” စစ္အာဏာရွင္ နဲ႕ ကိုဗစ္ ကာကြယ္ေဆး ” ( ကေလးအထူးကု ပါေမာကၡ ဆရာႀကီး ဦး Saw Win ေရးတဲ့စာ..)

Posted on

ကလေးအထူးကု ပါမောက္ခ ဆရာကြီး ဦး Saw Win ရေးတဲ့စာ..

စစ်အာဏာရှင် နဲ့ ကိုဗစ် ကာကွယ်ဆေး

အာဏာသိမ်း မယ် တွေဘာညာ တွေ ကြားတေါ့ ကိုယ်ကတော့ ကိုယ် နဲ့ဆိုင်တဲ့ ကိစ္စသွားတွေး မိတယ်

၂၀၀၆ က ဌာနမှူး ဖြစ်ပြီး ၂၀၀၇-၈လေါက်မှာ အမျိုးသားကာကွယ်ဆေးကော်မီတီ အစည်းအဝေးခေါ်လို့ နေပြည်တော်သွားတက်ရတယ် အဲဒီတုံးက တော့ ပါမောက္ခ/ဌာန မှူး အား လုံး က အဖွဲ့ဝင်တွေပါ အခု နေက်ပိုင်းမှာတော့ Exofficio ပညာရပ်ဆိုင်ရာ အကြံပေးအဖြစ်လိုအပ်တဲ့ အစည်းအဝေးမှဖိတ်ပါတယ်

အဲဒီ အစည်းအဝေးမှာ အရင် ထိုးနေတဲ့ ဆုံဆို့ ကြက်ညှာ မေးခိုင်ကါကွယ်ဆေး ( ၃မျိုးစပ်) အစား အခု ထိုး ပေးနေတဲ့ ၅မျိုးစပ် ( H. Influenzae နဲ့ အသည်းရောင်ဘီ ပို) ကို ပြောင်းဖို့ ဆွေးနွေးကြတယ်

ကလေးအထူးကု ပါမောက္ခ ဆရာကြီး ဦး Saw Win

ဆေးတယောက်စာ ၃.၈ ဒေါ်လာကျမှာ ကို ဘေးလ်ဂိတ်ရဲ့ GAVI အဖွဲ့ကြီးက ၃.၆ ဒေါ်လာ ကျခံမယ် အစိုးရက ဝ.၂ ဒေါ်လာပဲကျခံရမှာပါ

ကျွန်တော်တို့ကလေးဆရာဝန်တွေကတော့ အကြိုက်ပေါ့ဗျာ ဒါပေမဲ့ ကမဝ ကအရာရှိကြီးတွေကတော့ တွန့်ဆုတ်တွန့်ဆုတ်နဲ့ အဲဒီဝ.၂ စိုက်ဖို့ အထက်ကို ပြောဝံ့ပုံ မရဘူး သူ့အထက်ကဝန်ကြီးကလည်း အခု စာဖတ်နေတဲ့ ပုဂ္ဂိုလ်ကြီး ကို ပြောဝံ့ပုံ မရဘူး အဲဒါ နဲ့သူတို့ ကယူနီဆက်ဖိ ကမထောက်ပံ့နိုင်ဘူးလားဆိုပြီးမေးတယ်

အဲဒီတုန်း က ယူနီဆက်ဖ် မြန်မာကိုယ်စား လှယ်က ဂျပန် လူငယ် လေးပါ သူပြောတာက အင်မတန်ပြတ်သားပါတယ် “It is not a matter of money , it is a matter of commitment” တဲ့ မဖြစ်စ်စလောက် ပိုက်ဆံ စိုက်ခိုင်းတာက ငွေကြောင့် မဟုတ်ဘူး အဲ့ဒီနိုင်ငံကကိုယ့်နိုင်ငံသားတွေအတွက် ဘယ်လောက် တာဝန်ယူမလဲ လိုချင်တာတဲ့ဗျ

