ကမ္ဘာ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံးကနေ အရေးယူခြင်း ခံခဲ့ရတဲ့ ” ချီလီ သမ္မတ စစ်ဗိုလ်ချုပ်ကြီး ပီနိုချေး “

Posted on

စစ်ရာဇဝတ်မှု ကျူးလွန်ထားသူတွေ ကို ၎င်း ရဲ့နိုင်ငံ အတွင်းရှိ တရားရုံးများ မှာ အမှုဖွင့် တရားစွဲအရေးယူဖို့ လည်း မတတ်နိုင်.. တရားစွဲလို့လည်း မရနိုင်တဲ့ အခြေအနေမျိုးမှာ နိုင်ငံတကာ ရဲ့အင်အားများ ကို အကူအညီယူကာ အသုံးပြုကြတဲ့နည်းလမ်း တစ်ခု ရှိတယ်..။

ကမ္ဘာ့ ( နိုင်ငံတကာ ) ရာဇဝတ်ခုံရုံး ကို ၁၉၄၉ ခုနှစ် ဂျနီဗာသဘောတူညီချက်နဲ့ မြန်မာ အပါအဝင်နိုင်ငံပေါင်း ၁၉၄ နိုင်ငံက သဘောတူ လက်မှတ်ရေးထိုး ဖွဲ့စည်းခဲ့တယ်..။

ချီလီ သမ္မတ စစ်ဗိုလ်ချုပ်ကြီး ပီနိုချေး

ချီလီသမ္မတဗိုလ်ချုပ်ကြီးပီနိုချေးဟာ စစ်အာဏာရှင် ဘဝမှ မဆင်းခင် မှာ ၁၉၈၀ ချီလီဖွဲ့စည်းပုံအခြေခံဥပဒေ ကို အချိန်ယူ စိတ်ကြိုက်ရေးဆွဲခဲ့ပြီးနောက် တရားဝင်ပြဌာန်း အတည်ပြုခဲ့တယ်..။

ကာကွယ်ရေး ဦးစီးချုပ်က လွှတ်တော်မှာ စစ်တပ် ကိုယ်စားလှယ်ခန့်အပ် လို့ရသလို သမ္မတအနေ နဲ့ ကာကွယ်ရေးဦးစီးချုပ် ကို ဖြုတ်လို့မရအောင် ထည့်သွင်းရေးဆွဲ ခဲ့တယ်..။ နောက်ကြောင်းပြန် အရေးယူလို့ မရအောင် ခေါင်းစဉ် အမျိုးမျိုးနဲ့ ဥပဒေတွေပြဌာန်း ခဲ့တယ်..။ စစ်ဗိုလ်တွေ ကို အစိုးရအဖွဲ့ဝန်ကြီးဌာနတိုင်းမှာ တာဝန်အသီးသီး ခန့်အပ်ခဲ့တယ်..။

ချီလီ သမ္မတ စစ်ဗိုလ်ချုပ်ကြီး ပီနိုချေး

သစ္စာခံလက်ရွေးစင် စစ်ဗိုလ်များစွာ ကို နိုင်ငံခြားသို့ ပညာတော်သင် စေလွှတ်ခဲ့ သလို နိုင်ငံတွင်းရှိ စစ်တပ်အရာရှိကြီးများ ကိုလည်း အတိုက်အခံ အင်အားစုများကို ဖြိုခွဲနှိမ်နှင်းနည်း စာတမ်းများစွာ ကို ရေးသားပြုစုစေ ခဲ့တယ်..။ အတိုက်အခံနိုင်ငံရေး သမားများ နဲ့ ဆန့်ကျင်တဲ့ပြည်သူလူထုတွေ ကို နည်းလမ်းအမျိုးမျိုး နဲ့ နှိပ်ကွပ်ပြီး ပုဒ်မမျိုးစုံတပ်ကာ နှစ်ရှည်ထောင်ချ ခဲ့တယ်..။

အချိန်ကြာလာသည်နှင့် အမျှ.. နိုင်ငံတကာအကြွေးတွေများလာပေ မယ့် ချီလီနိုင်ငံသူနိုင်ငံသား အများစုကတော့ တဖြည်းဖြည်းဆင်းရဲကြပ်တည်း လာတယ်..။

