” ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ် ဆိုတဲ့ ဂျင်း ယုံတမ်းစကားများ “

Posted on

ရေးသားသူ – (ဒေါက်တာသူရိန်လှိုင်ဝင်း)

ကျွန်တော် ဝန်ထမ်းတွေကို အုပ်ချုပ်ရတဲ့ အရာရှိဖြစ်လာတော့ ခပ်ငယ်ငယ်ပဲ ရှိသေး တယ် ။ သိပ်လုပ်ပြချင်တဲ့ အချိန်ပေါ့ ။ မနက်ဆို အစောကြီးလာ ညနေနောက်ကျမှပြန် အလုပ်မှအလုပ်။ ကျွန်တော်ကြည့်မရတဲ့ ဝန်ထမ်းတစ်ယောက် ရှိတယ်။ အဲဒီတစ်ယောက်ဟာ တစ်ပတ်မှာ အနည်းဆုံး တစ်ရက်လောက်တော့ ရုံးနောက်ကျတယ်။ ခွင့်မကြာခဏယူတယ် ။ ဒါပေမယ့် သူ့အလုပ်တော့သူပြီး တယ်။ စိတ်ထဲမှာတော့ သိပ်နေလို့မကောင်းဘူး။

ဒီဘဲဟာ ငါ့ကိုလာစမ်းနေတာလား။ ရုံးနောက် မကျချင်ရင် စောစောလာပေါ့ ။ ငါတောင်မနက်အစောကြီးရောက်နေသေးတာ သူလည်းရောက်ရမှာပေါ့။ ခွင့်ကလည်း ခဏခဏယူသေးတယ်။ ဒီလိုလူမျိုးဖြုတ်ပစ်ရမယ်။ အဲဒီလိုအတွေးနဲ့ သူ့ကိုမျက်နှာသာလည်း မပေးဘူး ။ နောက်ကျတိုင်းလည်းခေါ်ဆူတယ်။ ဆူတိုင်းလည်း မျက်နှာငယ်လေးနဲ့ တောင်းပန်တာပဲ။ စိတ်ထဲမတော့ မကြိုးစားချင်တဲ့ကောင် ရုန်းထွက်ချင်စိတ်မမွေးတဲ့ကောင် ငပျင်းကောင် ဒီလိုလူမျိုး ဘယ်တော့မှ ကြီးပွါးမယ့်ကောင် မဟုတ်ဘူး လို့ အမြဲတွေးတယ်။ ကိုယ့်ကိုယ်ကိုယ်တော့ ဆရာကြီး။ ငါက သိပ်ကြိုးစားချင်စိတ်ရှိတဲ့ကောင်ပေါ့လေ။

နောက်မှ သိရတာက သူကယုဇနဥယျာဉ်မြို့တော်ဘက်ကနေလာ ရတယ် ။ ရုံးရောက်ဖို့ ကားနှစ်ဆင့်စီးရတယ်။ ပိုဆိုးတာက သူ့အဖေရော အမေရောက ရောဂါသည်တွေဖြစ်နေတဲ့အပြင် သူ့အိမ်မှာသူကပဲ ပြုစုစောင့်ရှောက်ရတဲ့သူဖြစ်နေတယ်။ မကျန်းမာတဲ့မိဘတွေကို ပြုစုရတယ် ပိုက်ဆံရှာရတယ်။ ဒီတော့ သူ့မှာ ကြိုးစားဖို့အချိန်လည်းမရှိဘူး အင်အားလည်းမရှိတော့ ဘူး ။ သူနဲ့ယှဉ်ရင် ကျွန်တော်က ရုံးကို ကိုယ်ပိုင်ကား နဲ့လာတယ် ။ မနက်ဆိုနိုးတာနဲ့ စားဖို့သောက်ဖို့ အဆင်သင့်လုပ်ပေးထားတဲ့ ကျန်းကျန်းမာမာ မိဘတွေရှိတယ်။ ဘဝက လူတိုင်းအတွက် ရုန်းကန်ရတာပဲလို့တွေးရင် သူ့ရုန်းကန်နေရမှုနဲ့ယှဉ်ရင် ကျွန်တော်ရုန်းကန်နေရတယ်ဆိုတာ ရယ်စရာပဲ။

