ကိုဗစ်ကာလ ကောင်းကင် မှ ကျလာသည့် ဥက္ကာခဲကြောင့် ခေါင်းတလား လုပ်သည့် အင်ဒိုနီးရှား နိုင်ငံသား နေ့ ချင်း ညချင်း ချမ်းသာသွား

Posted on

အင်ဒိုနီးရှား နိုင်ငံ ၊ ဆူမာတြားပြည်နယ်မြောက်ပိုင်း၊ ကိုလန်မြို့မှာ နေထိုင်သူတဦးသည် နှစ်သက်တမ်းပေါင်း ၄.၅ ဘီလီယံရှိ ဥက္ကာခဲ ကို အမေရိကန်ဒေါ်လာ ၂.၅ သန်း (ပေါင် ၁.၄ သန်း) ဖြင့် ရောင်းချနိုင် ခဲ့ပြီး နောက် ဆင်းရဲနွမ်း ပါးသူ အဖြစ် မှ ရုတ်တရက်ချမ်းသာကြွယ်ဝသွား ခဲ့ကြောင်း နိုင်ငံတကာ သတင်း မီဒီယာများက ဖော်ပြကြသည် ။

အသက် ၃၃ နှစ် ရှိ ဂျိုရူအာ ဟူတာဂလန် အမည်ရှိ ၎င်း အမျိုးသားသည် ၎င်း၏ နေအိမ် အရှေ့ခေါင်မိုးကို ဖောက်ထွက်ကာ ခြံဝန်းအတွင်းသို့ကျရောက်လာသည့် အာကာသအတွင်းမှ ဥက္ကာပျံအခဲကို ရောင်းချနိုင်ခဲ့ရာ မှ ကြွယ်ဝသွားခဲ့ခြင်းဖြစ် သည်။

အဆိုပါ ဥက္ကာခဲ မှာ အလေးချိန် ၂.၅ ကီလိုဂရမ် (၅.၅၁ ပေါင်) ရှိပြီး ဘောလုံးငယ် အရွယ်အစားခန့်ရှိ သည် ။ ယခု ၂၀၂၀ သြဂုတ်လ အတွင်းက ဂျိုရူအာ ဟူတာဂလန်၏ နေအိမ် ခြံဝန်းအတွင်းသို့ကျလာခဲ့ခြင်း ဖြစ်သည်။

ကိုဗစ်ကာလ ကောင်းကင် မှ ကျလာသည့် ဥက္ကာခဲကြောင့် ခေါင်းတလား လုပ်သည့် အင်ဒိုနီးရှား နိုင်ငံသား နေ့ ချင်း ညချင်း ချမ်းသာသွား

အဆိုပါဥက္ကာခဲ ကျရောက်ခဲ့ချိန် ကနဦးကမူ မည်သည့်အရာများဖြစ်ပွားခဲ့သည်ကို ဂျိုရူအာ ဟူတာဂလန်က မသိခဲ့ပေ။ “အဲဒါကြီး ကျလာတုန်းက အသံက အကျယ်ကြီးပဲ။ အိမ်ရဲ့တချို့ နေရာတွေတောင် ရမ်းထွက်သွားတယ်။ ဘာဖြစ်တာလည်းဆိုပြီး ကျွန်တော်လိုက်ရှာတော့ ခေါင်မိုးက ပေါက်ထွက်နေတာကို သွားတွေ့တယ်။ နောက်ပြီး မြေကြီးထဲကို ၁၅ စင်တီမီတာလောက် နစ်ဝင်နေတဲ့ ကျောက်တုံးကို သွားတွေ့တယ်”ဟု ဂျိုရူအာဟူတာဂလန်က ဆိုသည်။

