ကိုဗစ်-၁၉ ကာကွယ်ဆေး မြန်မာပြည်မှာ အစောဆုံး ဘယ်တော့ထိုးခွင့်ရနိုင်မလဲ….

Posted on

ကိုဗစ် ကာကွယ်ဆေး ဘယ်တော့ ထိုးခွင့်ရမလဲ⁉️ အဖြေက အောက်ပါအချက်အလက်တွေအပေါ်မှာ မူတည်ပါတယ်။

🔹 ကာကွယ်ဆေးဘယ်တော့ထွက်မလဲ

🔹 ကျနော်တို့နိုင်ငံက dose အလုံးရေဘယ်လောက်ကို ကြိုဝယ်ထားသလဲ

🔹 COVAX အစီအစဉ်ကနေ ဘယ်တော့ရမလဲ

ကိုဗစ်-၁၉ ကာကွယ်ဆေး မြန်မာပြည်မှာ အစောဆုံး ဘယ်တော့ထိုးခွင့်ရနိုင်မလဲ….

အမေရိကန် FDA အသိအမှတ်ပြု ကာကွယ်ဆေးက နိုဝင်ဘာလကုန်/ဒီဇင်ဘာလထဲမှာ EUA အရေးပေါ်သုံးခွင့်စရပါမယ်။ WHO အသိအမှတ်ပြုကာကွယ်ဆေး ဘယ်နှစ်မျိုးရမလဲမသိပါ။ WHO အနေနဲ့ကာကွယ်ဆေးကို အသိအမှတ်ပြုရာမှာ

▪️ အန္တရာယ်တကယ်ကင်းဖို့နဲ့

▪️ အစွမ်းအာနိသင်တကယ်ထက်မြက်ဖို့ကို

အဂတိကင်းကင်းနဲ့ စမ်းသပ်ကာကွယ်ဆေးထိုးပြီးအနည်းဆုံး ၂ လ ဒေတာကို အသေအချာစစ်ဆေးပြီးမှ အသိအမှတ်ပြုဖို့လိုပါတယ်။ ကဲ …. ကာကွယ်ဆေးတွေ နိုဝင်ဘာလကုန် ကစပြီး တစ်ခုပြီး တစ်ခု အသိအမှတ်ပြု ခံရပြီဆိုပါစို့။

အမေရိကန် CDC ရဲ့စီမံပုံက အောက်ပါအစီအစဉ်အတိုင်းရကြမယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေး မြန်မာပြည်မှာ အစောဆုံး ဘယ်တော့ထိုးခွင့်ရနိုင်မလဲ….

ကျန်းမာရေးဝန်ထမ်းတွေ၊ ရောဂါအခြေအနေဆိုးနိုင်သူတွေ၊ အသက် ၆၅ နှင့်အထက်တွေ၊ မရှိမဖြစ်လုပ်သားတွေ၊ အသက် ၁၂ နှစ်အောက်ကလေးတွေက အခုမှစ စမ်းသပ်နေတာမို့ ၄ လလောက်နောက်ကျပြီး ရနိုင်ပါတယ်။

FDA က EUA အတည်ပြုလိုက်တာနဲ့ ၂၄ နာရီအတွင်း CDC က စဖြန့်ဖို့စီစဉ်ထားတာပါ။ ယူကေနိုင်ငံမှာတော့ ရောဂါအခြေအနေဆိုးနိုင်သူတွေက ခရစ်စမတ်အမီရနိုင်တယ်လို့ဆိုပါတယ်။ ဥပမာ – အဖိုးအဖွားတွေ၊ ကင်ဆာရောဂါရှိသူတွေ စသည့်သူများပေါ့။

အမေရိကန်မှာ ထရမ့်က ဧပြီလမတိုင်ခင် အားလုံးထိုးပြီးဖြစ်စေချင်တယ်။ CDC ရဲ့အကြီးအကဲက လက်မခံဘူး။ ဖြစ်မှမဖြစ်နိုင်တာကိုး။ အမေရိကန် CDC က ကာကွယ်ဆေး အလုံးရေ သန်း ၇၀၀ အထိ ဧပြီလမှာရဖို့ မှာထားတယ်။ လူတစ်ယောက်ကို နှစ်လုံးလိုမှာမို့ အမေရိကန်လူဦးရေ သန်း ၃၅၀ ကျော်အတွက် အဲ့လိုမှာယူထားတာဖြစ်တယ်။

အဲ့ဒီတော့ Pfizer နဲ့ Moderna ကို FDA က EUA ပေးလိုက်တာနဲ့ အမေရိကန်က အရင်အပြောင်ရှင်းသွားနိုင်တယ်။ အမေရိကန်မှာ ဒီဇင်ဘာလထဲမှာ ကာကွယ်ဆေး အလုံးရေ ၃၅ သန်းကနေ ၄၅ သန်းအထိ Pfizer နဲ့ Moderna ကနေရမယ်လို့ မျှော်လင့်ထားတယ်။

ယူကေနိုင်ငံကလည်း Oxford/AstraZeneca ကနေ အလုံးရေ သန်း ၁၀၀ မှာထားပါတယ်။ ယူကေနိုင်ငံက လူဦးရေ ၆၆ သန်းကျော်ရှိတဲ့အတွက် အလုံးရေ သန်း ၁၀၀ လောက်ကိုမှာယူထားတာပါ။

ကိုဗစ်-၁၉ ကာကွယ်ဆေး မြန်မာပြည်မှာ အစောဆုံး ဘယ်တော့ထိုးခွင့်ရနိုင်မလဲ….

