စိတ်ဝင်စားစရာ ၂၀၂၀ ရွေးကောက်ပွဲ အလွန် မြန်မာ့ နိုင်ငံရေး အခင်းအကျင်း

Posted on

မကြာမီ အဖြေ ထွက်ပေါ် လာေ တာ့မယ့် မြန်မာ့ နိုင်ငံရေး အခင်းအကျင်း အလားအ လာဟာ အလွန်ကို စိတ်ဝ င်စားစရာ ဖြစ်လာပါတယ်။ တိတိ ပပဆိုရရင် ပါတီစုံ ဒီမိုကရေ စီ စနစ်ရဲ့ သုံးဆက်မြောက် အစိုးရဟာ ဘယ်လိုမျိုး ဖြစ်လာနိုင်မလဲ ဆိုတဲ့ အဖြေဟာ သိပ်မဝေး လှတော့တဲ့ အချိန် အတွင်းမှာ ကိုပဲ ထွက်ပေါ် လာဖို့ ရှိနေပါပြီ။ အခု ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ကြတဲ့ ပါတီ ၉၂ ပါတီရှိပြီး သူတို့ အနေနဲ့ ပြည်သူ့လွှတ်တော် အတွက် ၃၃၀ နေရာ၊ အမျိုးသား လွှတ်တော် အတွက် ၁၆၈ နေရာ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် မဲဆန္ဒနယ် အတွက် ၆၄၄ နေရာနဲ့ တိုင်းရင်း သား လူမျိုး မဲဆန္ဒနယ် ၂၉ နေရာတို့ အတွက် ယှဉ်ပြိုင်ကြရ တာပဲ ဖြစ်ပါတယ်။ ဒီအတွက် ဒီဆောင်းပါး မှာတော့ ထွက်ပေါ်လာနိုင်တဲ့ ရလဒ်တွေနဲ့ ဖြစ်တည်လာနိုင်တဲ့ အစိုးရ ဖွဲ့နိုင်မယ့် အနေအ ထားတွေကို ၂၀၁၅ က ရလဒ်တွေနဲ့ ယှဉ်တွဲပြီး ခန့်မှန်း သုံးသပ်သွားမှာ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ ၂၀၂၀ ရွေးကောက်ပွဲ အလွန် မြန်မာ့ နိုင်ငံရေး အခင်းအကျင်း

ပထမဆုံး အနေနဲ့ ပြည်ထောင်စုအဆင့် လွှတ်တော်တွေကို သုံးသပ်ကြည့်ရင် ၂၀၁၅ နှစ်တုန်းက ဆိုရင် ပါတီပေါင်း ၉၁ ပါတီ ဝင်ပြိုင်ခဲ့ကြပေမယ့် ပြည်ထောင်စု လွှတ်တော်ထဲကို ၁၃ ပါတီသာ အနိုင်ရ ရောက်ရှိခဲ့ပါတယ်။ ဒီပါတီတွေအလိုက် အနိုင်ရခဲ့တဲ့ ရာခိုင်နှုန်းတွေကတော့ NLD ၅၈ ဒသမ ၅၉ ရာခိုင်နှုန်း၊ USDP ၆ ဒသမ ၂၄ ရာခိုင်နှုန်း၊ ANP ၃ ဒသမ ၃၄ ရာခိုင်နှုန်း၊ SNLD ၂ ဒသမ ၅၈ ရာခိုင်နှုန်း၊ ပလောင် ၀ ဒသမ ၇၆ ရာခိုင်နှုန်း၊ ဇိုမီးနဲ့ပအိုဝ့်က ၀ ဒသမ ၆၀ ရာခိုင်နှုန်းစီ၊ လီဆူးက ၀ ဒသမ ၃၀ ရာခိုင်နှုန်း၊ ကချင်၊ ကိုးကန့်၊ တစည၊ မွန်၊ ဝ နဲ့ အမျိုးသား ညီညွတ်သော ဒီမိုကရက်တစ် ပါတီတို့က ၀ ဒသမ ၁၅ ရာခိုင်နှုန်းစီ၊ တစ်သီးပုဂ္ဂလက ၀ ဒသမ ၇၆ ရာခိုင်နှုန်း ရရှိခဲ့ကြတာ တွေ့ရပါတယ်။ ဒါက ပြည်သူလူထုက တိုက်ရိုက် ရွေးချယ်ခွင့် ရှိတဲ့ ၇၅ ရာခိုင်နှုန်း အပေါ်မှာ တွက်ချက်ယူထားခြင်း ဖြစ်ပါတယ်။ ကျန်တဲ့ ၂၅ ရာခိုင်နှုန်းက တပ်မတော်ကပါ။