အဆိုပါကျောက်တုံးကို မြင်တွေ့လိုက်ချိန်မှာပင် အများတကာ ပြောလေ့ရှိကြသည့် ဥက္ကာခဲဖြစ်နိုင်သည် ဟု သံသယဝင်မိခဲ့သည် ဟုလည်း ဂျိုရူအာ ဟူတာဂလန်က ဆိုသည်။ ထိုကဲ့သို့ထင်မြင်မိခြင်း မှာ ထိုသို့ ကျောက်တုံးမျိုးကို တစ်စုံတစ်ဦးက အပေါ်မှလွတ်ချရန် သို့မဟုတ် ပစ်ပေါက်ရန် မဖြစ်နိုင်ခြင်းကြောင့်ဟု လည်း ဂျိုရူအာဟူတာဂလန်က ဆိုခဲ့သည်။

ကိုဗစ်ကာလ ကောင်းကင် မှ ကျလာသည့် ဥက္ကာခဲကြောင့် ခေါင်းတလား လုပ်သည့် အင်ဒိုနီးရှား နိုင်ငံသား နေ့ ချင်း ညချင်း ချမ်းသာသွား

အဆိုပါကျောက်တုံးကို မြေကြီးထဲ မှ တူးထုတ်လိုက် ချိန်တွင် ပူနွေးနေဆဲဖြစ်သည်ဟုလည်း ၎င်းက ဆို သည်။ “အဲ့ဒိ ကျောက်တုံးကို ကျွန်တော်တူးပြီး မ, ယူလိုက် တော့ ပူနွေးနေဆဲပဲဗျ။ နောက်တော့ ကျွန်တော် အိမ် ထဲကို ယူလာခဲ့တယ်” ဟု ဂျိုရူအာဟူတာဂလန်က ဆိုသည်။

ကိုဗစ်ကာလ ကောင်းကင် မှ ကျလာသည့် ဥက္ကာခဲကြောင့် ခေါင်းတလား လုပ်သည့် အင်ဒိုနီးရှား နိုင်ငံသား နေ့ ချင်း ညချင်း ချမ်းသာသွား

ဂျိုရူအာဟူတာဂလန်နေထိုင်ရာဒေသ အတွင်း မှ လူများ သည် လည်း ကျယ်လောင်သည့် အသံကို ကြားလိုက်ရခြင်း၊ ၎င်းတို့၏ နေအိမ်များလည်း လှုပ်ရမ်းသွားသည့်အတွက် မည်သည့်အရာများဖြစ်သည်ကို စုံစမ်းခဲ့ပြီးနောက် ဂျိုရူအာဟူတာဂလန် ၏ နေအိမ်ပေါ်သို့ဥက္ကာခဲ ကျရောက်လာခြင်းကို သိရှိသွားခဲ့သည်။ အဆိုပါရှားပါးသည့်အရာကို မြင်တွေ့ခွင့်ရရန် ဂျိုရူအာ ဟူတာဂလန်၏ နေအိမ်သို့ရောက် ရှိလာ ခဲ့ကြသည် ။

“စူးစမ်းလိုတဲ့သူတွေအများကြီး အိမ် ကို ရောက်လာခဲ့ ကြတယ်” ဟု ဂျိုရူအာဟူတာဂလန်က ဆိုသည်။ အဆိုပါသတင်းမှာ ဒေသအတွင်း ပြန့်နှံ့သွားခဲ့ပြီး နောက် ဂျိုရူအာဟူတာဂလန်ထံမှ ဥက္ကာခဲကို ဘာလီကျွန်းအခြေစိုက် သည့် အမေရိကန်နိုငံသား ဥက္ကာပျံ အခဲကျွမ်းကျင်စုဆောင်းသူ ဂျာရတ်ကောလင်းစ်က ပွဲစားတစ်ဦးအဖြစ် ဝယ်ယူပေးခဲ့ခြင်းဖြစ်သည်။