ချီလီ သမ္မတ စစ်ဗိုလ်ချုပ်ကြီး ပီနိုချေး

အလွန်အံ့သြစရာကောင်းသည့် အချက်မှာ တိုင်းပြည်ကိုချစ် ၍ ကယ်တင်နေတယ် ဆိုတဲ့ စစ်ခေါင်းဆောင် အသိုင်းအဝိုင်းတစ်စုကတော့ ချီလီပြည်သူလူထုအများစုတွေ ရဲ့ဘဝနဲ့ တိုက်ရိုက်ပြောင်းပြန် အချိုးကျဖြစ်ကာ အတိုင်းအဆမရှိအောင် ချမ်းသာခဲ့တယ်..။

ချီလီ သမ္မတ စစ်ဗိုလ်ချုပ်ကြီး ပီနိုချေး

ဗိုလ်ချုပ်ကြီးပီနိုချေး ဟာ ချီလီတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ၁၉၉၃ ခုနှစ်မတ်လအထိ တာဝန်ယူ ခဲ့တယ်..။ ချီလီစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီးပီနိုချေးဟာ စစ်တပ်မှအနားယူပြီးသည်နှင့် တပြိုင်နက် ဆီနိတ်တာရာထူး (senator-for-life) ကို ရယူခဲ့တယ် ။ ချီလီဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်တွင်းမှာအရေးယူ ဖို့ခက်နေလို့ ၁၉၉၈ ခုနှစ် မှာ နိုင်ငံတကာတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး အပြစ်ပေးနိုင် ခဲ့တယ်..။

သမိုင်းသင်တာ မ အ အောင် ပါ.. အမိမြေ မှာ သစ္စာပန်းများ ပွင့်လန်းနိုင် ပါစေ..

အရှင်တေဇနိယ (မန်းတောင်ခြေ)

Zawgyi

စစ္ရာဇဝတ္မႈ က်ဴးလြန္ထားသူေတြ ကို ၎ ရဲ႕နိုင္ငံ အတြင္းရွိ တရား႐ုံးမ်ား မွာ အမႈဖြင့္ တရားစြဲအေရးယူဖို႔ လည္း မတတ္နိုင္.. တရားစြဲလို႔လည္း မရနိုင္တဲ့ အေျခအေနမ်ိဳးမွာ နိုင္ငံတကာ ရဲ႕အင္အားမ်ား ကို အကူအညီယူကာ အသုံးျပဳၾကတဲ့နည္းလမ္း တစ္ခု ရွိတယ္..။

ကမာၻ႔ ( နိုင္ငံတကာ ) ရာဇဝတ္ခုံ႐ုံး ကို ၁၉၄၉ ခုႏွစ္ ဂ်နီဗာသေဘာတူညီခ်က္နဲ႕ ျမန္မာ အပါအဝင္နိုင္ငံေပါင္း ၁၉၄ နိုင္ငံက သေဘာတူ လက္မွတ္ေရးထိုးဖြဲ႕စည္းခဲ့တယ္..။

ခ်ီလီသမၼတဗိုလ္ခ်ဳပ္ႀကီးပီနိုေခ်းဟာ စစ္အာဏာရွင္ ဘဝမွ မဆင္းခင္ မွာ ၁၉၈၀ ခ်ီလီဖြဲ႕စည္းပုံအေျခခံဥပေဒ ကို အခ်ိန္ယူ စိတ္ႀကိဳက္ေရးဆြဲခဲ့ၿပီးေနာက္ တရားဝင္ျပဌာန္း အတည္ျပဳခဲ့တယ္..။

