ကြံ့ဖွဲံ့ (USDP) ပါတီ ကိုယ်စားလှယ်လောင်း က UEC အဖွဲ့အား မီးကုန်ရမ်းကုန် ရိုင်းစိုင်းသော စကားလုံးများဖြင့် ဝေဖန်လိုက်ပြန်

Posted on

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ( UEC )အဖွဲ့အား ”ကျွဲပါးစောင်းတီး ၊ နွားပလာတာကျွေး ”ဆိုသည့် စကားလုံး များဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ( USDP ) ၏ ကိုယ်စားလှယ်လောင်း တစ်ဦးက ဝေဖန်ပြောဆို လိုက်သည် ။

တာမွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရာ မှ ရှုံးနိမ့်ခဲ့သူ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် USDP ပါတီ၏ခရိုင်ကော်မတီဝင်ဖြစ်သူ ဦးမျိုးဝင်းကျော် က ဇန်နဝါရီ ၁၂ ရက် က အရှေ့ပိုင်းခရိုင်ပြည်ခိုင်ဖြိုးပါတီရုံး တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ ၌ အထက်ပါအတိုင်းပြော ဆိုခဲ့ခြင်းဖြစ် သည် ။ USDP ပါတီအနေဖြင့် ယခုကဲ့သို့ထောက်ပြ ဝေဖန် ပြောဆိုနေခြင်းသည်ပြည်သူ သန်းပေါင်းများစွာအား ကိုယ်စားပြု ပြောကြားခြင်းဖြစ်ကြောင်း ဦးမျိုးဝင်းကျော် က ပြောသ ည် ။

”ဒီမိုကရေစီရဲ့ အနှစ်သာရ ကို နားမလည်နိုင်တဲ့ သူတွေအတွက် ကျွဲပါးစောင်းတီးဖြစ်နေပြီ။ ယနေ့ခေတ် လူငယ်တွေရဲ့စကားနဲ့ ပြောရရင် နွား ပလာတာ ကျွေးသလိုဖြစ်နေ တယ်။ ဆောရီးဗျာ ၊ ကျွန်တော် စကားပုံသုံးတာ ရိုင်းသွားလို့ ရှိရင်လည်းနားနဲ့မနာ ဖဝါးနဲ့ နာပေးပါ။ လူရိုင်းတွေကိုပါ နားလည်အောင် ရှင်းပြနေရလို့”ဟု ဦးမျိုးဝင်းကျော်က ပြောသည်။အမှန်တရားအတွက် သက်သေပြရန် ရာမဇာတ်တော်ပါ အကြောင်း အတိုင်း UEC အား မီးပုံထဲ ဆင်းခိုင်းနေခြင်းမဟုတ်ဘဲ ဆိုးမွေကိုဆက်ခံပြီး ဒီမိုကရေစီကို ပုံပျက်ပန်းပျက် မဖြစ်အောင် ယခင် UEC ၏ ကောင်းမွေကိုဆက်ခံပြီး လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့၍ မဲစာရင်းပြန်လည်စစ်ဆေးပေးရန် တောင်းဆိုနေခြင်းဖြစ်ကြောင်း ၎င်းကပြော သည်။

”သန်းနဲ့ချီတဲ့ ပြည်သူတွေရဲ့ သံသယတွေကြားမှာ အများရဲ့ တံတွေးခွက်ထဲမှာပက်လက်မျောရမယ့် အခြေအနေဆိုးတွေကြားမှာ ခွေးပြော၊ နွားပြော အပြောခံရမယ့် အခြေအနေကြားမှာ လက်ရှိ UEC ကို ရှိမနေစေချင်တာ ကျွန်တော်တို့ ဆန္ဒအမှန်ပါ”ဟု ဦးမျိုးဝင်းကျော်က ပြောသည်။

ရန်ကုန်အရှေ့ပိုင်းခရိုင် USDP ပါတီအနေဖြင့် ရဲစခန်းတွင် ငါးမှု၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲတွင် ၄၅ မှုနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် ငါးမှု တိုင်ကြားထားသည်။ ရွေးကောက်ပွဲနေ့ ၌ တစ်ကြိမ်ထက်မက မဲပေးသူ ၊ မှတ်ပုံအတုဖြင့်မဲပေးသူ၊ မဲပေးရန် သွားရောက်ချိန်တွင်အခြားတစ်ဦးက လာရောက် မဲပေးထားခြင်း၊ အသက်မပြည့်ဘဲ မဲပေးခြင်း၊ မြို့နယ်ကျော်ပြီး မဲပေးခြင်း၊ အသက် တစ်ရာကျော်သူ အရေ အတွက် များပြားခြင်း စသည့်ဖြစ်ရပ်များ တွေ့ရှိကြောင်း ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ၎င်းကပြောသည်။