စိတ်ဝင်စားစရာ ၂၀၂၀ ရွေးကောက်ပွဲ အလွန် မြန်မာ့ နိုင်ငံရေး အခင်းအကျင်း

ဒီနေရာမှာ တွေ့ရတာက ၂၀၁၅ တုန်းကတော့ NLD ပါတီ တစ်ခု တည်းကပဲ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်မှာပါ လုံလောက်တဲ့ ထိုင်ခုံနေရာ ရရှိခဲ့တာမို့ လွှတ်တော် စကျင်းပတဲ့ ၂၀၁၆ ဖေဖော်ဝါရီ ၂ ရက်မှာပဲ ပြုလုပ်ခဲ့ကြတဲ့ ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်မှာ သဘာပတိ ရွေးတာ၊ လွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌ ရွေးတဲ့ နေရာတွေမှာ NLD ပါတီကပဲ ရွေးချယ်နိုင်ခဲ့ပြီး နောက်ပိုင်း ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်မှာ ရွေးကောက်ခံ ကိုယ်စားလှယ်တွေချည်းကပဲ ရွေးရတဲ့ ဒုတိယ သမ္မတ တစ်ဦးစီကိုလည်း အနိုင်ရပါတီ NLD ကပဲ ရွေးချယ်နိုင်ခဲ့ကြပါတယ်။ နောက်ဆုံး ပြည်ထောင်စု လွှတ်တော်မှာ ပြည်သူ့လွှတ်တော် ၊အမျိုးသား လွှတ်တော်က ကိုယ်စားလှယ်တွေနဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေ အားလုံးပေါင်းပြီး နိုင်ငံတော် သမ္မတ ရွေးချယ်ခဲ့ကြတဲ့ အခါမှာလည်း NLD ပါတီကသာ လုံလောက်တဲ့ ကိုယ်စားလှယ် အရေအတွက်နဲ့ အနိုင်ရကာ အစိုးရ ဖွဲ့နိုင်ခဲ့တာကိုလည်း အားလုံးသိကြပြီး ဖြစ်မှာပါ။

အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ယခင် ၂၀၁၅ အတိုင်းပဲ ရှိမှာလား၊ မဲတွေပြန့်ပြီး ရလဒ်တွေက တစ်မျိုး ဖြစ်ခဲ့မယ်ဆိုရင် ဘယ်လို ဖြစ်လာနိုင်သလဲ ဆိုတာက အလွန် စိတ်ဝင်စားစရာပါ။ ဒီအဖြေကို ရဖို့က ရက်ပိုင်းသာ လိုပါတော့တယ်။ အနိုင်ရ ပါတီအနေနဲ့ အစိုးရ ဖွဲ့နိုင်ခြင်း၊ မဖွဲ့နိုင်ခြင်း ဆိုတာက နောက်ဆုံး သမ္မတ ရွေးကြတဲ့အခါ ရွေးချယ်နိုင်တဲ့ ပါတီတွေကို ဆိုလိုပြီး ပြောကြ၊ ခန့်မှန်းကြတာပါ။ တကယ်တော့ အနိုင်ရပါတီတွေအနေနဲ့ကလည်း လွှတ်တော်ထဲကို မဝင်မီ ကတည်းက ဒီကိစ္စအတွက် ကြိုတင်တွက်ချက် စဉ်းစားထားကြပြီး ဖြစ်ကြမှာလည်း အမှန်ပါ။ ဥပမာ အနေနဲ့ ၂၀၁၅ ကဆိုရင် ၉၁ ပါတီ ဝင်ပြိုင်ခဲ့ကြပေမယ့် ပြည်ထောင်စုအဆင့် လွှတ်တော်တွေ ဖြစ်တဲ့ ပြည်သူ့လွှတ်တော်မှာ ၉ ပါတီ၊ အမျိုးသား လွှတ်တော်မှာ ၁၂ ပါတီ၊ လွှတ်တော်နှစ်ရပ် ပေါင်းတဲ့ ပြည်ထောင်စု လွှတ်တော်မှာ ၁၁ ပါတီသာ အနိုင်ရ ရောက်ရှိခဲ့ကြပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့် လွှတ်တော်တွေမှာတော့ စုစုပေါင်း ပါတီ ၂၀ သာ အနိုင်ရလို့ လွှတ်တော်ထဲ ရောက်ရှိခဲ့ကြပါတယ်။ ကျန်တဲ့ ၇၁ ပါတီကတော့ လွှတ်တော်နိုင်ငံရေး အခင်းအကျင်းထဲကို ဝင်ရောက်ခွင့် မရှိခဲ့ကြပါဘူး။