အဲဒီနောက်ပိုင်း ကျွန်တော်ဘာ ကို နားလည်လာလဲ ဆိုတော့ လူတိုင်းမှာ ပေးထားတဲ့ အခွင့်အရေးချင်း နောက်ခံအကြောင်းအရင်းမတူနိုင်ဘူး။ လူတိုင်းကို ပေတံတစ်ချောင်းတည်းနဲ့တိုင်းတဲ့အခါ အဖြေမှန်ရဖို့ခဲယဉ်းတယ် ဆိုတာကို သဘောပေါက်လာတယ်။ မင်းကြိုးစားစမ်းပါ လူတိုင်းအောင်မြင်နိုင်ပါတယ်လို့ ပြောဖို့ လိပ်ပြာမလုံတော့ဘူး။ ကျွန်တော် သူ့နေရာ သူ့အခြေအနေနဲ့ဆိုရင် သူ့ထက်ပိုဆိုးတဲ့ဘဝရောက်မနေနိုင်ဘူး လို့ အာမမခံနိုင်ဘူး။ စားဖို့သောက်ဖို့နေဖို့အတွက် မပူမပင်နေရတဲ့သူတွေက ဘယ်လောက်ဆိုးတဲ့အခြေအနေတွေနဲ့ ကြုံတွေ့နေရမှန်းမသိတဲ့သူတွေကို ကြိုးစားရင် ဘာမဆိုဖြစ်နိုင် တယ် ။ မင်းမွဲနေတာ မင်းအသုံးမကျလို့လို့ ပြောတာ ဘယ်လောက်ဆိုးရွားတဲ့အပြုအမူလဲလို့ ကျွန်တော်တွေးမိလာတယ်။ အသက်အရွယ်ကလည်း စကားပြောမယ်ထင်ပါတယ်။ အသက်ကြီးလာနဲ့အမျှ ကျွန်တော့်အတွေးတွေဟာ ကိုယ်ချင်းစာစိတ်ဘက်ကို ပိုရောက်လာ တယ် ။ ငါ့လို လူတိုင်းလုပ်နိုင်ရမယ်ဆိုတာထက် သူ့ဘက်မှာ ဘယ်လိုအခက်အခဲတွေများရှိနေနိုင်မလဲလို့ ပိုတွေးဖြစ်လာတယ်။

ကျွန်တော်ကိုယ့် ကိုယ်ကိုယ် မိုတီဗေးရှင်း စပီကာ တစ်ယောက် အဖြစ် ဘယ်တုန်းကမှ မယူဆခဲ့ဖူးဘူး ။ ကျွန်တော်ရေးသမျှ ပြောသမျှဟာ ကျွန်တော့်အတွေးနဲ့ လုပ်ရပ်တွေကိုပဲ ကိုယ်စားပြုတယ်။ ကျွန်တော့်အတွက် က လိပ်ပြာသန့်ဖို့က အရမ်းအရေးကြီး တယ်။ ကျွန်တော့်အတွေးဟာ အမြဲကိုယ်ချင်းစာစိတ်ပေါ်မှာပဲ အခြေပြုတယ်။ ကိုယ်တိုင်မလုပ်နိုင်တဲ့ မလုပ်ချင်တဲ့အရာ တစ်ခုကို တခြားသူတစ်ယောက်ကို ခိုင်းစေတိုက်တွန်းတာမျိုး ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးဘူး။ ကျွန်တော်ရေးသမျှပြောသမျှဟာ ကိုယ့်ကိုယ်ကိုယ်သတိပေးတာမျိုးနဲ့ ကိုယ်လုပ်ကိုယ်တွေးတာ ကို ပြန်ထင်ဟပ်တာမျိုးလောက်ပဲ။ မိုတီဗေးရှင်းလုပ်ဖို့အတွက် ကျွန်တော့်အနေနဲ့ အထူးတလည်အားထုတ်နေစရာမလိုဘူး။ ကိုယ်လုပ်တာကိုယ်ပြောတယ်။ ကိုယ်တွေးတာ ကိုယ်ပြောတယ်။ ကျွန်တော်နဲ့ အပြင်မှာဆုံဖူးတဲ့သူတွေ အလုပ်အတူတူလုပ်ဖူးတဲ့သူတွေဆိုရင် ကျွန်တော့်ပုံစံကို သိလိမ့် မယ်။