ဦးမျိုးဝင်းကျော် သည် ၂ဝ၂ဝ ရွေးကောက်ပွဲ တွင် တာမွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ထောက်ခံမဲ ၅၂၇၆ မဲရရှိခဲ့သည်။ အဆိုပါ မဲဆန္ဒနယ်၌ပင် NLD ပါတီ ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သည့်နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ထောက်ခံမဲ ၇၄၄၃၆ မဲဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

USDP ပါတီအနေဖြင့် နိုဝင်ဘာ ၈ရက် ရွေးကောက်ပွဲရလဒ်အား ကန့်ကွက်မှုများ ပြုလုပ်နေခြင်း သည် ပြည်သူ့ဆန္ဒနှင့် ကင်းကွာနေ သဖြင့် ရှေ့ဆက်မည့်နိုင်ငံရေးလမ်းကြောင်း တွင် ဂုဏ်သိက္ခာကျဆင်းစေကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကဲ့သို့ နိုင်ငံရေးကျရှုံးမည်ဖြစ်ကြောင်း ဦးသန်းစိုးနိုင်ကပြော သည် ။

Myanmar Time

Zawgyi

ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ ( UEC )အဖြဲ႕အား ”ကြၽဲပါးေစာင္းတီး ၊ ႏြားပလာတာေကြၽး ”ဆိုသည့္ စကားလုံး မ်ားျဖင့္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရး ပါတီ( USDP ) ၏ ကိုယ္စားလွယ္ေလာင္း တစ္ဦးက ေဝဖန္ေျပာဆို လိုက္သည္ ။

တာေမြၿမိဳ႕နယ္ ျပည္သူ႕လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း အျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ရာ မွ ရႈံးနိမ့္ခဲ့သူ ရန္ကုန္တိုင္းေဒသႀကီး အေရွ႕ပိုင္းခရိုင္ USDP ပါတီ၏ ခရိုင္ေကာ္မတီဝင္ျဖစ္သူ ဦးမ်ိဳးဝင္းေက်ာ္ က ဇန္နဝါရီ ၁၂ ရက္ က အေရွ႕ပိုင္းခရိုင္ျပည္ခိုင္ၿဖိဳးပါတီ႐ုံး တြင္ ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲ ၌ အထက္ပါအတိုင္းေျပာ ဆိုခဲ့ျခင္းျဖစ္ သည္ ။ USDP ပါတီအေနျဖင့္ ယခုကဲ့သို႔ေထာက္ျပ ေဝဖန္ ေျပာဆိုေနျခင္းသည္ျပည္သူ သန္းေပါင္းမ်ားစြာအား ကိုယ္စားျပဳ ေျပာၾကားျခင္းျဖစ္ေၾကာင္း ဦးမ်ိဳးဝင္းေက်ာ္ က ေျပာသ ည္ ။

”ဒီမိုကေရစီရဲ႕ အႏွစ္သာရ ကို နားမလည္နိုင္တဲ့ သူေတြအတြက္ ကြၽဲပါးေစာင္းတီးျဖစ္ေနၿပီ။ ယေန႕ေခတ္ လူငယ္ေတြရဲ႕စကားနဲ႕ ေျပာရရင္ ႏြား ပလာတာ ေကြၽးသလိုျဖစ္ေန တယ္။ ေဆာရီးဗ်ာ ၊ ကြၽန္ေတာ္ စကားပုံသုံးတာ ရိုင္းသြားလို႔ ရွိရင္လည္းနားနဲ႕မနာ ဖဝါးနဲ႕ နာေပးပါ။ လူရိုင္းေတြကိုပါ နားလည္ေအာင္ ရွင္းျပေနရလို႔”ဟု ဦးမ်ိဳးဝင္းေက်ာ္က ေျပာသည္။အမွန္တရားအတြက္ သက္ေသျပရန္ ရာမဇာတ္ေတာ္ပါ အေၾကာင္း အတိုင္း UEC အား မီးပုံထဲ ဆင္းခိုင္းေနျခင္းမဟုတ္ဘဲ ဆိုးေမြကိုဆက္ခံၿပီး ဒီမိုကေရစီကို ပုံပ်က္ပန္းပ်က္ မျဖစ္ေအာင္ ယခင္ UEC ၏ ေကာင္းေမြကိုဆက္ခံၿပီး လြတ္လပ္ေသာ စုံစမ္းစစ္ေဆးေရး ေကာ္မရွင္ဖြဲ႕၍ မဲစာရင္းျပန္လည္စစ္ေဆးေပးရန္ ေတာင္းဆိုေနျခင္းျဖစ္ေၾကာင္း ၎ကေျပာ သည္။