တိုတို ပြောရရင်ဗျာ ကိုယ့်ကလေးတွေ အတွက်သိပ် အကျိုးရှိမဲ့ ဒီ အစီအစဉ်က ဖြစ်မလာခဲ့ဘူး ကျွန်တော်တို့ကတော့ ရှက်လည်း ရှက်ဒေါသလည်း ထွက်တာပေါ့ဗျာ ( ထုတ်တော့မပြောရဲပါဘူး )

နောက်ဆုံး ၂၀၁၂ ဘပြောင်ကြီး ရဲ့လက်ထက်မှ ထည့်ဖြ စ်တော့တယ် အရေခြုံဒီမို အစိုးရဆိတော့ လူထုကို နည်းနည်းတော့မျက်နှာချိုသွေးရတာပေါ့ဗျာ ဝန်ကြီးဖြစ်နေတဲ့ ကလေးဆရာဝန်ကြီးက တိုက်တွန်းတာလည်းပါတာပေါ့ ကမ္ဘာပေါ်မှာ ၅ မျိုးစပ်ပဲ ထိုးကြတာများလာတော့ ၃ မျိုးစပ် (ဆကမ) က ဝယ်ရခက်လာတာလည်း တကြောင်း ပေါ့ သိပ်လည်းဝမ်းသာမနေနဲ့ဦး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင် ၁၉၁ နိုင် မှာ ကျွန်တေါ်တို့က ၁၈၁ နိုင်ငံမြောက် ၅ မျိုးစပ်ထည့်သွင်းတဲ့န်ုင်ငံပါ ဖွံဖြိုးပြီးနိုင်ငံတွေမှာ ထည့်ပြီးတာ ၁၀ နှစ် ကျော်ပေါ့

အခု လူထု အစိုး ရလက် ထက်ကြည့် ကိုဗစ်ကါကွယ် ဆေး ယူကေက ကမ္ဘာ ပေါ်မှာ ဒီဇင်ဘာ ၉ ရက်လေါက်ကစ ထိုးတယ် အခု ၁လခွဲလေါက်အကြာမှာ ကိုယ့်နိုင်ငံသားတွေစထိုးနေပြီ လူထု အစိုးရက ပြတ်သား တယ် နိုင်ငံသားတွေ ကာကွယ်ဆေး ထိုး ကိုထိုးရမယ် ဘယ်လောက်ကုန်ကုန်တဲ့ အစိုးရရဲ့စေတနာ ကိုနားလည်တဲ့ ပြည်သူတွေလည်း လှူလိုက်ကြတာ ခြိမ့်ခြိမ့်သဲသဲဗျာ

လူရိုသေရှင်ရိုသေ အစိုးရ ဆိုတော့ ကာကွယ်ဆေးထုတ်တဲ့နိုင်ငံတွေကလည်း လှူချင်တန်းချင် ဦးစားပေးရောင်းချပေးချင် ဗျ ၂၀၁၅ နဲ့အခုကာလကြားမှာလည်း အများကြီးဈေးကြီးပြီး အစိုးရကပိုပြီးအများကြီး စိုက်ရတဲ့ ၂၀၁၆ မှာ ပြင်းထန် အဆုတ်အအေးမိ ၂၀၁၈ မှာ ဂျပန်ဦးဏှောက်ရောင် ၂၀၂၀ မှာ ဝမ်းပျက်ဝမ်းလျှောနဲ့ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး တွေ အခမဲ့ထိုးဖို့ ထည့်ပေးခဲ့တာဗျ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကကလေးတွေကို ထိုးသင့်တယ်လို့အကြံပြုထားတဲ့ကာကွယ်ဆေး ၁၃ မျိုးလုံးထည့်ပြီးသား နောက်၅နှစ် အတွက် ကာကွယ်ဆေးအတွက် ဘယ်လေါက်ကုန်ကုန်ပေးမယ်ဆိုတဲ့ ဘတ်ဂျက်ကချပြီးသား