လူတိုင်း မအောင်မြင်နိုင်ဘူးဗျ ။ ကျွန်တော် တို့မှာ ပေးထားတဲ့ အခြေအနေတွေ အခက်အခဲတွေ အခွင့်အရေးတွေက မတူကြဘူး ။ စာမေးပွဲစစ်သလိုလူတိုင်းက မေးခွန်းအတူတူနဲ့ ရမှတ်သုညက စကြရတာမျိုး မဟုတ်ဘူး ။ ဘဝပေးအခြေအနေကောင်းကောင်းကနေ ကြီးပြင်းလာခဲ့တဲ့သူတစ်ယောက်က ကိုယ့်လောက်ဘဝအခြေအနေမကောင်းတဲ့ သူတွေကို ကြိုးစားရင် ဘာမဆိုဖြစ်နိုင် တယ် ။ အိပ်မက်တွေနောက်ကို လိုက်ပါ။ မင်းမွဲနေတာ မင်းအသုံးမကျလို့ပါဆိုတာမျိုးတွေ က အလုပ်ဖြစ်တယ်လို့ ကျွန်တော်မယူဆဘူး။ တကယ်တမ်း မှာ အဲဒါကလည်း အဆိပ်အတောက် တစ်မျိုးပဲ။ စားဖို့နေဖို့မပူပင်ရတဲ့သူတစ်ယောက်က အိပ်မက်တွေနောက်ကို လိုက်ပါ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တာပေါ့လို့ ပြောတာ ကို နားယောင်နေတာမျိုးက ထီပေါက်ထားတဲ့သူတစ်ယောက်က ရှိသမျှအကုန်ရောင်းပြီး ထီထိုးလိုက် ပေါက်မှာသေချာတယ်လို့ ပြောတာကို နားယောင်နေသလိုမျိုးပဲ။ တချို့စကားတွေဟာ နားထောင်ကောင်း တယ် အလုပ် မဖြစ်ဘူး ။

လူတိုင်းတော့ လည်း မအောင်မြင်နိုင် ပါဘူး ။ ကျွန်တော်တို့တွေ မှာ ပေးထားချက် နောက်ခံအကြောင်းရင်းတွေ လည်း မတူပါဘူး ။ ရုန်းကန်ရမှုတွေ လည်း မတူပါဘူး ။ အဲဒီအတွက် အပြစ်ရှိ သလိုလည်း မခံစား ပါနဲ့ ။

(ဒေါက်တာသူရိန်လှိုင်ဝင်း)

Zawgyi

ေရးသားသူ – (ေဒါက္တာသူရိန္လွိုင္ဝင္း)

