စစ်ကောင်စီ နဲ့ ပတ်သက်မှုရှိတဲ့ သတင်း ထွက်လာပြီးနောက် Sule Square ကနေ နိုင်ငံတကာ ကုမ္ပဏီကြီးတွေ နေရာပြောင်းကြ ၊ ရုံးခန်းငှားရမ်းမှု ပြန်လည်ရုပ်သိမ်း

Posted on

စစ်တပ်နဲ့ အဆက်အစပ်ရှိတယ် လို့ သတင်း ထွက်လာပြီးနောက် Sule Square ကနေ နိုင်ငံတကာကုမ္ပဏီကြီးတွေနေရာပြောင်းကြပြီ ။

Coca-Cola, McKinsey, Reuters စတဲ့ Sule Square မှာရုံးအငှားဖွင့်ထား တဲ့ နိုင်ငံတကာ ကုမ္ပဏီကြီးတွေဟာ အဲ့ဒီနေရာကနေပြောင်းရွှေ့ထွက်ခွာနေကြပြီဖြစ် ပါတယ်။ ရိုက်တာ သတင်းဌာန က ပြောင်းရွှေ့တဲ့ ကုမ္ပဏီတွေ ကိုမေးမြန်းကြည့်ရာ မှာ ကုမ္ပဏီခြောက်ခုက နေရာရွှေ့ပြီးပြီ ( သို့မဟုတ် ) ရုံးနေရာပလန်ပြောင်းဖို့ စဉ်းစားနေပြီလို့ ဆိုပါတယ် ။

တစ်ခုကပဲ ဒီကိစ္စဟာ စစ်တပ် နဲ့ဆက်စပ်နေတဲ့ ကိစ္စလို့ပြောပြီး ကျန်တဲ့သူတွေက စီးပွားရေး ကိစ္စကြောင့်လို့ပဲဖြေပါ တယ်တဲ့ ။ Sule Square ကိစ္စနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့လက Justice for Myanmar က စစ်တပ်ကိုမြေငှားခပေးနေကြောင်းဖော် ထုတ်ခဲ့တာဖြစ် ပါတယ် ။

သတင်းအပြည့်အစုံမှာ

ရန်ကုန်မြို့က စစ်တပ်ပိုင် မြေပေါ် မှာ တည်ဆောက်ထားတယ် လို့ ကုလသမဂ္ဂက ပြောဆိုထားတဲ့ Sule Square မှာ ရုံးနေရာ ငှားရမ်းထားတဲ့ နိုင်ငံတကာ လုပ်ငန်းကြီး တချို့ ရွှေ့ပြောင်းနေကြသလို တချို့ကတော့ ငှားရမ်းမှု ကို ပြန်လည် သုံးသပ်နေကြောင်း ရိုက်တာ သတင်းက ဖော်ပြပါတယ်။

ဒီထဲမှာ McKinsey ၊ Coca-Cola နဲ့ ရိုက်တာ ရုံးတို့လည်း ပါဝင်ပါတယ်။ ရန်ကုန်မြို့လယ် က Sule Square ရုံးခန်းနဲ့ ဆိုင်ခန်းတွေမှာ ငှားရမ်းထားသူတွေဟာဆိုရင် ဟာဆိုရင် စစ်တပ်ကို တနည်းတဖုံ ထောက်ပံ့နေတာ ဖြစ်ကြောင်း အခွင့်အရေး လှုပ်ရှားမှု အဖွဲ့ Justic for Myanmar က ပြီးခဲ့တဲ့ လ အတွင်း ပြောဆိုထားတာပါ။

