ကိုရီးယား ၊ စင်ကာပူနိုင်ငံ တို့နှင့် မြန်မာ ပူးပေါင်းပြီး စက်မှုဇုန် ၊ စက်မှုဥယျာဉ် တို့ လှည်ကူးမြို့နယ် တွင် အကောင်အထည် ဖော်မည်

Posted on

ကိုရီးယား ၊ စင်ကာပူနိုင်ငံ တို့ဖြင့် ပူးပေါင်းပြီး စက်မှုဇုန် ၊စက်မှုဥယျာဉ် တို့ကို လှည်ကူးမြို့နယ် တွင် အကောင် အထည်ဖော် မည်ဖြစ်ကြောင်းနိုင်ငံတော် ၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောသည် ။

ပြည်သူများ သို့ အစီရင်ခံ တင်ပြသော ကိုဗစ် – ၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံး အခြေအနေနှင့် စပ်လျဉ်း သည့် မိန့်ခွန်းပြောကြားရာ တွ င်နိုင်ငံတော် ၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြား ခဲ့ သည် ။

“ ကျွန်မတို့မှာ နိုင်ငံတော်စီ မံကိန်းကြီးတွေလည်း အများကြီး စီစဉ်ထားတာ ရှိ ပါ တယ်

ဥပမာ ဆိုရင် နောက်လ ဒီဇင်ဘာလ မှာ ကိုရီးယား -မြန်မာစက်မှုဇုန် ကို လှည်းကူးမြို့နယ်မှာစပြီးအုတ်မြစ်ချ ပါမယ် ။ နောက် မကြာမီ ကာလ မှာ မြန်မာ – စင်ကာပူစက်မှု ဥယျာဉ်ပေါ့ ။ အဲဒါကလည်း လှည်းကူးမြို့နယ် မှာ ပါပဲ ။ ဒါကိုလည်း စပြီး အကောင် အထည်ဖော် ပါမယ် ” ဟု ၎င်းက ဆို သည်။

ထို့အပြင် ဒဂုံမြို့သစ်မြို့နယ် တွင် Smart and Eco city project ကို လည်း လုပ်ဆောင်မည်ဖြစ် သည် ။ မြန်မာနိုင်ငံ တွင် လက်ရှိ ပြည်ပရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ထား သည့်နိုင်ငံများ မှာ တရုတ် ၊ အိန္ဒိယ ၊ဂျပန်၊ စင်ကာပူ၊ ကိုရီးယား၊ ထိုင်းနိုင်ငံတို့ဖြစ်ကြ သည် ။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန မှ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က လည်း မြန်မာနိုင်ငံ တွင် လျှပ်စစ် ဓါတ်အား တစ်နိုင်ငံလုံး တွင် ၅၀ ရာခိုင်နှုန်း‌ကျော် ရရှိနေပြီး ရင်းနှီးမြုပ်နှံရန် အကောင်း‌ဆုံး အချိန် ဟု ပြည်ပနိုင်ငံများကို ကမ်းလှမ်း ထား သည် ။

Zawgyi







Leave a Reply

Your email address will not be published. Required fields are marked *