“ကျွန်တော့်ရဲ့ ဖုန်းက တဂွမ်ဂွမ်မြည်နေ တယ် ။ အဲ့ဒိ ဥက္ကာခဲ ကို အရဝယ် နိုင်ဖို့၊ လေယာဉ် တစ်စီး နဲ့အမြန် သွားဖို့၊ ကမ်းလှမ်းပြော ဆို တဲ့ ဖုန်းတွေပါ ။ အဲ့ဒိအချိန် ကလည်း ကိုဗစ်ကာလ အလယ်ကြီး အတွင်းမှာ ဖြစ်ခဲ့ တာ ။ ကိုယ့် အတွက် ကိုယ်ဝယ် မလား ။ အမေရိကန်က ဥက္ကာပျံခဲစုဆောင်း တဲ့ သိပ္ပံပညာရှင်တွေ အတွက် ဝယ်ပေးမလားဆိုတာကို ကျွန်တော် ဆုံးဖြတ်ရတော့တာ ပါပဲ” ဟု ဂျာရတ်ကောလင်းစ် က ဆို သည် ။

ကိုဗစ်ကာလ ကောင်းကင် မှ ကျလာသည့် ဥက္ကာခဲကြောင့် ခေါင်းတလား လုပ်သည့် အင်ဒိုနီးရှား နိုင်ငံသား နေ့ ချင်း ညချင်း ချမ်းသာသွား

နောက်ဆုံးတွင် ရသမျှ ပိုက်ဆံ အားလုံး ကို စုဆောင်း သယ်ဆောင်ကာ ဂျိုရူအာကို ရှာဖွေရန် ကြားခံ ပွဲစားတစ်ဦး ပမာ ထွက်ခွာခဲ့သည် ဟု ဂျာရတ်ကောလင်းစ် က ဆိုသည်။

ဂျိုရူအာ ၏ နေအိမ်ခြံဝန်း အတွင်းသို့ကျေ ရာက်လာ သည့်ဥက္ကာခဲ မှာ နှစ်ပေါင်း ၄.၅ ဘီလီယံခန့်သက် တမ်းရှိပြီး ပေါင် ၁.၄ သန်း (အမေရိကန်ဒေါ်လာ ၂.၅ သန်း)တန်ကြေးရှိသည်ဟုသိရသည်။ ဂျာရတ်ကောလင်း မှာ ဥက္ကာခဲကို ဝယ်ယူပြီးနောက် အမေရိကန် သို့ သငေ်္ဘာဖြင့် ပို့ဆောင်ခဲ့သည်။ အဆို ပါ ဥက္ကာခဲကို အမေရိကန်နိုင်ငံ အင်ဒီယာနာပိုးလစ်မှ ဥက္ကာပျံဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ ဂျေးပီယာတက်ခ်က ဝယ်ယူခဲ့ခြင်းဖြစ် သည် ဟု တက္ကဆက်စ်ပြည်နယ်အခြေစိုက် လနှင့်ဂြိဟ်များဆိုင်ရာနည်းပညာ သိပ္ပံ၏ အဆိုအရ သိ ရ သည် ။

ဂျိုရူအာထံမှ ဝယ်ယူခဲ့သည့် ဥက္ကာခဲ မှာ ကာဘွန် ပါဝင် သည့် CM1/2 အမျိုးအစား Chondrite ဖြစ်ကာ အလွန် ရှားပါးသည့် အရာဖြစ်သည်ဟုလည်း အဆိုပါအဖွဲ့အစည်းက သတ်မှတ်ခဲ့သည်။ အဆိုပါ ဥက္ကာခဲကို လည်း Kolang ဟု တရားဝင် အမည်ပေးခဲ့ သလို အလေးချိန် ၂.၅ ကီလိုဂရမ်ရှိသည်ဟု သတ်မှတ်ခဲ့သည်။ အခြားဥက္ကာပျံအခဲ အပိုင်းအစများ ကိုလည်း ဂျိုရူအာ၏ နေအိမ်အနီး ပတ်ဝန်းကျင်ဒေသများ မှပင် ထပ်မံရှာတွေ့ ခဲ့သည်။ တစ်ခုမှာ ဂျိုရူအာ၏နေအိမ်နှင့် ၃ ကီလိုမီတာအကွာတွင်ရှိသည့် စပါးခင်းတစ်ခုအတွင်းမှ တွေ့ရှိခဲ့ခြင်းဖြစ် သည်။