Sule Square မှာ ရုံးခန်းငှားထားတဲ့ ထင်ရှားတဲ့ လုပ်ငန်းကြီး ၁၈ ခုရဲ့ အမည်စာရင်းနဲ့ တကွ ဖော်ပြထားတဲ့ Justic for Myanmar ရဲ့ အစီရင်ခံစာမှာ ရုံးခန်းနေရာ ဆက်လက် ငှားရမ်းထားသူတွေဟာ စစ်တပ်ကို တဖက်လှည့် နဲ့ ထောက်ပံ့နေတာလို့ ပြောဆိုထားပါတယ်။ အစီရင်ခံစာပါ ရုံးခန်းငှားရမ်းထားသူ ကုမ္ပဏီ အားလုံးကို Reuters က ဆက်သွယ်စုံစမ်းခဲ့တာမှာ ဒီထဲက ၆ ခုကတော့ ရုံး အစီအစဉ်ကို ပြန်လည် သုံးသပ်နေကြောင်း ဒါမှမဟုတ်လည်း ရွှေ့ပြောင်းပြီးကြောင်း ပြောပါတယ်။

Photo -Sule Square

ဒီလို ပြောတာမှာလည်း စစ်တ ပ်နဲ့ ပတ်သက်တယ်လို့ သုံးနှုန်း ပြောတဲ့ လုပ်ငန်းကြီး တခုသာ ရှိပြီး ကျန်တဲ့ လုပ်ငန်းတွေကတော့ စီးပွားရေး အလားအလာ အပါအဝင် တခြားကိစ္စတွေကို အကြောင်းပြ ပါတယ် ။ အထင်ကရ ဆူးလေ ဘုရားအနီး မှာ ၂၀၁၇ ခုနှစ်က ဖွင့်လှစ် ခဲ့တဲ့ Sule Square ကို ဟောင်ကောင် စတော့ဈေးကွက် စာရင်းဝင် Shangri-La Asia က တည်ဆောက်ခဲ့တာ ဖြစ်ပြီး အနီးက ဟိုတယ် နဲ့ အတူဘဲ Sule Square ကို စီမံခန့်ခွဲနေ တာပါ ။

မြေနေရာ ကိုတော့ စစ်တပ်ထံက ငှားရမ်းထားတာ ဖြစ်ကြောင်း မီဒီယာတွေ၊ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေနဲ့ ၂၀၁၉ ခုနှစ်က ဖွဲ့စည်းခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ အချက်အလက်ရှာ အဖွဲ့က ပြောဆိုထားတာ ပါ ။ Sule Square မြေငှားရမ်းမှုနဲ့ ပတ်သက်ပြီး အသေးစိတ် ကို သီးခြား အတည်ပြုနိုင်ရေး စစ်ကောင်စီ ပြောခွင့်ရကို ရိုက်တာက ဆက်သွယ်ခဲ့ပေမယ့် လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိ ပါဘူး ။

McKinsey & Company က ၂၀၂၁ ခုနှစ် အစောပိုင်းမှာဘဲ Sule Square က ရုံးခန်းနေရာ ငှားရမ်းမှု ကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။ Coca-Cola ရုံးခန်း ငှားရမ်းမှုကတော့ လာမယ့် ဇွန်လ လယ်ပိုင်းမှာ စာချုပ်သက်တမ်း ပြည့်မှာ ဖြစ်ပြီး ထပ်ပြီး မငှားတော့ဘူးလို့ အီးမေလ်းကနေ ပေးပို့တဲ့ ကြေညာချက်မှာ ပြောပါ တယ် ။

ရိုက်တာ သတင်းအေဂျင်စီရုံးကတော့ လက်ရှိ ငှားထား တဲ့ Sule Square ရုံးခန်းကို အသုံးပြုခြင်း မရှိကြောင်း နဲ့ ငှားရမ်းမှု ကို ပြန်လည် သုံးသပ်နေကြောင်း Reuters ပြောခွင့်ရက ပြောပါတယ်။ ဒါပေမယ့်လည်း ဒီ အဆောက်အအုံ နဲ့ စစ်တပ် ပတ်သက် ဆက်နွယ်နိုင်ခြေ ကိုတော့ Reuters ပြောခွင့်ရက မပြော ပါဘူး ။

Ref;VOA

Leave a Reply

Your email address will not be published. Required fields are marked *