ကုလ သံအမတ် အဖြစ် ဦးကျော်မိုးထွန်း သာလျှင် ဆက်လက်တာဝန်ယူကြောင်း ကုလ အတည်ပြု

Posted on

အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်ပြီး ဒီမိုကရေစီ အင်အားစုတွေနဲ့အတူ ရပ်တည်ကြောင်း ကြေညာ ခဲ့တဲ့ နယူးယောက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလ သံအမတ်အဖြစ် ဆက်လက် တာဝန်ထ မ်းနေကြောင်း ကုလ ပြောခွင့်ရသူ Stephane Dujarric က ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းပွဲအတွင်း ပြောသွားပါတယ်။

ကုလ သံအမတ် အဖြစ် ဦးကျော်မိုးထွန်း သာလျှင် ဆက်လက်တာဝန်ယူကြောင်း ကုလ အတည်ပြု

ပြီးခဲ့တဲ့ေ သာကြာနေ့မှာ ဦးကျော်မိုးထွန်းက အဲဒီလို ရဲဝံ့ စွာကြေညာပြီးေ နာက် သူ့ကို တာဝန်ကနေရပ်ဆို င်းကြောင်း၊ သူနေရာမှာ သံရုံး ဒုတိယအရာရှိ ဦးတင်မောင်နိုင်ကို အစားထိုးတာဝန်ပေးကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမော င်လွင်က ကုလသမဂ္ဂဆီ စာရေးပေးပို့ခဲ့ပါတယ်။

အဲဒီနောက် သူတို့ ၂ ဦးမှာ ဘယ်သူ ကိုအတည်ပြုရမလဲဆိုပြီး ကုလသမဂ္ဂမှာ အကြိတ်အနယ်ဆွေးနွေးနေစဉ် ဒီနေ့မှာတော့ ဦးတင်မောင်နိုင် တာဝန်ကနေ နုတ်ထွက်စာတင်ပြီး ဦးကျော်မိုးထွန်းကိုပဲ ဆက်လက် တာဝန်ပေးဖို့ တိုက်တွန်းသွား တဲ့အကြောင်း နယူးယေက်မြန်မာသံရုံးက ကုလသမဂ္ဂဆီ အကြောင်းကြားလာ တယ်လို့ ကုလပြောခွင့်ရသူက ရှင်းပြပါတယ်။

ကုလ သံအမတ် အဖြစ် ဦးကျော်မိုးထွန်း သာလျှင် ဆက်လက်တာဝန်ယူကြောင်း ကုလ အတည်ပြု

ဒါကြောင့် မြန်မာနို င်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်အဖြစ် ဦးကျော်မိုးထွန်းကပဲ ဆက်လက်တာဝန်ထမ်းရွက်သွားမှာဖြစ်တယ်လို့ ကုလ ပြောခွင့်ရသူ Stephane Dujarric က ပြီးခဲ့တဲ့ နာရီပိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းပွဲအတွင်း အတည်ပြုပြောဆိုသွားပါတယ်။

ဦးတင်မောင်နိုင် နုတ်ထွက်စာတင်ပြီး ထွက်သွားပြီဆို တဲ့သတင်းဟာ ပြီးခဲ့တဲ့ ၂ ရက်လောက်ကတည်းက ထွက်ပေါ်နေပေမယ့် ဒီနေ့မှ ကုလသမဂ္ဂက အတည်ပြုသွားတာဖြစ်ပါတယ်။

ဒီနေ့ ထပ်မံရရှိတဲ့သ တင်းေ တွအရဆိုရင် ဝါရှင်တန်မှာရှိတဲ့ မြန်မာသံရုံးကလည်း ဦးကျော်မိုးထွန်းနဲ့အတူ ရပ်တည်လို က်ပြီဖြစ်ပါတယ်။ ဒါ့အပြင် ဂျာမနီ၊ ယူကရိန်းနဲ့ အခြားနိုင်ငံတွေက သံတမန်ဝန်ထ မ်းတွေလည်း စစ်ကောင်စီကို ဆန့်ကျင်ပြီး ဒီမိုကရေစီအင် အားစုတွေနဲ့အတူ၊ ပြည်သူလွှတ်တော် ကိုယ်စားပြုကော်မီတီ CRPH နဲ့အတူ ရပ်တည်လာနေကြပြီဖြစ်ပါတယ်။

Source: BNN

Zawgyi







Source: BNN

Leave a Reply

Your email address will not be published. Required fields are marked *