” ကဏန်း မျက်စိ” ( သံချပ်ကာ စစ်ယာဉ်နှင့် တူ သည့် ကဏန်းကောင် သည် ခြင်ကိုက်ခံရ လျှင် သေသတဲ့ )

Posted on

ကဏန်း မျက်စိ

မိတ်ဆွေ တစ်ဦး က ပြောပြသည် ။ ကဏန်းကောင် သည် ခြင်ကိုက်ခံရလျှင်သေ သည် ဟူသတတ် ။

ကဏန်းကောင် သည် ရေသတ္တဝါ ဖြစ်သည် ။ သံချပ်ကာ စစ်ယာဉ်နှင့် တူသည်ဟူ ၍ နှိုင်းခိုင်းရဖွယ် ရှိ လောက်အောင် အင်အားခိုင်ဖြီးသော အကောင်မျိုးဖြစ် သည် ။ နူးညံ့သောအသား ကို ထူထဲမာကျော သောအခွံဖြင့် ဖုံးကာထားသည်။ အသားနေရာလပ်မကျန်။ ခြေချောင်း၊ လက်ချောင်း တို့သည်ပင်လျှင် သံချောင်းတမျှ မာကျောသောအခွံဖြင့် လွှမ်းအုပ်လျက် ရှိသည်။

ကဏန်း၏အခွံသည် အခွံဟုဆိုရသော်လည်း သာမန် ငါးပုစွန်တို့၏ အကြေးခွံမျိုးမဟုတ်။ သတ္တဝါနှင့် မမျှအောင် မာကျောသောအခွံ၊ ထူထဲသောအခွံဖြစ်သည်။ နူးညံ့ပျော့ပျောင်းသော ဝမ်းဗိုက်သား နေရာ တွင်ပင်လျှင် ငါးကြင်းမြီးကွက်အကြေးခွံထက် ပိုမိုမာကျောထူထဲသော အခွံများ အချပ်အချပ်ထပ်လျက် ဖုံးကာထားသေးသည်။ ကဏန်းကောင်တွင် အသားပေါ်သည့်နေရာ အလျဉ်းမရှိဟူ၍ ဆိုရမလောက် ဖြစ်သည်။

ယင်းသို့သော အအုပ်အခွံ၊ အကာ အကွယ်ကြောင့် ထိုသတ္တဝါသည် မသေနိုင်၊ မပျောက်နိုင်သော အဆင့်အခြေသို့ မရောက်။ အလွယ်နှင့်ပင် သေနိုင်သည်။ ဆင်ပြောင်ကြီး နင်းခံရ၍သေခြင်းမျိုး မဟုတ်။ ခြင်ကောင်လေး ကိုက် ၍ သေခြင်းမျိုး ဖြစ်သည် ။ ထိုအချက် သည် မယုံချင်စရာပင် ဖြစ်သည် ။

မိတ်ဆွေဖြစ်သူက ထိုအချက်ကို အခိုင်အမာဆိုသည်။ သက်သေထူနိုင် သည် ဟု ဆိုသည် ။ ရေဖြည့် အိုး ခွက် စသည်တို့တွင် အဖုံးအကာ အလုံပိတ်၍ ကဏန်းကိုထည့်ထားမှသာ စိတ်ချရသည်ဟု ဆိုသည်။ သို့မဟုတ်ပါက အခန်းတွင်းရှိခြင်ကောင်တို့က ကဏန်းကို ကိုက် လိမ့် မည်၊ ခြင်ကိုက်ခံရ လျှင် ကဏန်း သေလိမ့်မည် ။

ကဏန်း၏ ကိုယ်ပေါ် တွင် ခြင်ကိုက်စရာ နေရာမရှိ။ မှန်သည်။ သို့ရာတွင် ခြင်ကောင်က ကိုက်၍ရသည့်နေရာကို ရှာတတ်သည်။ ထိုနေရာမှာ ကဏန်း၏ မျက်စိဖြစ်သော ဟူ၏။

ကဏန်းမျက်စိသည် မျက်နှာ အပြင် ၏ အပေါ်သို့ စူးထောင် ထွက်နေသည်။ မှိတ်၍ မရ၊ ပိတ်၍ မရ။ မျက်လုံးအိမ်အတွင်း ငုပ်လျှိုးသွင်း၍ မရ။ ဇက်ပုသလိုပုရုံ ပု၍ရသည်။ ခရုခွံထဲ ခရုကောင်လျှိုးဝင်သလို လျှိုးဝင်၍မရ။ မျက်စိ က အပြူးသား ကျန်မြဲကျန် သည်။ ထိုမျက်စိကို ခြင်ကောင်က ကိုက်သည်။ မျက်စိ ခြင်ကိုက်ခံရသော် ကဏန်း သေသည်။