စိတ်ဝင်စားစရာ ၂၀၂၀ ရွေးကောက်ပွဲ အလွန် မြန်မာ့ နိုင်ငံရေး အခင်းအကျင်း

လာမယ့် ရွေးကောက်ပွဲမှာလည်း ၉၂ ပါတီ အထဲက ဘယ်နှပါတီက လွှတ်တော်ထဲ ရောက်လာကြမလဲ ဆိုတာက အဦးဆုံး စိတ်ဝင်စားစရာပါ။ ၂၀၂၀ မှာ အခု ဝင်ပြိုင်ကြတဲ့ ၉၂ ပါတီထဲက လွှတ်တော် အသီးသီးမှာ တက်ရောက်ဖို့ အနိုင်ရရှိခဲ့ကြတဲ့ ပါတီတွေအနေနဲ့ သူ့လွှတ်တော်အလိုက် လွှတ်တော်စတင် ကျင်းပကြတဲ့ ရက်မှာတင် လွှတ်တော် သဘာပတိက အစ ဥက္ကဌ၊ ဒုဥက္ကဌတွေကို ရွေးချယ်ကြရမှာ ဖြစ်ပါတယ်။ ဒီအတွက် ၂၀၁၅ ကလို တစ်ပါတီတည်းကပဲ အနိုင်ရတာမျိုး မဟုတ်ခဲ့ဘူး ဆိုရင်တော့ ပွဲမဝင်မီ အပြင်မှာ ကျင်းပ ဆိုသလို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ မတိုင်မီ အခု နိုဝင်ဘာ ၈ ရွေးကောက်ပွဲအပြီး ရလဒ်တွေ ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာပြီး ကတည်းကပင် စတင်ပြီး အပေးအယူတွေနဲ့ ညှိနှိုင်းကြရတော့မှာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ နိုင်ငံတော် သမ္မတ ရွေးတဲ့ လုပ်ငန်းစဉ်အထိတောင် အချိန်ယူစရာ မလိုဘဲ ရွေးကောက်ပွဲ ပြီးစမှာ ကတည်းက စတင် ညှိနှိုင်းကြရမယ့် လုပ်ငန်း သဘောတရားတွေကို ပြောလိုရင်း ဖြစ်ပါတယ်။