ကိုဗစ်ကာလ ကောင်းကင် မှ ကျလာသည့် ဥက္ကာခဲကြောင့် ခေါင်းတလား လုပ်သည့် အင်ဒိုနီးရှား နိုင်ငံသား နေ့ ချင်း ညချင်း ချမ်းသာသွား

အင်ဒိုနီးရှားအစိုးရ၏ အမျိုးသားလေကြောင်းနှင့် အာကာသအေဂျင်စီ၏ အကြီးအကဲဖြစ်သူ သောမတ်ဂျမာလူဒင်ကမူ ဥက္ကာခဲများ အနေဖြင့် လူနေအိမ်ခြေများပေါ်သို့ကျလာခြင်းမှာ ရှားပါးလွန်း သည် ဟု မှတ်ချက်ချခဲ့သည်။

“အာကာသ အတွင်းမှာ က နေရောင်ခြည်စွမ်းအင်သုံးစနစ်က ခွဲထွက်လာတဲ့ စွန့်ပစ်ပစ္စည်း အရေအတွက် ပမာဏက အရမ်းကို များပြားလွန်းပါတယ်။ ဥက္ကာခဲအများစုကတော့ လူတွေနေထိုင်ရာဒေသနဲ့အတော် ဝေးဝေးကို ကျတာပါ။ ဥပမာ သမုဒ္ဒရာအတွင်း၊ တောအုပ်အတွင်း၊ သဲကန္တာရအတွင်းပေါ့ ” ဟု သောမတ် ဂျမာလူဒင်က မီဒီယာများသို့ပြောသည်။

ကိုဗစ်ကာလ ကောင်းကင် မှ ကျလာသည့် ဥက္ကာခဲကြောင့် ခေါင်းတလား လုပ်သည့် အင်ဒိုနီးရှား နိုင်ငံသား နေ့ ချင်း ညချင်း ချမ်းသာသွား

ယခု ၂၀၂၀ သြဂုတ်လ အတွင်းက ဘရာဇီးနိုင်ငံ၊ အရှေ့မြောက်ပိုင်း၊ ဆန်တာဖီလိုမီနာမြို့ ပတ်ဝန်းကျင် အတွင်းသို့ နှစ်ပေါင်း ၄.၆ ဘီလီယံသက်တမ်း ရှိသည့် ဥက္ကာခဲ အပိုင်းအစပေါင်း ၂၀၀ ခန့်ကျရောက်ခဲ့ သည် ဟုလည်း သိရ သည် ။

Zawgyi

အင္ဒိုနီးရွား နိုင္ငံ ၊ ဆူမာၾတားျပည္နယ္ေျမာက္ပိုင္း၊ ကိုလန္ၿမိဳ႕မွာ ေနထိုင္သူတဦးသည္ ႏွစ္သက္တမ္းေပါင္း ၄.၅ ဘီလီယံရွိ ဥကၠာခဲ ကို အေမရိကန္ေဒၚလာ ၂.၅ သန္း (ေပါင္ ၁.၄ သန္း) ျဖင့္ ေရာင္းခ်နိဳင္ ခဲ့ၿပီး ေနာက္ ဆင္းရဲႏြမ္း ပါးသူ အျဖစ္ မွ ႐ုတ္တရက္ခ်မ္းသာႂကြယ္ဝသြား ခဲ့ေၾကာင္း နိုင္ငံတကာ သတင္း မီဒီယာမ်ားက ေဖာ္ျပၾကသည္ ။

အသက္ ၃၃ ႏွစ္ ရွိ ဂ်ိဳ႐ူအာ ဟူတာဂလန္ အမည္ရွိ ၎ အမ်ိဳးသားသည္ ၎၏ ေနအိမ္ အေရွ႕ေခါင္မိုးကို ေဖာက္ထြက္ကာ ၿခံဝန္းအတြင္းသို႔က်ေရာက္လာသည့္ အာကာသအတြင္းမွ ဥကၠာပ်ံအခဲကို ေရာင္းခ်နိဳင္ခဲ့ရာ မွ ႂကြယ္ဝသြားခဲ့ျခင္းျဖစ္ သည္။