အဲ့ဒီတော့ ပထမပိုင်း ထွက်ထွက်ခြင်း အနည်းငယ်ပဲ ကျနော်တို့ရမယ်။

★ အဲ့ဒီအတွက် ကျနော်တို့လက်ထဲကာကွယ်ဆေးရောက်လာရင် မတ်လကအစောဆုံးပဲလို့မြင်တယ်။

★ မြန်မာနိုင်ငံမှာ လူဦးရေရဲ့ ၆၅% ထိုးပြီးဖို့က အစောဆုံး ၂၀၂၁ ဇူလိုင်လပဲ။ ၂၀၂၁ နှစ်ကုန်အထိကြာသွားနိုင်တယ်။

စစခြင်းနှေးပေမယ့် J&J တို့၊ Novavax တို့၊ Sanofi တို့၊ GSK တို့ကနေ ကာကွယ်ဆေးတွေထပ်ပြီး အသိအမှတ်ပြုရလာနိုင်တာတွေကြောင့် နောက်ပိုင်းမှာ မြန်လာနိုင်ပါတယ်။

★ အဓိကက ဘယ်ကာကွယ်ဆေးမဆို တရုတ်ကာကွယ်ဆေးဖြစ်ဖြစ် WHO က အမေရိကန် FDA စစ်ဆေးသလိုစစ်ဆေးပြီးမှ အဂတိကင်းကင်းနဲ့ အသိအမှတ်ပြုဖို့ပါပဲ။

အဲ့ဒါဆိုရင်ဘယ်ဆေးရရ အစိုးရအစီအစဉ်နဲ့ဝယ်ရင်ထိုးရဲတယ်။ Mask တွေအပြင်ထွက်ရင် လုံးဝ မလိုတော့မှာက ၂၀၂၂ မှာမှဖြစ်နိုင်မယ်။

Richard Myo Thant (လေးစားစွာ ခရက်ဒစ်ပေးပါသည်)

ကိုဗစ္ ကာကြယ္ေဆး ဘယ္ေတာ့ ထိုးခြင့္ရမလဲ⁉️ အေျဖက ေအာက္ပါအခ်က္အလက္ေတြအေပၚမွာ မူတည္ပါတယ္။

🔹 ကာကြယ္ေဆးဘယ္ေတာ့ထြက္မလဲ

🔹 က်ေနာ္တို႔ႏိုင္ငံက dose အလုံးေရဘယ္ေလာက္ကို ႀကိဳဝယ္ထားသလဲ

🔹 COVAX အစီအစဥ္ကေန ဘယ္ေတာ့ရမလဲ

အေမရိကန္ FDA အသိအမွတ္ျပဳ ကာကြယ္ေဆးက ႏိုဝင္ဘာလကုန္/ဒီဇင္ဘာလထဲမွာ EUA အေရးေပၚသုံးခြင့္စရပါမယ္။ WHO အသိအမွတ္ျပဳကာကြယ္ေဆး ဘယ္ႏွစ္မ်ိဳးရမလဲမသိပါ။ WHO အေနနဲ႔ကာကြယ္ေဆးကို အသိအမွတ္ျပဳရာမွာ

▪️ အႏၲရာယ္တကယ္ကင္းဖို႔နဲ႔

▪️ အစြမ္းအာနိသင္တကယ္ထက္ျမက္ဖို႔ကို

အဂတိကင္းကင္းနဲ႔ စမ္းသပ္ကာကြယ္ေဆးထိုးၿပီးအနည္းဆုံး ၂ လ ေဒတာကို အေသအခ်ာစစ္ေဆးၿပီးမွ အသိအမွတ္ျပဳဖို႔လိုပါတယ္။ ကဲ …. ကာကြယ္ေဆးေတြ ႏိုဝင္ဘာလကုန္ ကစၿပီး တစ္ခုၿပီး တစ္ခု အသိအမွတ္ျပဳ ခံရၿပီဆိုပါစို႔။