ယခုလက်ရှိ အာဏာရ ပါတီအနေနဲ့ ၂၀၁၅ ရလဒ်မျိုး ပေါ်ထွက်မလာဘဲ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်မှာ ရွေးကောက်ခံ ကိုယ်စားလှယ် ၃၃၀ + ၁၆၈ = ၄၉၈ မှာ တစ်ဝက်ကျော် ၅၁ ရာခိုင်နှုန်း အနိုင်ရခဲ့မယ် ဆိုရင် ကိုယ်စားလှယ်တွေချည်း သီးသန့်စီ ရွေးကြရတဲ့ ဒုတိယ သမ္မတ နှစ်ဦး နေရာကို အပိုင် ရယူနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၆၇ ရာခိုင်နှုန်း အထိ အနိုင်မရခဲ့ဘူး ဆိုရင်တော့ ကျန်တဲ့ လွှတ်တော် ဥက္ကဌ၊ ဒုတိယ ဥက္ကဋ္ဌ နေရာတွေနဲ့ နိုင်ငံတော် သမ္မတ နေရာတွေကိုတော့ ကျန်ပါတီ တစ်ခုခုနဲ့ အပေးအယူပြု ညှိနှိုင်းကြရတော့မှာ ဖြစ်ပါတယ်။ ဒီလို ညှိနှိုင်းကြတဲ့အခါ သူနဲ့ နိုင်ငံရေး လမ်းစဉ် တူညီတဲ့ SNLD၊ MUP နဲ့ အခြားသော အင်အားကြီး တိုင်းရင်းသား ပါတီ တစ်ခုခု (သို့မဟုတ်) ပြည်မထဲက ပါတီ တစ်ခုခုနဲ့ ပေါင်းပြီး လွှတ်တော် ဥက္ကဌ နေရာတွေနဲ့ နိုင်ငံတော် သမ္မတ နေရာကို ရွေးချယ်ခန့်အပ်ပြီး အစိုးရ ဖွဲ့နိုင်ဖွယ် ရှိပါတယ်။ ဒီလိုမှ မဟုတ်ဘဲ ၅၀ ရာခိုင်နှုန်းအောက် ရလဒ် ထွက်ပေါ်ခဲ့ရင်တော့ ၅၁ ရာခိုင်နှုန်းနဲ့ အနိုင် ရွေးချယ်ကြရမယ့် ဒုတိယ သမ္မတ နှစ်နေရာအတွက်ပါ ကျန်ပါတီ သုံး၊ လေးခုနဲ့ ပေါင်းပြီး၊ အပေးအယူ လုပ်ပြီး ရွေးကြရမယ့် အနေအထား ဖြစ်ပါတယ်။

နိုင်ငံရေး ရေချိန် မြင့်မားတဲ့ နိုင်ငံသူ နိုင်ငံသား မဲပေးကြသူများ အနေနဲ့ ဒီအခြေအနေတွေကို သုံးသပ် သိမြင်ကြပြီး နိုင်ငံတော်နဲ့ နိုင်ငံသားတွေ အတွက် ကောင်းကျိုးပြုနိုင်မယ့် ပါတီ၊ လူပုဂ္ဂိုလ်များကို ရွေးချယ် မဲပေးကြခြင်းဖြင့် မိမိတို့နဲ့ ထိုက်တန်သော အစိုးရကောင်း တစ်ရပ်ကို ရရှိ ပိုင်ဆိုင်နိုင်ကြမယ်လို့ ယုံကြည်ပါကြောင်း ရေးသား ဖော်ပြလိုက်ရပါတယ်။