ကိုယ့် ပြည် သားတွေ အပေါ်ထားတဲ့စေတနာက ” ဆီနဲ့ရေ ” ” နံ့သာဆီနဲ့ အီးပါ ” ဗျာ ဒါကို တတိုင်းလုံးတပြည်လုံးကသိနေလို့ မင်းတို့ အရှက်တကွဲရှုံးတာပေါ့ကွာ အဲဒီတော့ရင်လေးတယ်ကွာ စစ်အာဏာရှင်အောက်ရောက်မှာတော့ အရည်အချင်းမရှိစေတနာ စိတ်ကေါင်းမရှိတဲ့ ကောင်တွေအောက်နေ ရမှာ ဘယ်သူကမှလက်မခံနိုင်ဘူးဆိုတာ သိသင့်ပြီကွ မင်းတို့အုပ်ချုပ် လို့ကတော့ ကိုဗစ်တတိယလှိုင်း လာရင်ငါးပါမှောက် ရချည်ရဲ့

ကိုယ့်အလုပ်ကိုယ်နိုင်နင်းအောင် လုပ်ပါကွာ အာဏာလိုချင် လည်း အရပ်ဝတ်ပြောင်းပြီး ရွေးကောက်ပွဲ ဝင်ပေါ့ သာဝရာ မင်း ကိုကြိုက်ရင် မဲထည့်မှာပေါ့..

လေးစားစွာဖြင့် ဆရာ့အား ခရက်ဒစ်ပေး ပြန်လည်ဖော်ပြပေးပါသည်ခင်ဗျာ..

Zawgyi

ကေလးအထူးကု ပါေမာကၡ ဆရာႀကီး ဦး Saw Win ေရးတဲ့စာ..

စစ္အာဏာရွင္ နဲ႕ ကိုဗစ္ ကာကြယ္ေဆး

အာဏာသိမ္း မယ္ ေတြဘာညာ ေတြ ၾကားေတါ့ ကိုယ္ကေတာ့ ကိုယ္ နဲ႕ဆိုင္တဲ့ ကိစၥသြားေတြး မိတယ္

၂၀၀၆ က ဌာနမႉး ျဖစ္ၿပီး ၂၀၀၇-၈ေလါက္မွာ အမ်ိဳးသားကာကြယ္ေဆးေကာ္မီတီ အစည္းအေဝးေခၚလို႔ ေနျပည္ေတာ္သြားတက္ရတယ္ အဲဒီတုံးက ေတာ့ ပါေမာကၡ/ဌာန မႉး အား လုံး က အဖြဲ႕ဝင္ေတြပါ အခု ေနက္ပိုင္းမွာေတာ့ Exofficio ပညာရပ္ဆိုင္ရာ အႀကံေပးအျဖစ္လိုအပ္တဲ့ အစည္းအေဝးမွဖိတ္ပါတယ္

အဲဒီ အစည္းအေဝးမွာ အရင္ ထိုးေနတဲ့ ဆုံဆို႔ ၾကက္ညွာ ေမးခိုင္ကါကြယ္ေဆး ( ၃မ်ိဳးစပ္) အစား အခု ထိုး ေပးေနတဲ့ ၅မ်ိဳးစပ္ ( H. Influenzae နဲ႕ အသည္းေရာင္ဘီ ပို) ကို ေျပာင္းဖို႔ ေဆြးေႏြးၾကတယ္

ေဆးတေယာက္စာ ၃.၈ ေဒၚလာက်မွာ ကို ေဘးလ္ဂိတ္ရဲ႕ GAVI အဖြဲ႕ႀကီးက ၃.၆ ေဒၚလာ က်ခံမယ္ အစိုးရက ဝ.၂ ေဒၚလာပဲက်ခံရမွာပါ