”သန္းနဲ႕ခ်ီတဲ့ ျပည္သူေတြရဲ႕ သံသယေတြၾကားမွာ အမ်ား ရဲ႕ တံေတြးခြက္ထဲမွာ ပက္လက္ေမ်ာရမယ့္ အေျခအေနဆိုးေတြၾကား မွာ ေခြးေျပာ၊ ႏြားေျပာ အေျပာခံရမယ့္ အေျခအေနၾကား မွာ လက္ရွိ UEC ကို ရွိမေနေစခ်င္တာ ကြၽန္ေတာ္တို႔ ဆႏၵအမွန္ပါ ”ဟု ဦးမ်ိဳးဝင္းေက်ာ္က ေျပာသ ည္။

ရန္ကုန္အေရွ႕ပိုင္းခရိုင္ USDP ပါတီအေနျဖင့္ ရဲစခန္းတြင္ ငါးမႈ၊ ၿမိဳ႕နယ္ေကာ္မရွင္ အဖြဲ႕ခြဲတြင္ ၄၅ မႈႏွင့္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္တြင္ ငါးမႈ တိုင္ၾကားထားသည္။ ေ႐ြးေကာက္ပြဲေန႕ ၌ တစ္ႀကိမ္ထက္မက မဲေပးသူ ၊ မွတ္ပုံအတုျဖင့္မဲေပးသူ၊ မဲေပးရန္ သြားေရာက္ခ်ိန္တြင္အျခားတစ္ဦးက လာေရာက္ မဲေပးထားျခင္း၊ အသက္မျပည့္ဘဲ မဲေပးျခင္း၊ ၿမိဳ႕နယ္ေက်ာ္ၿပီး မဲေပးျခင္း၊ အသက္ တစ္ရာေက်ာ္သူ အေရ အတြက္ မ်ားျပားျခင္း စသည့္ျဖစ္ရပ္မ်ား ေတြ႕ရွိေၾကာင္း ယေန႕ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲ၌ ၎ကေျပာသည္။

ဦးမ်ိဳးဝင္းေက်ာ္ သည္ ၂ဝ၂ဝ ေ႐ြးေကာက္ပြဲ တြင္ တာေမြၿမိဳ႕နယ္ ျပည္သူ႕လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း အျဖစ္ ဝင္ေရာက္ ယွဥ္ၿပိဳင္ခဲ့ၿပီး ေထာက္ခံမဲ ၅၂၇၆ မဲရရွိခဲ့သည္။ အဆိုပါ မဲဆႏၵနယ္၌ပင္ NLD ပါတီ ၏ ျပည္သူ႕လႊတ္ေတာ္ ကိုယ္စားလွယ္လည္း ျဖစ္သည့္နိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္က ေထာက္ခံမဲ ၇၄၄၃၆ မဲျဖင့္ အနိုင္ရရွိခဲ့ျခင္းျဖစ္သည္။

USDP ပါတီအေနျဖင့္ နိုဝင္ဘာ ၈ရက္ ေ႐ြးေကာက္ပြဲရလဒ္အား ကန႔္ကြက္မႈမ်ား ျပဳလုပ္ေနျခင္း သည္ ျပည္သူ႕ဆႏၵႏွင့္ ကင္းကြာေန သျဖင့္ ေရွ႕ဆက္မည့္နိုင္ငံေရးလမ္းေၾကာင္း တြင္ ဂုဏ္သိကၡာ က်ဆင္းေစေၾကာင္း၊ တိုင္းရင္းသားစည္းလုံးညီညြတ္ေရးပါတီကဲ့သို႔ နိုင္ငံေရးက်ရႈံး မည္ျဖစ္ေၾကာင္း ဦးသန္းစိုးနိုင္ကေျပာ သည္ ။

Myanmar Time

Leave a Reply

Your email address will not be published. Required fields are marked *