ကာကြယ္ေရး ဦးစီးခ်ဳပ္က လႊတ္ေတာ္မွာ စစ္တပ္ ကိုယ္စားလွယ္ခန႔္အပ္ လို႔ရသလို သမၼတအေန နဲ႕ ကာကြယ္ေရးဦးစီးခ်ဳပ္ ကို ျဖဳတ္လို႔မရေအာင္ ထည့္သြင္းေရးဆြဲ ခဲ့တယ္..။ ေနာက္ေၾကာင္းျပန္ အေရးယူလို႔ မရေအာင္ ေခါင္းစဥ္ အမ်ိဳးမ်ိဳးနဲ႕ ဥပေဒေတြျပဌာန္း ခဲ့တယ္..။ စစ္ဗိုလ္ေတြ ကို အစိုးရအဖြဲ႕ဝန္ႀကီးဌာနတိုင္းမွာ တာဝန္အသီးသီး ခန႔္အပ္ခဲ့တယ္..။

သစၥာခံလက္ေ႐ြးစင္ စစ္ဗိုလ္မ်ားစြာ ကို နိုင္ငံျခားသို႔ ပညာေတာ္သင္ ေစလႊတ္ခဲ့ သလို နိုင္ငံတြင္းရွိ စစ္တပ္အရာရွိႀကီးမ်ား ကိုလည္း အတိုက္အခံ အင္အားစုမ်ားကို ၿဖိဳခြဲႏွိမ္ႏွင္းနည္း စာတမ္းမ်ားစြာ ကို ေရးသားျပဳစုေစ ခဲ့တယ္..။ အတိုက္အခံနိုင္ငံေရး သမားမ်ား နဲ႕ ဆန႔္က်င္တဲ့ျပည္သူလူထုေတြ ကို နည္းလမ္းအမ်ိဳးမ်ိဳး နဲ႕ ႏွိပ္ကြပ္ၿပီး ပုဒ္မမ်ိဳးစုံတပ္ကာ ႏွစ္ရွည္ေထာင္ခ် ခဲ့တယ္..။

အခ်ိန္ၾကာလာသည္ႏွင့္ အမွ်.. နိုင္ငံတကာအေႂကြးေတြမ်ားလာေပ မယ့္ ခ်ီလီနိုင္ငံသူနိုင္ငံသား အမ်ားစုကေတာ့ တျဖည္းျဖည္းဆင္းရဲၾကပ္တည္း လာတယ္..။

အလြန္အံ့ၾသစရာေကာင္းသည့္ အခ်က္မွာ တိုင္းျပည္ကိုခ်စ္ ၍ ကယ္တင္ေနတယ္ ဆိုတဲ့ စစ္ေခါင္းေဆာင္ အသိုင္းအဝိုင္းတစ္စုကေတာ့ ခ်ီလီျပည္သူလူထုအမ်ားစုေတြ ရဲ႕ဘဝနဲ႕ တိုက္ရိုက္ေျပာင္းျပန္ အခ်ိဳးက်ျဖစ္ကာ အတိုင္းအဆမရွိေအာင္ ခ်မ္းသာခဲ့တယ္..။

ဗိုလ္ခ်ဳပ္ႀကီးပီနိုေခ်း ဟာ ခ်ီလီတပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္အျဖစ္ ၁၉၉၃ ခုႏွစ္မတ္လအထိ တာဝန္ယူ ခဲ့တယ္..။ ခ်ီလီစစ္တပ္ အႀကီးအကဲ ဗိုလ္ခ်ဳပ္ႀကီးပီနိုေခ်းဟာ စစ္တပ္မွအနားယူၿပီးသည္ႏွင့္ တၿပိဳင္နက္ ဆီနိတ္တာရာထူး (senator-for-life) ကို ရယူခဲ့တယ္ ။ ခ်ီလီဖြဲ႕စည္းပုံအေျခခံဥပေဒအရ ျပည္တြင္းမွာအေရးယူ ဖို႔ခက္ေနလို႔ ၁၉၉၈ ခုႏွစ္ မွာ နိုင္ငံတကာတပ္ဖြဲ႕က ဖမ္းဆီးခဲ့ၿပီး အျပစ္ေပးနိုင္ ခဲ့တယ္..။

သမိုင္းသင္တာ မ အ ေအာင္ ပါ.. အမိေျမ မွာ သစၥာပန္းမ်ား ပြင့္လန္းနိုင္ ပါေစ..

အရွင္ေတဇနိယ (မန္းေတာင္ေျခ)

Leave a Reply

Your email address will not be published. Required fields are marked *