ကောလဟာလတွေ ထင်ကြေးတွေ နဲ့ ကွဲလွဲနေတဲ့ အဆိုတော် ရေမွန် ကွယ်လွန်ခဲ့ တဲ့ အကြောင်းအရင်းအမှန်ကို သက်သေနဲ့တကွ ရှင်းပြလိုက်တဲ့ နိုဗန်ထူး

Posted on

အဆို တော် ရေမွန်ရဲ့ သေ ဆုံးမှုကြောင့် ပရိသတ် တွေရော ခင်မင် ရသူတွေဟာ မိသားစုနဲ့ အတူ ကြေကြေကွဲကွဲ ဖြစ်နေခဲ့ရ ပါတယ်။ သေဆုံးမှု အကြောင်းအရင်းမှန် ကို အမျိုးမျိုး ထင်ကြေးပေးနေ ကြသလို သတင်း အမှားတွေလည်း အများကြီး ထွက်ပေါ်လာ ခဲ့ပါတယ်။

အားလုံး က ဝမ်းနည်း စိတ်နဲ့ ” Rest in Peace ” တွေ ဝိုင်းပြော နေကြတဲ့ အချိန်မှာ သတင်းမှားတွေ ဟာ အမှန်ကို သိတဲ့ သူတွေ အတွက် အတော်လေး အနှောက် အယှက် ဖြစ်စေခဲ့ပါတယ်။ ရေမွန်နဲ့ခင် မင်သူ အဆိုတော် နိုဗန်ထူးဟာ ရေမွန်ရဲ့ သေဆုံးမှု အကြောင်းအရင်း အမှန်ကို သူ့ရဲ့လူမှုကွ န်ရက်မှာ ပြောပြလာခဲ့ပါတယ်။

အချင်းချင်း ရန်ဖြစ်ဖို့ ပစ်သတ်တ ယ်ဆိုတဲ့ သတင်းနဲ့ ငှက်ဖျားပိုး ဦးနှောက်ထဲရောက်တဲ့ သတင်းတွေဟာ မှန်ကန်မှုမရှိဘဲ တကယ်တမ်း သေဆုံးရခြင်းဟာ အစာအိမ်သွေးကြောပေါက် ခြင်းကြောင့် သာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဒီအ ကြောင်းကို ” နဂိုကတည်းက ကိုတွတ်က အစားအသောက် မမှန်ခဲ့မိတာ အိပ် သိပ်မပျော် / နေမကောင်းတာလေးတွေရှိခဲ့တယ် အရင်နေ့တွေကလည်း အကိုက်အခဲ ပျောက်ဆေး နည်းနည်းပါးပါးသောက်နေခဲ့ရသေးတယ်။ ဒါပေမယ့် ခုတလော နေပြန်ကောင်းနေ အိပ်လို့လည်း ကောင်းကောင်းရတယ်ဆိုတော့ အေးဆေးပဲထင်နေခဲ့မိတာ။

မနေ့ကတင် ဟော့ပေါ့စားနေရင်း သတိရကြောင်း ကျွန်တော့်ကိုတောင် လှမ်းပြောခဲ့သေးတယ် ညက တခြား သူငယ်ချင်းတွေနဲ့ သောက်ရင်း စားရင်း အခန့်မသင့်လို့ အစာအိမ်သွေးကြောပေါက်သွားတယ် (ဆရာဝန်က အဲ့လိုသုံးသပ်ပြသွားတာပဲ) ဆရာဝန်ပြပြီးတော့ ကုသမှုယူခဲ့သေးပေမယ့် မမီလိုက်တော့ဘဲ ခုလို ဖြစ်သွားရတာပါ ။ ” ဆိုပြီး ပြောလာခဲ့ပါတယ်။

သတင်းအမှား ဖြန့်နေကြသူတွေကိုလည်း ” လူတွေ ပြောနေသလို ငှက်ဖျားကြောင့် ဆုံးပါး သွားရတာ မဟုတ်သလို ဖွနေကြသလို မူးရူးပြီး အချင်းချင်း ရန်ဖြစ်ရင်း အသက်ဆုံးရတာလည်း မဟုတ်ပါဘူး။ ကောလဟာလတွေကို

အလွယ် မယုံကြဖို့နဲ့ ကိုယ်သေချာမသိဘဲ ဖွချင်တိုင်း ဖွနေသူတွေအနေနဲ့ ဆုံးပါးသွားသူ တစ်ယောက်ကို သိက္ခာလိုက်ချနေတာမျိုးကို ရပ်တန်းကရပ်ဖို့ ပြောချင်ပါတယ် ။ ” ဆိုပြီး ခပ်ပြတ်ပြတ် သတိပေးစကား ပြောလာခဲ့ပါတယ်။ ကောင်းမွန်ငြိမ်းချမ်းတဲ့ ဘဝတစ်ခုမှာ သက်ရှည် ကျန်းမာပြီး ဖြစ်ချင်တဲ့ဆန္ဒတွေ အကုန်ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။

Zawgyi Version






Leave a Reply

Your email address will not be published. Required fields are marked *