ကြၽန္ေတာ္ ဝန္ထမ္းေတြကို အုပ္ခ်ဳပ္ရတဲ့ အရာရွိျဖစ္လာေတာ့ ခပ္ငယ္ငယ္ပဲ ရွိေသး တယ္ ။ သိပ္လုပ္ျပခ်င္တဲ့ အခ်ိန္ေပါ့ ။ မနက္ဆို အေစာႀကီးလာ ညေနေနာက္က်မွျပန္ အလုပ္မွအလုပ္။ ကြၽန္ေတာ္ၾကည့္မရတဲ့ ဝန္ထမ္းတစ္ေယာက္ ရွိတယ္။ အဲဒီတစ္ေယာက္ဟာ တစ္ပတ္မွာ အနည္းဆုံး တစ္ရက္ေလာက္ေတာ့ ႐ုံးေနာက္က်တယ္။ ခြင့္မၾကာခဏယူတယ္ ။ ဒါေပမယ့္ သူ႕အလုပ္ေတာ့သူၿပီး တယ္။ စိတ္ထဲမွာေတာ့ သိပ္ေနလို႔မေကာင္းဘူး။

ဒီဘဲဟာ ငါ့ကိုလာစမ္းေနတာလား။ ႐ုံးေနာက္ မက်ခ်င္ရင္ ေစာေစာလာေပါ့ ။ ငါေတာင္မနက္အေစာႀကီးေရာက္ေနေသးတာ သူလည္းေရာက္ရမွာေပါ့။ ခြင့္ကလည္း ခဏခဏယူေသးတယ္။ ဒီလိုလူမ်ိဳးျဖဳတ္ပစ္ရမယ္။ အဲဒီလိုအေတြးနဲ႕ သူ႕ကိုမ်က္ႏွာသာလည္း မေပးဘူး ။ ေနာက္က်တိဳင္းလည္းေခၚဆူတယ္။ ဆူတိုင္းလည္း မ်က္ႏွာငယ္ေလးနဲ႕ ေတာင္းပန္တာပဲ။ စိတ္ထဲမေတာ့ မႀကိဳးစားခ်င္တဲ့ေကာင္ ႐ုန္းထြက္ခ်င္စိတ္မေမြးတဲ့ေကာင္ ငပ်င္းေကာင္ ဒီလိုလူမ်ိဳး ဘယ္ေတာ့မွ ႀကီးပြါးမယ့္ေကာင္ မဟုတ္ဘူး လို႔ အၿမဲေတြးတယ္။ ကိုယ့္ကိုယ္ကိုယ္ေတာ့ ဆရာႀကီး။ ငါက သိပ္ႀကိဳးစားခ်င္စိတ္ရွိတဲ့ေကာင္ေပါ့ေလ။

ေနာက္မွ သိရတာက သူကယုဇနဥယ်ာဥ္ၿမိဳ႕ေတာ္ဘက္ကေနလာ ရတယ္ ။ ႐ုံးေရာက္ဖို႔ ကားႏွစ္ဆင့္စီးရတယ္။ ပိုဆိုးတာက သူ႕အေဖေရာ အေမေရာက ေရာဂါသည္ေတြျဖစ္ေနတဲ့အျပင္ သူ႕အိမ္မွာသူကပဲ ျပဳစုေစာင့္ေရွာက္ရတဲ့သူျဖစ္ေနတယ္။ မက်န္းမာတဲ့မိဘေတြကို ျပဳစုရတယ္ ပိုက္ဆံရွာရတယ္။ ဒီေတာ့ သူ႕မွာ ႀကိဳးစားဖို႔အခ်ိန္လည္းမရွိဘူး အင္အားလည္းမရွိေတာ့ ဘူး ။ သူနဲ႕ယွဥ္ရင္ ကြၽန္ေတာ္က ႐ုံးကို ကိုယ္ပိုင္ကား နဲ႕လာတယ္ ။ မနက္ဆိုနိုးတာနဲ႕ စားဖို႔ေသာက္ဖို႔ အဆင္သင့္လုပ္ေပးထားတဲ့ က်န္းက်န္းမာမာ မိဘေတြရွိတယ္။ ဘဝက လူတိုင္းအတြက္ ႐ုန္းကန္ရတာပဲလို႔ေတြးရင္ သူ႕႐ုန္းကန္ေနရမႈနဲ႕ယွဥ္ရင္ ကြၽန္ေတာ္႐ုန္းကန္ေနရတယ္ဆိုတာ ရယ္စရာပဲ။