အေမရိကန္ CDC ရဲ႕စီမံပုံက ေအာက္ပါအစီအစဥ္အတိုင္းရၾကမယ္။

က်န္းမာေရးဝန္ထမ္းေတြ၊ ေရာဂါအေျခအေနဆိုးႏိုင္သူေတြ၊ အသက္ ၆၅ ႏွင့္အထက္ေတြ၊ မရွိမျဖစ္လုပ္သားေတြ၊ အသက္ ၁၂ ႏွစ္ေအာက္ကေလးေတြက အခုမွစ စမ္းသပ္ေနတာမို႔ ၄ လေလာက္ေနာက္က်ၿပီး ရႏိုင္ပါတယ္။

FDA က EUA အတည္ျပဳလိုက္တာနဲ႔ ၂၄ နာရီအတြင္း CDC က စျဖန႔္ဖို႔စီစဥ္ထားတာပါ။ ယူေကႏိုင္ငံမွာေတာ့ ေရာဂါအေျခအေနဆိုးႏိုင္သူေတြက ခရစ္စမတ္အမီရႏိုင္တယ္လို႔ဆိုပါတယ္။ ဥပမာ – အဖိုးအဖြားေတြ၊ ကင္ဆာေရာဂါရွိသူေတြ စသည့္သူမ်ားေပါ့။

အေမရိကန္မွာ ထရမ့္က ဧၿပီလမတိုင္ခင္ အားလုံးထိုးၿပီးျဖစ္ေစခ်င္တယ္။ CDC ရဲ႕အႀကီးအကဲက လက္မခံဘူး။ ျဖစ္မွမျဖစ္ႏိုင္တာကိုး။ အေမရိကန္ CDC က ကာကြယ္ေဆး အလုံးေရ သန္း ၇၀၀ အထိ ဧၿပီလမွာရဖို႔ မွာထားတယ္။ လူတစ္ေယာက္ကို ႏွစ္လုံးလိုမွာမို႔ အေမရိကန္လူဦးေရ သန္း ၃၅၀ ေက်ာ္အတြက္ အဲ့လိုမွာယူထားတာျဖစ္တယ္။

အဲ့ဒီေတာ့ Pfizer နဲ႔ Moderna ကို FDA က EUA ေပးလိုက္တာနဲ႔ အေမရိကန္က အရင္အေျပာင္ရွင္းသြားႏိုင္တယ္။ အေမရိကန္မွာ ဒီဇင္ဘာလထဲမွာ ကာကြယ္ေဆး အလုံးေရ ၃၅ သန္းကေန ၄၅ သန္းအထိ Pfizer နဲ႔ Moderna ကေနရမယ္လို႔ ေမွ်ာ္လင့္ထားတယ္။

ယူေကႏိုင္ငံကလည္း Oxford/AstraZeneca ကေန အလုံးေရ သန္း ၁၀၀ မွာထားပါတယ္။ ယူေကႏိုင္ငံက လူဦးေရ ၆၆ သန္းေက်ာ္ရွိတဲ့အတြက္ အလုံးေရ သန္း ၁၀၀ ေလာက္ကိုမွာယူထားတာပါ။

အဲ့ဒီေတာ့ ပထမပိုင္း ထြက္ထြက္ျခင္း အနည္းငယ္ပဲ က်ေနာ္တို႔ရမယ္။

★ အဲ့ဒီအတြက္ က်ေနာ္တို႔လက္ထဲကာကြယ္ေဆးေရာက္လာရင္ မတ္လကအေစာဆုံးပဲလို႔ျမင္တယ္။

★ ျမန္မာႏိုင္ငံမွာ လူဦးေရရဲ႕ ၆၅% ထိုးၿပီးဖို႔က အေစာဆုံး ၂၀၂၁ ဇူလိုင္လပဲ။ ၂၀၂၁ ႏွစ္ကုန္အထိၾကာသြားႏိုင္တယ္။

စစျခင္းေႏွးေပမယ့္ J&J တို႔၊ Novavax တို႔၊ Sanofi တို႔၊ GSK တို႔ကေန ကာကြယ္ေဆးေတြထပ္ၿပီး အသိအမွတ္ျပဳရလာႏိုင္တာေတြေၾကာင့္ ေနာက္ပိုင္းမွာ ျမန္လာႏိုင္ပါတယ္။

★ အဓိကက ဘယ္ကာကြယ္ေဆးမဆို တ႐ုတ္ကာကြယ္ေဆးျဖစ္ျဖစ္ WHO က အေမရိကန္ FDA စစ္ေဆးသလိုစစ္ေဆးၿပီးမွ အဂတိကင္းကင္းနဲ႔ အသိအမွတ္ျပဳဖို႔ပါပဲ။

အဲ့ဒါဆိုရင္ဘယ္ေဆးရရ အစိုးရအစီအစဥ္နဲ႔ဝယ္ရင္ထိုးရဲတယ္။ Mask ေတြအျပင္ထြက္ရင္ လုံးဝ မလိုေတာ့မွာက ၂၀၂၂ မွာမွျဖစ္ႏိုင္မယ္။

Richard Myo Thant (ေလးစားစြာ ခရက္ဒစ္ေပးပါသည္)

Leave a Reply

Your email address will not be published. Required fields are marked *