ကိုဗစ် ကာကွယ်ဆေး ကိစ္စ နိုင်ငံတကာ နဲ့ ပူးပေါင်းဆောင်ရွက် ဖို့ တရုတ် အဆင်သင့်ရှိ ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်ပြောပြီ

Posted on

ကမ္ဘာတလွှား COVID-19 ကာကွယ်ဆေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် တရုတ်ဘက်က အဆင်သင့် ရှိကြောင်း တရုတ်သမ္မတ Xi Jinping က စနေနေ့ မှာ ပြောဆိုလိုက် ပါတယ်။ ဒါ့အပြင် ကမ္ဘာတလွှား ခရီးသွားလာမှု ဆိုင်ရာ မူဝါဒတွေ နဲ့ ပတ်သက်ပြီး နိုင်ငံတကာဘက်က ပိုပြီး ပူးပေါင်းဆောင်ရွက်ဖို့လည်း တရုတ်သမ္မတက တိုက်တွန်းသွားပါတယ်။

ကမ္ဘာတလွှားက ဆေးကုမ္ပဏီတွေ နဲ့ သုတေသနဌာနတွေက အလားအလာ ရှိတဲ့ COVID-19 ကာကွယ်ရေး ကို စမ်းသပ်ဆောင်ရွက်နေကြပြီး အလားအလာ ရှိတဲ့ ကာကွယ်ဆေးတွေကို သောင်းနဲ့ချီတဲ့ လူတွေနဲ့ စမ်းသပ်နေကြဆဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံတွင်း မှာ လုပ်တဲ့ စမ်းသပ် ကာကွယ်ဆေး ၅ မျိုးက အခု နောက်ဆုံးအဆင့် စမ်းသပ်တဲ့အဆင့်ကို ရောက်နေပါပြီ။

ကာကွယ်ဆေး စမ်းသပ် သုတေသန၊ ထုတ်လုပ်ဖြန့်ဖြူးရေး မှာ တခြားနိုင်ငံတွေနဲ့ ခိုင်ခိုင်မာမာ ပူးပေါင်းလုပ်ဆောင်လိုကြောင်း တရုတ်သမ္မတ Xi က ဆော်ဒီနိုင်ငံ Riyadh က ဦးဆောင်ကျင်းပ တဲ့ G-20 ထိပ်သီးဆွေးနွေးပွဲ မှာ ရုပ်သံကနေ ပြောဆိုခဲ့တာပါ။

ကမ္ဘာပေါ် က လူတိုင်း တတ်နိုင်တဲ့ဈေးနဲ့ အသုံးပြုနိုင်မယ့် အများပြည်သူ အကျိုးရှိစေမယ့် ကာကွယ်ဆေးတွေ ထုတ်လုပ်နိုင်ရေးအတွက် တရုတ်အနေနဲ့ ကြိုးပမ်းနေကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေ ကို ထောက်ပံ့ကူညီဖို့ ကမ်းလှမ်းပြီး ကတိကဝတ်အတိုင်း ဆောင်ရွက်မယ်လို့ တရုတ်သမ္မတက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာတလွှား ကူးလူးဆက်ဆံမှု လွယ်ကူ ချောမွေ့စေရေးအတွက် သွက်လက်မြန်ဆန်တဲ့ ခရီးသွားလာရေး လမ်းကြောင်းတွေ ပေါ်ပေါက်လာရေး နိုင်ငံတကာဘက်က ပိုပြီးခိုင်မာတဲ့ မူဝါဒတွေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း တရုတ်သမ္မတက တောင်းဆိုသွား ပါတယ်။

ဒီကိစ္စ နဲ့ပတ်သက်ပြီး တရုတ်အနေနဲ့တော့ ခရီးသွားတွေ ရဲ့ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်မှုရလဒ်ကို နိုင်ငံတကာက အသိအမှတ်ပြု လက်ခံမယ့် ဒစ်ဂျစ်တယ်ကုဒ်တွေသုံးတဲ့ ယန္တရားတခု ဖော်ဆောင်ရေး အတွက် အဆိုပြုဖို့ ရှိတယ်လို့လည်း ပြော ပါတယ်။