အဲဒီေနာက္ပိုင္း ကြၽန္ေတာ္ဘာ ကို နားလည္လာလဲ ဆိုေတာ့ လူတိုင္းမွာ ေပးထားတဲ့ အခြင့္အေရးခ်င္း ေနာက္ခံအေၾကာင္းအရင္းမတူနိုင္ဘူး။ လူတိုင္းကို ေပတံတစ္ေခ်ာင္းတည္းနဲ႕တိုင္းတဲ့အခါ အေျဖမွန္ရဖို႔ခဲယဥ္းတယ္ ဆိုတာကို သေဘာေပါက္လာတယ္။ မင္းႀကိဳးစားစမ္းပါ လူတိုင္းေအာင္ျမင္နိုင္ပါတယ္လို႔ ေျပာဖို႔ လိပ္ျပာမလုံေတာ့ဘူး။ ကြၽန္ေတာ္ သူ႕ေနရာ သူ႕အေျခအေနနဲ႕ဆိုရင္ သူ႕ထက္ပိုဆိုးတဲ့ဘဝေရာက္မေနနိုင္ဘူး လို႔ အာမမခံနိုင္ဘူး။ စားဖို႔ေသာက္ဖို႔ေနဖို႔အတြက္ မပူမပင္ေနရတဲ့သူေတြက ဘယ္ေလာက္ဆိုးတဲ့အေျခအေနေတြနဲ႕ ႀကဳံေတြ႕ေနရမွန္းမသိတဲ့သူေတြကို ႀကိဳးစားရင္ ဘာမဆိုျဖစ္နိုင္ တယ္ ။ မင္းမြဲေနတာ မင္းအသုံးမက်လိဳ႕လို႔ ေျပာတာ ဘယ္ေလာက္ဆိုး႐ြားတဲ့အျပဳအမူလဲလို႔ ကြၽန္ေတာ္ေတြးမိလာတယ္။ အသက္အ႐ြယ္ကလည္း စကားေျပာမယ္ထင္ပါတယ္။ အသက္ႀကီးလာနဲ႕အမွ် ကြၽန္ေတာ့္အေတြးေတြဟာ ကိုယ္ခ်င္းစာစိတ္ဘက္ကို ပိုေရာက္လာ တယ္ ။ ငါ့လို လူတိုင္းလုပ္နိုင္ရမယ္ဆိုတာထက္ သူ႕ဘက္မွာ ဘယ္လိုအခက္အခဲေတြမ်ားရွိေနနိုင္မလဲလို႔ ပိုေတြးျဖစ္လာတယ္။

ကြၽန္ေတာ္ကိုယ့္ ကိုယ္ကိုယ္ မိုတီေဗးရွင္း စပီကာ တစ္ေယာက္ အျဖစ္ ဘယ္တုန္းကမွ မယူဆခဲ့ဖူးဘူး ။ ကြၽန္ေတာ္ေရးသမွ် ေျပာသမွ်ဟာ ကြၽန္ေတာ့္အေတြးနဲ႕ လုပ္ရပ္ေတြကိုပဲ ကိုယ္စားျပဳတယ္။ ကြၽန္ေတာ့္အတြက္ က လိပ္ျပာသန႔္ဖို႔က အရမ္းအေရးႀကီး တယ္။ ကြၽန္ေတာ့္အေတြးဟာ အၿမဲကိုယ္ခ်င္းစာစိတ္ေပၚမွာပဲ အေျချပဳတယ္။ ကိုယ္တိုင္မလုပ္နိုင္တဲ့ မလုပ္ခ်င္တဲ့အရာ တစ္ခုကို တျခားသူတစ္ေယာက္ကို ခိုင္းေစတိုက္တြန္းတာမ်ိဳး ဘယ္တုန္းကမွ မလုပ္ခဲ့ဖူးဘူး။ ကြၽန္ေတာ္ေရးသမွ်ေျပာသမွ်ဟာ ကိုယ့္ကိုယ္ကိုယ္သတိေပးတာမ်ိဳးနဲ႕ ကိုယ္လုပ္ကိုယ္ေတြးတာ ကို ျပန္ထင္ဟပ္တာမ်ိဳးေလာက္ပဲ။ မိုတီေဗးရွင္းလုပ္ဖို႔အတြက္ ကြၽန္ေတာ့္အေနနဲ႕ အထူးတလည္ အားထုတ္ေနစရာမလိုဘူး။ ကိုယ္လုပ္တာကိုယ္ေျပာတယ္။ ကိုယ္ေတြးတာ ကိုယ္ေျပာတယ္။ ကြၽန္ေတာ္နဲ႕ အျပင္မွာဆုံဖူးတဲ့သူေတြ အလုပ္အတူတူလုပ္ဖူးတဲ့သူေတြဆိုရင္ ကြၽန္ေတာ့္ပုံစံကို သိလိမ့္ မယ္။