အဆိုပါ ဥကၠာခဲ မွာ အေလးခ်ိန္ ၂.၅ ကီလိုဂရမ္ (၅.၅၁ ေပါင္) ရွိၿပီး ေဘာလုံးငယ္ အ႐ြယ္အစားခန႔္ရွိ သည္ ။ ယခု ၂၀၂၀ ၾသဂုတ္လ အတြင္းက ဂ်ိဳ႐ူအာ ဟူတာဂလန္၏ ေနအိမ္ ၿခံဝန္းအတြင္းသို႔က်လာခဲ့ျခင္း ျဖစ္သည္။

အဆိုပါဥကၠာခဲ က်ေရာက္ခဲ့ခ်ိန္ ကနဦးကမူ မည္သည့္အရာမ်ားျဖစ္ပြားခဲ့သည္ကို ဂ်ိဳ႐ူအာ ဟူတာဂလန္က မသိခဲ့ေပ။ “အဲဒါႀကီး က်လာတုန္းက အသံက အက်ယ္ႀကီးပဲ။ အိမ္ရဲ႕တခ်ိဳ႕ ေနရာေတြေတာင္ ရမ္းထြက္သြားတယ္။ ဘာျဖစ္တာလည္းဆိုၿပီး ကြၽန္ေတာ္လိုက္ရွာေတာ့ ေခါင္မိုးက ေပါက္ထြက္ေနတာကို သြားေတြ႕တယ္။ ေနာက္ၿပီး ေျမႀကီးထဲကို ၁၅ စင္တီမီတာေလာက္ နစ္ဝင္ေနတဲ့ ေက်ာက္တုံးကို သြားေတြ႕တယ္”ဟု ဂ်ိဳ႐ူအာဟူတာဂလန္က ဆိုသည္။

အဆိုပါေက်ာက္တုံးကို ျမင္ေတြ႕လိုက္ခ်ိန္မွာပင္ အမ်ားတကာ ေျပာေလ့ရွိၾကသည့္ ဥကၠာခဲျဖစ္နိုင္သည္ ဟု သံသယဝင္မိခဲ့သည္ ဟုလည္း ဂ်ိဳ႐ူအာ ဟူတာဂလန္က ဆိုသည္။ ထိုကဲ့သို႔ထင္ျမင္မိျခင္း မွာ ထိုသို႔ ေက်ာက္တုံးမ်ိဳးကို တစ္စုံတစ္ဦးက အေပၚမွလြတ္ခ်ရန္ သို႔မဟုတ္ ပစ္ေပါက္ရန္ မျဖစ္နိုင္ျခင္းေၾကာင့္ဟု လည္း ဂ်ိဳ႐ူအာဟူတာဂလန္က ဆိုခဲ့သည္။

အဆိုပါေက်ာက္တုံးကို ေျမႀကီးထဲ မွ တူးထုတ္လိုက္ ခ်ိန္တြင္ ပူေႏြးေနဆဲျဖစ္သည္ဟုလည္း ၎က ဆို သည္။ “အဲ့ဒိ ေက်ာက္တုံးကို ကြၽန္ေတာ္တူးၿပီး မ, ယူလိုက္ ေတာ့ ပူေႏြးေနဆဲပဲဗ်။ ေနာက္ေတာ့ ကြၽန္ေတာ္ အိမ္ ထဲကို ယူလာခဲ့တယ္” ဟု ဂ်ိဳ႐ူအာဟူတာဂလန္က ဆိုသည္။

ဂ်ိဳ႐ူအာဟူတာဂလန္ေနထိုင္ရာေဒသ အတြင္း မွ လူမ်ား သည္ လည္း က်ယ္ေလာင္သည့္ အသံကို ၾကားလိုက္ရျခင္း၊ ၎တို႔၏ ေနအိမ္မ်ားလည္း လႈပ္ရမ္းသြားသည့္အတြက္ မည္သည့္အရာမ်ားျဖစ္သည္ကို စုံစမ္းခဲ့ၿပီးေနာက္ ဂ်ိဳ႐ူအာဟူတာဂလန္ ၏ ေနအိမ္ေပၚသို႔ဥကၠာခဲ က်ေရာက္လာျခင္းကို သိရွိသြားခဲ့သည္။ အဆိုပါရွားပါးသည့္အရာကို ျမင္ေတြ႕ခြင့္ရရန္ ဂ်ိဳ႐ူအာ ဟူတာဂလန္၏ ေနအိမ္သို႔ေရာက္ ရွိလာ ခဲ့ၾကသည္ ။