ကြၽန္ေတာ္တို႔ကေလးဆရာဝန္ေတြကေတာ့ အႀကိဳက္ေပါ့ဗ်ာ ဒါေပမဲ့ ကမဝ ကအရာရွိႀကီးေတြကေတာ့ တြန႔္ဆုတ္တြန႔္ဆုတ္နဲ႕ အဲဒီဝ.၂ စိုက္ဖို႔ အထက္ကို ေျပာဝံ့ပုံ မရဘူး သူ႕အထက္ကဝန္ႀကီးကလည္း အခု စာဖတ္ေနတဲ့ ပုဂၢိဳလ္ႀကီး ကို ေျပာဝံ့ပုံ မရဘူး အဲဒါ နဲ႕သူတို႔ ကယူနီဆက္ဖိ ကမေထာက္ပံ့နိုင္ဘူးလားဆိုၿပီးေမးတယ္

အဲဒီတုန္း က ယူနီဆက္ဖ္ ျမန္မာကိုယ္စား လွယ္က ဂ်ပန္ လူငယ္ ေလးပါ သူေျပာတာက အင္မတန္ျပတ္သားပါတယ္ “It is not a matter of money , it is a matter of commitment” တဲ့ မျဖစ္စ္စေလာက္ ပိုက္ဆံ စိုက္ခိုင္းတာက ေငြေၾကာင့္ မဟုတ္ဘူး အဲ့ဒီနိုင္ငံကကိုယ့္နိုင္ငံသားေတြအတြက္ ဘယ္ေလာက္ တာဝန္ယူမလဲ လိုခ်င္တာတဲ့ဗ်

တိုတို ေျပာရရင္ဗ်ာ ကိုယ့္ကေလးေတြ အတြက္သိပ္ အက်ိဳးရွိမဲ့ ဒီ အစီအစဥ္က ျဖစ္မလာခဲ့ဘူး ကြၽန္ေတာ္တို႔ကေတာ့ ရွက္လည္း ရွက္ေဒါသလည္း ထြက္တာေပါ့ဗ်ာ ( ထုတ္ေတာ့မေျပာရဲပါဘူး )

ေနာက္ဆုံး ၂၀၁၂ ဘေျပာင္ႀကီး ရဲ႕လက္ထက္မွ ထည့္ျဖ စ္ေတာ့တယ္ အေရၿခဳံဒီမို အစိုးရဆိေတာ့ လူထုကို နည္းနည္းေတာ့မ်က္ႏွာခ်ိဳေသြးရတာေပါ့ဗ်ာ ဝန္ႀကီးျဖစ္ေနတဲ့ ကေလးဆရာဝန္ႀကီးက တိုက္တြန္းတာလည္းပါတာေပါ့ ကမာၻေပၚမွာ ၅ မ်ိဳးစပ္ပဲ ထိုးၾကတာမ်ားလာေတာ့ ၃ မ်ိဳးစပ္ (ဆကမ) က ဝယ္ရခက္လာတာလည္း တေၾကာင္း ေပါ့ သိပ္လည္းဝမ္းသာမေနနဲ႕ဦး ကမာၻ႔က်န္းမာေရးအဖြဲ႕ဝင္ ၁၉၁ နိုင္ မွာ ကြၽန္ေတၚတို႔က ၁၈၁ နိုင္ငံေျမာက္ ၅ မ်ိဳးစပ္ထည့္သြင္းတဲ့န္ုင္ငံပါ ဖြံၿဖိဳးၿပီးနိုင္ငံေတြမွာ ထည့္ၿပီးတာ ၁၀ ႏွစ္ ေက်ာ္ေပါ့