Source; VOA

Zawgyi

ကမာၻတလႊား COVID-19 ကာကြယ္ေဆးဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးအတြက္ တ႐ုတ္ဘက္က အဆင္သင့္ ရွိေၾကာင္း တ႐ုတ္သမၼတ Xi Jinping က စေနေန႕ မွာ ေျပာဆိုလိုက္ ပါတယ္။ ဒါ့အျပင္ ကမာၻတလႊား ခရီးသြားလာမႈ ဆိုင္ရာ မူဝါဒေတြ နဲ႕ ပတ္သက္ၿပီး နိုင္ငံတကာဘက္က ပိုၿပီး ပူးေပါင္းေဆာင္႐ြက္ဖို႔လည္း တ႐ုတ္သမၼတက တိုက္တြန္းသြားပါတယ္။

ကမာၻတလႊားက ေဆးကုမၸဏီေတြ နဲ႕ သုေတသနဌာနေတြက အလားအလာ ရွိတဲ့ COVID-19 ကာကြယ္ေရး ကို စမ္းသပ္ေဆာင္႐ြက္ေနၾကၿပီး အလားအလာ ရွိတဲ့ ကာကြယ္ေဆးေတြကို ေသာင္းနဲ႕ခ်ီတဲ့ လူေတြနဲ႕ စမ္းသပ္ေနၾကဆဲ ျဖစ္ပါတယ္။

တ႐ုတ္နိုင္ငံတြင္း မွာ လုပ္တဲ့ စမ္းသပ္ ကာကြယ္ေဆး ၅ မ်ိဳးက အခု ေနာက္ဆုံးအဆင့္ စမ္းသပ္တဲ့အဆင့္ကို ေရာက္ေနပါၿပီ။

ကာကြယ္ေဆး စမ္းသပ္ သုေတသန၊ ထုတ္လုပ္ျဖန႔္ျဖဴးေရး မွာ တျခားနိုင္ငံေတြနဲ႕ ခိုင္ခိုင္မာမာ ပူးေပါင္းလုပ္ေဆာင္လိုေၾကာင္း တ႐ုတ္သမၼတ Xi က ေဆာ္ဒီနိုင္ငံ Riyadh က ဦးေဆာင္က်င္းပ တဲ့ G-20 ထိပ္သီးေဆြးေႏြးပြဲ မွာ ႐ုပ္သံကေန ေျပာဆိုခဲ့တာပါ။

ကမာၻေပၚ က လူတိုင္း တတ္နိုင္တဲ့ေဈးနဲ႕ အသုံးျပဳနိုင္မယ့္ အမ်ားျပည္သူ အက်ိဳးရွိေစမယ့္ ကာကြယ္ေဆးေတြ ထုတ္လုပ္နိုင္ေရးအတြက္ တ႐ုတ္အေနနဲ႕ ႀကိဳးပမ္းေနေၾကာင္း၊ ဖြံ႕ၿဖိဳးဆဲနိုင္ငံေတြ ကို ေထာက္ပံ့ကူညီဖို႔ ကမ္းလွမ္းၿပီး ကတိကဝတ္အတိုင္း ေဆာင္႐ြက္မယ္လို႔ တ႐ုတ္သမၼတက ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ကမာၻတလႊား ကူးလူးဆက္ဆံမႈ လြယ္ကူ ေခ်ာေမြ႕ေစေရးအတြက္ သြက္လက္ျမန္ဆန္တဲ့ ခရီးသြားလာေရး လမ္းေၾကာင္းေတြ ေပၚေပါက္လာေရး နိုင္ငံတကာဘက္က ပိုၿပီးခိုင္မာတဲ့ မူဝါဒေတြနဲ႕ ပူးေပါင္းေဆာင္႐ြက္ၾကဖို႔လည္း တ႐ုတ္သမၼတက ေတာင္းဆိုသြား ပါတယ္။

ဒီကိစၥ နဲ႕ပတ္သက္ၿပီး တ႐ုတ္အေနနဲ႕ေတာ့ ခရီးသြားေတြ ရဲ႕ ကိုရိုနာဗိုင္းရပ္စ္ စမ္းသပ္မႈရလဒ္ကို နိုင္ငံတကာက အသိအမွတ္ျပဳ လက္ခံမယ့္ ဒစ္ဂ်စ္တယ္ကုဒ္ေတြသုံးတဲ့ ယႏၲရားတခု ေဖာ္ေဆာင္ေရး အတြက္ အဆိုျပဳဖို႔ ရွိတယ္လို႔လည္း ေျပာ ပါတယ္။

Source; VOA

Leave a Reply

Your email address will not be published. Required fields are marked *