လူတိုင္း မေအာင္ျမင္နိုင္ဘူးဗ် ။ ကြၽန္ေတာ္ တို႔မွာ ေပးထားတဲ့ အေျခအေနေတြ အခက္အခဲေတြ အခြင့္အေရးေတြက မတူၾကဘူး ။ စာေမးပြဲစစ္သလိုလူတိုင္းက ေမးခြန္းအတူတူနဲ႕ ရမွတ္သုညက စၾကရတာမ်ိဳး မဟုတ္ဘူး ။ ဘဝေပးအေျခအေနေကာင္းေကာင္းကေန ႀကီးျပင္းလာခဲ့တဲ့သူတစ္ေယာက္က ကိုယ့္ေလာက္ဘဝအေျခအေနမေကာင္းတဲ့ သူေတြကို ႀကိဳးစားရင္ ဘာမဆိုျဖစ္နိုင္ တယ္ ။ အိပ္မက္ေတြေနာက္ကို လိုက္ပါ။ မင္းမြဲေနတာ မင္းအသုံးမက်လိဳ႕ပါဆိုတာမ်ိဳးေတြ က အလုပ္ျဖစ္တယ္လို႔ ကြၽန္ေတာ္ မယူဆဘူး။ တကယ္တမ္း မွာ အဲဒါကလည္း အဆိပ္အေတာက္ တစ္မ်ိဳးပဲ။ စားဖို႔ေနဖို႔မပူပင္ရတဲ့သူတစ္ေယာက္က အိပ္မက္ေတြေနာက္ကို လိုက္ပါ ႀကိဳးစားရင္ ဘာမဆိုျဖစ္နိုင္တာေပါ့လို႔ ေျပာတာ ကို နားေယာင္ေနတာမ်ိဳးက ထီေပါက္ထားတဲ့သူတစ္ေယာက္က ရွိသမွ်အကုန္ေရာင္းၿပီး ထီထိုးလိုက္ ေပါက္မွာေသခ်ာတယ္လို႔ ေျပာတာကို နားေယာင္ေနသလိုမ်ိဳးပဲ။ တခ်ိဳ႕စကားေတြဟာ နားေထာင္ေကာင္း တယ္ အလုပ္ မျဖစ္ဘူး ။

လူတိုင္းေတာ့ လည္း မေအာင္ျမင္နိုင္ ပါဘူး ။ ကြၽန္ေတာ္တို႔ေတြ မွာ ေပးထားခ်က္ ေနာက္ခံအေၾကာင္းရင္းေတြ လည္း မတူပါဘူး ။ ႐ုန္းကန္ရမႈေတြ လည္း မတူပါဘူး ။ အဲဒီအတြက္ အျပစ္ရွိ သလိုလည္း မခံစား ပါနဲ႕ ။

(ေဒါက္တာသူရိန္လွိုင္ဝင္း)

Leave a Reply

Your email address will not be published. Required fields are marked *