“စူးစမ္းလိုတဲ့သူေတြအမ်ားႀကီး အိမ္ ကို ေရာက္လာခဲ့ ၾကတယ္” ဟု ဂ်ိဳ႐ူအာဟူတာဂလန္က ဆိုသည္။ အဆိုပါသတင္းမွာ ေဒသအတြင္း ျပန႔္ႏွံ႕သြားခဲ့ၿပီး ေနာက္ ဂ်ိဳ႐ူအာဟူတာဂလန္ထံမွ ဥကၠာခဲကို ဘာလီကြၽန္းအေျခစိုက္ သည့္ အေမရိကန္နိုငံသား ဥကၠာပ်ံ အခဲကြၽမ္းက်င္စုေဆာင္းသူ ဂ်ာရတ္ေကာလင္းစ္က ပြဲစားတစ္ဦးအျဖစ္ ဝယ္ယူေပးခဲ့ျခင္းျဖစ္သည္။

“ကြၽန္ေတာ့္ရဲ႕ ဖုန္းက တဂြမ္ဂြမ္ျမည္ေန တယ္ ။ အဲ့ဒိ ဥကၠာခဲ ကို အရဝယ္ နိုင္ဖို႔၊ ေလယာဥ္ တစ္စီး နဲ႕အျမန္ သြားဖို႔၊ ကမ္းလွမ္းေျပာ ဆို တဲ့ ဖုန္းေတြပါ ။ အဲ့ဒိအခ်ိန္ ကလည္း ကိုဗစ္ကာလ အလယ္ႀကီး အတြင္းမွာ ျဖစ္ခဲ့ တာ ။ ကိုယ့္ အတြက္ ကိုယ္ဝယ္ မလား ။ အေမရိကန္က ဥကၠာပ်ံခဲစုေဆာင္း တဲ့ သိပၸံပညာရွင္ေတြ အတြက္ ဝယ္ေပးမလားဆိုတာကို ကြၽန္ေတာ္ ဆုံးျဖတ္ရေတာ့တာ ပါပဲ” ဟု ဂ်ာရတ္ေကာလင္းစ္ က ဆို သည္ ။

ေနာက္ဆုံးတြင္ ရသမွ် ပိုက္ဆံ အားလုံး ကို စုေဆာင္း သယ္ေဆာင္ကာ ဂ်ိဳ႐ူအာကို ရွာေဖြရန္ ၾကားခံ ပြဲစားတစ္ဦး ပမာ ထြက္ခြာခဲ့သည္ ဟု ဂ်ာရတ္ေကာလင္းစ္ က ဆိုသည္။

ဂ်ိဳ႐ူအာ ၏ ေနအိမ္ၿခံဝန္း အတြင္းသို႔ေက် ရာက္လာ သည့္ဥကၠာခဲ မွာ ႏွစ္ေပါင္း ၄.၅ ဘီလီယံခန႔္သက္ တမ္းရွိၿပီး ေပါင္ ၁.၄ သန္း (အေမရိကန္ေဒၚလာ ၂.၅ သန္း)တန္ေၾကးရွိသည္ဟုသိရသည္။ ဂ်ာရတ္ေကာလင္း မွာ ဥကၠာခဲကို ဝယ္ယူၿပီးေနာက္ အေမရိကန္ သို႔ သေင္ၻာျဖင့္ ပို႔ေဆာင္ခဲ့သည္။ အဆို ပါ ဥကၠာခဲကို အေမရိကန္နိုင္ငံ အင္ဒီယာနာပိုးလစ္မွ ဥကၠာပ်ံဆိုင္ရာ ကြၽမ္းက်င္သူ ေဒါက္တာ ေဂ်းပီယာတက္ခ္က ဝယ္ယူခဲ့ျခင္းျဖစ္ သည္ ဟု တကၠဆက္စ္ျပည္နယ္အေျခစိုက္ လႏွင့္ၿဂိဟ္မ်ားဆိုင္ရာနည္းပညာ သိပၸံ၏ အဆိုအရ သိ ရ သည္ ။

