႕မွာရွိေန တဲ့ ေ႐ႊဖ႐ုံသီးေတြ ေရာင္းခ်င္တယ္ ဆိုရင္ ေ႐ႊဖ႐ုံသီးေရာင္းနိုင္တယ္ဆိုတာကို သိေအာင္လို႔ အြန္လိုင္းကေနၿပီး အသိေပးလိုက္ရင္ ေ႐ႊဖ႐ုံသီးဝယ္ခ်င္တဲ့ၿမိဳ႕က စားေသာက္ဆိုင္ကပဲျဖစ္ျဖစ္၊

အသီးအႏွံေရာင္း တဲ့ ဆိုင္ကပဲျဖစ္ျဖစ္ ခ်ိတ္ဆက္ၿပီး စီးပြားေရးလုပ္ငန္း ျဖစ္ေအာင္လုပ္နိုင္တာကို ေျပာတာပါ။ ဒီဟာေတြက အလုပ္နဲ႕ ပတ္သက္လို႔လည္း လုပ္လို႔ရတယ္။

ဥပမာ လုပ္ငန္းရွင္တေယာက္က ဘယ္လိုအရည္အခ်င္း နဲ႕ ကိုက္ညီတဲ့ ဝန္ထမ္းတေယာက္လိုခ်င္တယ္ဆိုရင္ အဲဒါကို အြန္လိုင္းမွာတင္လိုက္လို႔ရွိရင္ အဲဒီ အရည္အခ်င္းနဲ႕ ကိုက္ညီတဲ့ ျပည္သူတဦးက လုပ္ငန္းရွင္နဲ႕ခ်ိတ္ဆက္ၿပီး အလုပ္ကို ရေအာင္ လို႔ ႀကိဳးစားနိုင္ ပါတယ္။ ဒါေပမယ့္ ဒီလိုေျပာတာေတြကို လုပ္ျပမယ္ဆိုရင္ ျပည္သူေတြ ရွင္းရွင္းလင္းလင္း နားလည္ၿပီး လုပ္တတ္သြားမယ္လို႔ ယူဆ ပါတယ္။”

ဗုဒၶဟူးေန႕မွာ သီအိုရီအရ ဘယ္လို လုပ္ရမယ္၊ ဘယ္လိုစီစဥ္မယ္ဆိုတာကို ေျပာၿပီးေတာ့ ၾကာသပေတးေန႕မွာေတာ့ ေ႐ြးခ်ယ္ထားတဲ့ ဝယ္လိုအားရွိတဲ့သူ တေယာက္နဲ႕ ေရာင္းလိုအား ရွိတဲ့သူတေယာက္ ခ်ိတ္ဆက္ၿပီး ဘယ္ လိုလုပ္ရမလဲဆိုတာ ကို သင္ခန္းစာ အျဖစ္ သိသြားေအာင္လို႔ လုပ္ေပးမယ္လို႔ ဆိုပါတယ္။

ေနာက္ပိုင္းက်ရင္ေတာ့ ဒါေတြကို ပိုၿပီး တိုးခ်ဲ့ေပးမယ္လို႔လည္းဆိုၿပီး ကိုဗစ္ အလြန္ကာလ မွာ ကိုဗစ္ေၾကာင့္ ထိခိုက္ ခဲ့တဲ့ စီးပြားေရး ျပန္ၿပီး ဦးေမာ့လာဖို႔ ဒီဟာေတြကို အားေပးဖို႔လိုတယ္လို႔ ေျပာ ပါတ ယ္။

ျပည္သူေတြ ရဲ႕ အရည္ အခ်င္းေတြ၊ နည္းပညာ အရည္အခ်င္းေတြ ျမႇင့္တင္ေပးဖို႔လိုၿပီး အစိုးရနဲ႕ ျပည္သူေတြၾကား ခ်ိတ္ဆက္တာမွာ၊ အစိုးရဌာနေတြနဲ႕ ျပည္သူေတြအၾကား ခ်ိတ္ဆက္တာ မ်ိဳးေတြလည္း ပိုမိုၿပီးေတာ့ လုပ္လာ မယ္ လို႔ ေျပာ ပါတယ္။

DVB

Leave a Reply

Your email address will not be published. Required fields are marked *