Credit;Real Power Online Media

မၾကာမီ အေျဖ ထြက္ေပၚ လာေ တာ့မယ့္ ျမန္မာ့ နိုင္ငံေရး အခင္းအက်င္း အလားအ လာဟာ အလြန္ကို စိတ္ဝ င္စားစရာ ျဖစ္လာပါတယ္။ တိတိ ပပဆိုရရင္ ပါတီစုံ ဒီမိုကေရ စီ စနစ္ရဲ႕ သုံးဆက္ေျမာက္ အစိုးရဟာ ဘယ္လိုမ်ိဳး ျဖစ္လာနိုင္မလဲ ဆိုတဲ့ အေျဖဟာ သိပ္မေဝး လွေတာ့တဲ့ အခ်ိန္ အတြင္းမွာ ကိုပဲ ထြက္ေပၚ လာဖို႔ ရွိေနပါၿပီ။ အခု ေ႐ြးေကာက္ပြဲမွာ ပါဝင္ ယွဥ္ၿပိဳင္ၾကတဲ့ ပါတီ ၉၂ ပါတီရွိၿပီး သူတို႔ အေနနဲ႕ ျပည္သူ႕လႊတ္ေတာ္ အတြက္ ၃၃၀ ေနရာ၊ အမ်ိဳးသား လႊတ္ေတာ္ အတြက္ ၁၆၈ ေနရာ၊ တိုင္းေဒသႀကီးနဲ႕ ျပည္နယ္ မဲဆႏၵနယ္ အတြက္ ၆၄၄ ေနရာနဲ႕ တိုင္းရင္း သား လူမ်ိဳး မဲဆႏၵနယ္ ၂၉ ေနရာတို႔ အတြက္ ယွဥ္ၿပိဳင္ၾကရ တာပဲ ျဖစ္ပါတယ္။ ဒီအတြက္ ဒီေဆာင္းပါး မွာေတာ့ ထြက္ေပၚလာနိုင္တဲ့ ရလဒ္ေတြနဲ႕ ျဖစ္တည္လာနိုင္တဲ့ အစိုးရ ဖြဲ႕နိုင္မယ့္ အေနအ ထားေတြကို ၂၀၁၅ က ရလဒ္ေတြနဲ႕ ယွဥ္တြဲၿပီး ခန႔္မွန္း သုံးသပ္သြားမွာ ျဖစ္ပါတယ္။

ပထမဆုံး အေနနဲ႕ ျပည္ေထာင္စုအဆင့္ လႊတ္ေတာ္ေတြကို သုံးသပ္ၾကည့္ရင္ ၂၀၁၅ ႏွစ္တုန္းက ဆိုရင္ ပါတီေပါင္း ၉၁ ပါတီ ဝင္ၿပိဳင္ခဲ့ၾကေပမယ့္ ျပည္ေထာင္စု လႊတ္ေတာ္ထဲကို ၁၃ ပါတီသာ အနိုင္ရ ေရာက္ရွိခဲ့ပါတယ္။ ဒီပါတီေတြအလိုက္ အနိုင္ရခဲ့တဲ့ ရာခိုင္ႏႈန္းေတြကေတာ့ NLD ၅၈ ဒသမ ၅၉ ရာခိုင္ႏႈန္း၊ USDP ၆ ဒသမ ၂၄ ရာခိုင္ႏႈန္း၊ ANP ၃ ဒသမ ၃၄ ရာခိုင္ႏႈန္း၊ SNLD ၂ ဒသမ ၅၈ ရာခိုင္ႏႈန္း၊ ပေလာင္ ၀ ဒသမ ၇၆ ရာခိုင္ႏႈန္း၊ ဇိုမီးနဲ႕ပအိုဝ့္က ၀ ဒသမ ၆၀ ရာခိုင္ႏႈန္းစီ၊ လီဆူးက ၀ ဒသမ ၃၀ ရာခိုင္ႏႈန္း၊ ကခ်င္၊ ကိုးကန႔္၊ တစည၊ မြန္၊ ဝ နဲ႕ အမ်ိဳးသား ညီၫြတ္ေသာ ဒီမိုကရက္တစ္ ပါတီတို႔က ၀ ဒသမ ၁၅ ရာခိုင္ႏႈန္းစီ၊ တစ္သီးပုဂၢလက ၀ ဒသမ ၇၆ ရာခိုင္ႏႈန္း ရရွိခဲ့ၾကတာ ေတြ႕ရပါတယ္။ ဒါက ျပည္သူလူထုက တိုက္ရိုက္ ေ႐ြးခ်ယ္ခြင့္ ရွိတဲ့ ၇၅ ရာခိုင္ႏႈန္း အေပၚမွာ တြက္ခ်က္ယူထားျခင္း ျဖစ္ပါတယ္။ က်န္တဲ့ ၂၅ ရာခိုင္ႏႈန္းက တပ္မေတာ္ကပါ။