ဂ်ိဳ႐ူအာထံမွ ဝယ္ယူခဲ့သည့္ ဥကၠာခဲ မွာ ကာဘြန္ ပါဝင္ သည့္ CM1/2 အမ်ိဳးအစား Chondrite ျဖစ္ကာ အလြန္ ရွားပါးသည့္ အရာျဖစ္သည္ဟုလည္း အဆိုပါအဖြဲ႕အစည္းက သတ္မွတ္ခဲ့သည္။ အဆိုပါ ဥကၠာခဲကို လည္း Kolang ဟု တရားဝင္ အမည္ေပးခဲ့ သလို အေလးခ်ိန္ ၂.၅ ကီလိုဂရမ္ရွိသည္ဟု သတ္မွတ္ခဲ့သည္။ အျခားဥကၠာပ်ံအခဲ အပိုင္းအစမ်ား ကိုလည္း ဂ်ိဳ႐ူအာ၏ ေနအိမ္အနီး ပတ္ဝန္းက်င္ေဒသမ်ား မွပင္ ထပ္မံရွာေတြ႕ ခဲ့သည္။ တစ္ခုမွာ ဂ်ိဳ႐ူအာ၏ေနအိမ္ႏွင့္ ၃ ကီလိုမီတာအကြာတြင္ရွိသည့္ စပါးခင္းတစ္ခုအတြင္းမွ ေတြ႕ရွိခဲ့ျခင္းျဖစ္ သည္။

အင္ဒိုနီးရွားအစိုးရ၏ အမ်ိဳးသားေလေၾကာင္းႏွင့္ အာကာသေအဂ်င္စီ၏ အႀကီးအကဲျဖစ္သူ ေသာမတ္ဂ်မာလူဒင္ကမူ ဥကၠာခဲမ်ား အေနျဖင့္ လူေနအိမ္ေျခမ်ားေပၚသို႔က်လာျခင္းမွာ ရွားပါးလြန္း သည္ ဟု မွတ္ခ်က္ခ်ခဲ့သည္။

“အာကာသ အတြင္းမွာ က ေနေရာင္ျခည္စြမ္းအင္သုံးစနစ္က ခြဲထြက္လာတဲ့ စြန႔္ပစ္ပစၥည္း အေရအတြက္ ပမာဏက အရမ္းကို မ်ားျပားလြန္းပါတယ္။ ဥကၠာခဲအမ်ားစုကေတာ့ လူေတြေနထိုင္ရာေဒသနဲ႕အေတာ္ ေဝးေဝးကို က်တာပါ။ ဥပမာ သမုဒၵရာအတြင္း၊ ေတာအုပ္အတြင္း၊ သဲကႏၲာရအတြင္းေပါ့ ” ဟု ေသာမတ္ ဂ်မာလူဒင္က မီဒီယာမ်ားသို႔ေျပာသည္။

ယခု ၂၀၂၀ ၾသဂုတ္လ အတြင္းက ဘရာဇီးနိုင္ငံ၊ အေရွ႕ေျမာက္ပိုင္း၊ ဆန္တာဖီလိုမီနာၿမိဳ႕ ပတ္ဝန္းက်င္ အတြင္းသို႔ ႏွစ္ေပါင္း ၄.၆ ဘီလီယံသက္တမ္း ရွိသည့္ ဥကၠာခဲ အပိုင္းအစေပါင္း ၂၀၀ ခန႔္က်ေရာက္ခဲ့ သည္ ဟုလည္း သိရ သည္ ။

Leave a Reply

Your email address will not be published. Required fields are marked *