အခု လူထု အစိုး ရလက္ ထက္ၾကည့္ ကိုဗစ္ကါကြယ္ ေဆး ယူေကက ကမာၻ ေပၚမွာ ဒီဇင္ဘာ ၉ ရက္ေလါက္ကစ ထိုးတယ္ အခု ၁လခြဲေလါက္အၾကာမွာ ကိုယ့္နိုင္ငံသားေတြစထိုးေနၿပီ လူထု အစိုးရက ျပတ္သား တယ္ နိုင္ငံသားေတြ ကာကြယ္ေဆး ထိုး ကိုထိုးရမယ္ ဘယ္ေလာက္ကုန္ကုန္တဲ့ အစိုးရရဲ႕ေစတနာ ကိုနားလည္တဲ့ ျပည္သူေတြလည္း လႉလိုက္ၾကတာ ၿခိမ့္ၿခိမ့္သဲသဲဗ်ာ

လူရိုေသရွင္ရိုေသ အစိုးရ ဆိုေတာ့ ကာကြယ္ေဆးထုတ္တဲ့နိုင္ငံေတြကလည္း လႉခ်င္တန္းခ်င္ ဦးစားေပးေရာင္းခ်ေပးခ်င္ ဗ် ၂၀၁၅ နဲ႕အခုကာလၾကားမွာလည္း အမ်ားႀကီးေဈးႀကီးၿပီး အစိုးရကပိုၿပီးအမ်ားႀကီး စိုက္ရတဲ့ ၂၀၁၆ မွာ ျပင္းထန္ အဆုတ္အေအးမိ ၂၀၁၈ မွာ ဂ်ပန္ဦးေဏွာက္ေရာင္ ၂၀၂၀ မွာ ဝမ္းပ်က္ဝမ္းေလွ်ာနဲ႕ သားအိမ္ေခါင္းကင္ဆာကာကြယ္ေဆး ေတြ အခမဲ့ထိုးဖို႔ ထည့္ေပးခဲ့တာဗ် ကမာၻ႔က်န္းမာေရး အဖြဲ႕ကကေလးေတြကို ထိုးသင့္တယ္လို႔အႀကံျပဳထားတဲ့ကာကြယ္ေဆး ၁၃ မ်ိဳးလုံးထည့္ၿပီးသား ေနာက္၅ႏွစ္ အတြက္ ကာကြယ္ေဆးအတြက္ ဘယ္ေလါက္ကုန္ကုန္ေပးမယ္ဆိုတဲ့ ဘတ္ဂ်က္ကခ်ၿပီးသား

ကိုယ့္ ျပည္ သားေတြ အေပၚထားတဲ့ေစတနာက ” ဆီနဲ႕ေရ ” ” နံ႕သာဆီနဲ႕ အီးပါ ” ဗ်ာ ဒါကို တတိုင္းလုံးတျပည္လုံးကသိေနလို႔ မင္းတို႔ အရွက္တကြဲရႈံးတာေပါ့ကြာ အဲဒီေတာ့ရင္ေလးတယ္ကြာ စစ္အာဏာရွင္ေအာက္ေရာက္မွာေတာ့ အရည္အခ်င္းမရွိေစတနာ စိတ္ေကါင္းမရွိတဲ့ ေကာင္ေတြေအာက္ေန ရမွာ ဘယ္သူကမွလက္မခံနိုင္ဘူးဆိုတာ သိသင့္ၿပီကြ မင္းတို႔အုပ္ခ်ဳပ္ လို႔ကေတာ့ ကိုဗစ္တတိယလွိုင္း လာရင္ငါးပါေမွာက္ ရခ်ည္ရဲ႕

ကိုယ့္အလုပ္ကိုယ္နိုင္နင္းေအာင္ လုပ္ပါကြာ အာဏာလိုခ်င္ လည္း အရပ္ဝတ္ေျပာင္းၿပီး ေ႐ြးေကာက္ပြဲ ဝင္ေပါ့ သာဝရာ မင္း ကိုႀကိဳက္ရင္ မဲထည့္မွာေပါ့..

ေလးစားစြာျဖင့္ ဆရာ့အား ခရက္ဒစ္ေပး ျပန္လည္ေဖာ္ျပေပးပါသည္ခင္ဗ်ာ..

Leave a Reply

Your email address will not be published. Required fields are marked *