ဒီေနရာမွာ ေတြ႕ရတာက ၂၀၁၅ တုန္းကေတာ့ NLD ပါတီ တစ္ခု တည္းကပဲ ျပည္သူ႕လႊတ္ေတာ္နဲ႕ အမ်ိဳးသား လႊတ္ေတာ္မွာပါ လုံေလာက္တဲ့ ထိုင္ခုံေနရာ ရရွိခဲ့တာမို႔ လႊတ္ေတာ္ စက်င္းပတဲ့ ၂၀၁၆ ေဖေဖာ္ဝါရီ ၂ ရက္မွာပဲ ျပဳလုပ္ခဲ့ၾကတဲ့ ျပည္သူ႕ လႊတ္ေတာ္နဲ႕ အမ်ိဳးသား လႊတ္ေတာ္မွာ သဘာပတိ ေ႐ြးတာ၊ လႊတ္ေတာ္ ဥကၠဌ၊ ဒုဥကၠဌ ေ႐ြးတဲ့ ေနရာေတြမွာ NLD ပါတီကပဲ ေ႐ြးခ်ယ္နိုင္ခဲ့ၿပီး ေနာက္ပိုင္း ျပည္သူ႕လႊတ္ေတာ္နဲ႕ အမ်ိဳးသား လႊတ္ေတာ္မွာ ေ႐ြးေကာက္ခံ ကိုယ္စားလွယ္ေတြခ်ည္းကပဲ ေ႐ြးရတဲ့ ဒုတိယ သမၼတ တစ္ဦးစီကိုလည္း အနိုင္ရပါတီ NLD ကပဲ ေ႐ြးခ်ယ္နိုင္ခဲ့ၾကပါတယ္။ ေနာက္ဆုံး ျပည္ေထာင္စု လႊတ္ေတာ္မွာ ျပည္သူ႕လႊတ္ေတာ္ ၊အမ်ိဳးသား လႊတ္ေတာ္က ကိုယ္စားလွယ္ေတြနဲ႕ တပ္မေတာ္သား လႊတ္ေတာ္ ကိုယ္စားလွယ္ေတြ အားလုံးေပါင္းၿပီး နိုင္ငံေတာ္ သမၼတ ေ႐ြးခ်ယ္ခဲ့ၾကတဲ့ အခါမွာလည္း NLD ပါတီကသာ လုံေလာက္တဲ့ ကိုယ္စားလွယ္ အေရအတြက္နဲ႕ အနိုင္ရကာ အစိုးရ ဖြဲ႕နိုင္ခဲ့တာကိုလည္း အားလုံးသိၾကၿပီး ျဖစ္မွာပါ။

အခုလာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ယခင္ ၂၀၁၅ အတိုင္းပဲ ရွိမွာလား၊ မဲေတြျပန႔္ၿပီး ရလဒ္ေတြက တစ္မ်ိဳး ျဖစ္ခဲ့မယ္ဆိုရင္ ဘယ္လို ျဖစ္လာနိုင္သလဲ ဆိုတာက အလြန္ စိတ္ဝင္စားစရာပါ။ ဒီအေျဖကို ရဖို႔က ရက္ပိုင္းသာ လိုပါေတာ့တယ္။ အနိုင္ရ ပါတီအေနနဲ႕ အစိုးရ ဖြဲ႕နိုင္ျခင္း၊ မဖြဲ႕နိုင္ျခင္း ဆိုတာက ေနာက္ဆုံး သမၼတ ေ႐ြးၾကတဲ့အခါ ေ႐ြးခ်ယ္နိုင္တဲ့ ပါတီေတြကို ဆိုလိုၿပီး ေျပာၾက၊ ခန႔္မွန္းၾကတာပါ။ တကယ္ေတာ့ အနိုင္ရပါတီေတြအေနနဲ႕ကလည္း လႊတ္ေတာ္ထဲကို မဝင္မီ ကတည္းက ဒီကိစၥအတြက္ ႀကိဳတင္တြက္ခ်က္ စဥ္းစားထားၾကၿပီး ျဖစ္ၾကမွာလည္း အမွန္ပါ။ ဥပမာ အေနနဲ႕ ၂၀၁၅ ကဆိုရင္ ၉၁ ပါတီ ဝင္ၿပိဳင္ခဲ့ၾကေပမယ့္ ျပည္ေထာင္စုအဆင့္ လႊတ္ေတာ္ေတြ ျဖစ္တဲ့ ျပည္သူ႕လႊတ္ေတာ္မွာ ၉ ပါတီ၊ အမ်ိဳးသား လႊတ္ေတာ္မွာ ၁၂ ပါတီ၊ လႊတ္ေတာ္ႏွစ္ရပ္ ေပါင္းတဲ့ ျပည္ေထာင္စု လႊတ္ေတာ္မွာ ၁၁ ပါတီသာ အနိုင္ရ ေရာက္ရွိခဲ့ၾကၿပီး တိုင္းေဒသႀကီးနဲ႕ ျပည္နယ္အဆင့္ လႊတ္ေတာ္ေတြမွာေတာ့ စုစုေပါင္း ပါတီ ၂၀ သာ အနိုင္ရလို႔ လႊတ္ေတာ္ထဲ ေရာက္ရွိခဲ့ၾကပါတယ္။ က်န္တဲ့ ၇၁ ပါတီကေတာ့ လႊတ္ေတာ္နိုင္ငံေရး အခင္းအက်င္းထဲကို ဝင္ေရာက္ခြင့္ မရွိခဲ့ၾကပါဘူး။

လာမယ့္ ေ႐ြးေကာက္ပြဲမွာလည္း ၉၂ ပါတီ အထဲက ဘယ္ႏွပါတီက လႊတ္ေတာ္ထဲ ေရာက္လာၾကမလဲ ဆိုတာက အဦးဆုံး စိတ္ဝင္စားစရာပါ။ ၂၀၂၀ မွာ အခု ဝင္ၿပိဳင္ၾကတဲ့ ၉၂ ပါတီထဲက လႊတ္ေတာ္ အသီးသီးမွာ တက္ေရာက္ဖို႔ အနိုင္ရရွိခဲ့ၾကတဲ့ ပါတီေတြအေနနဲ႕ သူ႕လႊတ္ေတာ္အလိုက္ လႊတ္ေတာ္စတင္ က်င္းပၾကတဲ့ ရက္မွာတင္ လႊတ္ေတာ္ သဘာပတိက အစ ဥကၠဌ၊ ဒုဥကၠဌေတြကို ေ႐ြးခ်ယ္ၾကရမွာ ျဖစ္ပါတယ္။ ဒီအတြက္ ၂၀၁၅ ကလို တစ္ပါတီတည္းကပဲ အနိုင္ရတာမ်ိဳး မဟုတ္ခဲ့ဘူး ဆိုရင္ေတာ့ ပြဲမဝင္မီ အျပင္မွာ က်င္းပ ဆိုသလို ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ ၁ ရက္ေန႕ မတိုင္မီ အခု နိုဝင္ဘာ ၈ ေ႐ြးေကာက္ပြဲအၿပီး ရလဒ္ေတြ ရွင္းရွင္းလင္းလင္း ထြက္ေပၚလာၿပီး ကတည္းကပင္ စတင္ၿပီး အေပးအယူေတြနဲ႕ ညွိႏွိုင္းၾကရေတာ့မွာ ျဖစ္ပါတယ္။ ဆိုလိုတာကေတာ့ နိုင္ငံေတာ္ သမၼတ ေ႐ြးတဲ့ လုပ္ငန္းစဥ္အထိေတာင္ အခ်ိန္ယူစရာ မလိုဘဲ ေ႐ြးေကာက္ပြဲ ၿပီးစမွာ ကတည္းက စတင္ ညွိႏွိုင္းၾကရမယ့္ လုပ္ငန္း သေဘာတရားေတြကို ေျပာလိုရင္း ျဖစ္ပါတယ္။

ယခုလက္ရွိ အာဏာရ ပါတီအေနနဲ႕ ၂၀၁၅ ရလဒ္မ်ိဳး ေပၚထြက္မလာဘဲ ျပည္သူ႕လႊတ္ေတာ္နဲ႕ အမ်ိဳးသား လႊတ္ေတာ္မွာ ေ႐ြးေကာက္ခံ ကိုယ္စားလွယ္ ၃၃၀ + ၁၆၈ = ၄၉၈ မွာ တစ္ဝက္ေက်ာ္ ၅၁ ရာခိုင္ႏႈန္း အနိုင္ရခဲ့မယ္ ဆိုရင္ ကိုယ္စားလွယ္ေတြခ်ည္း သီးသန႔္စီ ေ႐ြးၾကရတဲ့ ဒုတိယ သမၼတ ႏွစ္ဦး ေနရာကို အပိုင္ ရယူနိုင္မွာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ၆၇ ရာခိုင္ႏႈန္း အထိ အနိုင္မရခဲ့ဘူး ဆိုရင္ေတာ့ က်န္တဲ့ လႊတ္ေတာ္ ဥကၠဌ၊ ဒုတိယ ဥကၠ႒ ေနရာေတြနဲ႕ နိုင္ငံေတာ္ သမၼတ ေနရာေတြကိုေတာ့ က်န္ပါတီ တစ္ခုခုနဲ႕ အေပးအယူျပဳ ညွိႏွိုင္းၾကရေတာ့မွာ ျဖစ္ပါတယ္။ ဒီလို ညွိႏွိုင္းၾကတဲ့အခါ သူနဲ႕ နိုင္ငံေရး လမ္းစဥ္ တူညီတဲ့ SNLD၊ MUP နဲ႕ အျခားေသာ အင္အားႀကီး တိုင္းရင္းသား ပါတီ တစ္ခုခု (သို႔မဟုတ္) ျပည္မထဲက ပါတီ တစ္ခုခုနဲ႕ ေပါင္းၿပီး လႊတ္ေတာ္ ဥကၠဌ ေနရာေတြနဲ႕ နိုင္ငံေတာ္ သမၼတ ေနရာကို ေ႐ြးခ်ယ္ခန႔္အပ္ၿပီး အစိုးရ ဖြဲ႕နိုင္ဖြယ္ ရွိပါတယ္။ ဒီလိုမွ မဟုတ္ဘဲ ၅၀ ရာခိုင္ႏႈန္းေအာက္ ရလဒ္ ထြက္ေပၚခဲ့ရင္ေတာ့ ၅၁ ရာခိုင္ႏႈန္းနဲ႕ အနိုင္ ေ႐ြးခ်ယ္ၾကရမယ့္ ဒုတိယ သမၼတ ႏွစ္ေနရာအတြက္ပါ က်န္ပါတီ သုံး၊ ေလးခုနဲ႕ ေပါင္းၿပီး၊ အေပးအယူ လုပ္ၿပီး ေ႐ြးၾကရမယ့္ အေနအထား ျဖစ္ပါတယ္။

နိုင္ငံေရး ေရခ်ိန္ ျမင့္မားတဲ့ နိုင္ငံသူ နိုင္ငံသား မဲေပးၾကသူမ်ား အေနနဲ႕ ဒီအေျခအေနေတြကို သုံးသပ္ သိျမင္ၾကၿပီး နိုင္ငံေတာ္နဲ႕ နိုင္ငံသားေတြ အတြက္ ေကာင္းက်ိဳးျပဳနိုင္မယ့္ ပါတီ၊ လူပုဂၢိဳလ္မ်ားကို ေ႐ြးခ်ယ္ မဲေပးၾကျခင္းျဖင့္ မိမိတို႔နဲ႕ ထိုက္တန္ေသာ အစိုးရေကာင္း တစ္ရပ္ကို ရရွိ ပိုင္ဆိုင္နိုင္ၾကမယ္လို႔ ယုံၾကည္ပါေၾကာင္း ေရးသား ေဖာ္ျပလိုက္ရပါတယ္။

Credit;Real Power Online Media

Leave a Reply

Your email address will not be published. Required fields are marked *