သံချပ်ကာ စစ်ယာဉ်လို ထူထဲသော အအုပ် အခွံ ကာဖုံးထားသည့် ကဏန်း၏မျက်စိကို ခြင်ကိုက် နိုင်သည်။ မျက်စိခြင်ကိုက်ခံရလျှင် ကဏန်း သေသည်။ ထိုအချက်နှင့် ဆက်စပ်လျက် တွေးကြည့်စရာ သဘောတစ်ရပ် ပေါ်လာသည် ။ ထိုသဘောမှာ ဤသို့ဖြစ်သည်။

မည်မျှလောက်အထိပင် ဂုဏ်ဟိတ် သိက္ခာ၊ အင်အား စွမ်းရည် ကြီးမားသော အရာပင်ဖြစ်စေ ပျော့ ကွက်၊ ဟာကွက်၊ အားနည်းချက် ရှိသည်သာဖြစ်ရသည်ဆိုသော အချက်ပေတည်း။ ထိုပျော့ကွက်၊ ဟာ ကွက်၊ အားနည်းချက်ကို ထိုးနှက်ဖျက်ဆီးခြင်းခံရသည့် အခါ ထိုအရာသည် ကြီးမားသောအကာ အကွယ်များရှိနေသည့်ကြားမှပင် ပြိုကွဲပျက်စီးခြင်းအဖြစ်သို့ ရောက်ရသည်သာဖြစ်သည်ဆိုသော အချက် ပေတည်း ။

ထိုသဘောသည် ရှေးပဝေဏီအခါမှစ ၍ လူ့သမိုင်း တွင် ထင်ရှားခဲ့သော အချက် ဖြစ်သည်။ ထိုသဘော ကို ထင်ရှားစေသော ဖြစ်ရပ်များ သည် မြန်မာ့သမိုင်းတွင် အကျော်အကြား တည်ရှိခဲ့သည်။

ပုဂံ အနော်ရထာမင်း သထုံပြည်ကို ချီတက်သိမ်းပိုက်ရာ၌ မြို့အစောင့်အကြပ်ထူပြော၍ လုပ်ကြံမရနိုင် ဖြစ်နေ သည်။ နောက်ဆုံးတွင် မှ မြို့ရိုးတစ်နေရာ၌ အကာအကွယ် ကြက်မတစ်ဝပ်စာ အလစ်အလပ် ရှိကြောင်း သိလာသည်။ ထိုနေရာမှ ဝင်တိုက်သည်။ သထုံကျသည်။ “ကဏန်းမျက်စိ” သဘောကိုထင်ရှားစေသော သမိုင်းဖြစ်ရပ်တစ်ခု ဖြစ်လေသည်။

မွန်သူရဲကောင်း သမိန်ဗရမ်းနှင့် တရုတ် စစ်သည်ကျော် ဂါမဏိတို့၏ စီးချင်း ထိုးပွဲ လည်း ထိုသဘော၏ ထင်ရှားသော ပြယုဂ်ဖြစ်သည်။

ဂါမဏိသည် သံကွန်ချာ ချပ်ဝတ်တန်ဆာကို ကိုယ်လုံးပြည့် ဝတ်လျက် သမိန်ဗရမ်းနှင့် စီးချင်းထိုးသည်။ ဂါမဏိ၏သံကွန်ချာ ချပ်ဝတ်တန်ဆာ သည် ဓားမပေါက်၊ လှံမပေါက်၊ မီးမပေါက် အကာအကွယ် ဖြစ် သည်။ ဤသည်မှာ အပြင်ပန်းအမြင် ဖြစ်သည်။ သမိန်ဗရမ်းက ထိုသို့မမြင်။ သမိန်ဗရမ်း မြင်သည်မှာ ဂါမဏိ၏ သံကွန်ချာချပ်ဝတ်တန်ဆာ လက်မောင်းချိုင်းကြား၌ လှံတစ်ဖျားစာ အကွက်အလပ်၊ အလစ်အဟင်း ရှိနေသည်ဆိုသောအချက် ဖြစ်သည်။ သမိန်ဗရမ်းသည် ထိုအကွက်အလပ်ကို အဲ မောင်း လှံ ပျံ စိုက်သည်။ ဂါမဏိကျသည်။

အနောက်တိုင်း စာပေနှင့်သမိုင်းတို့တွင်လည်း တစ်သဘောတည်းသောအချင်းအရာ ဖြစ်စဉ်ဖြစ်ရပ်တို့ကို မော်ကွန်းမှတ်တမ်းများ အဖြစ် တွေ့နိုင်သည်။ ခေါမစာဆိုကြီးဟိုးမား၏ အီလိယက်မော်ကွန်းကဗျာကြီးမှ သူရဲကောင်းတစ်ဦးဖြစ်သူ အာချိလိဖြစ်ရပ်သည်လည်း ထိုသဘော ၏ပြယုဂ် ဖြစ်သည်။

အာချိလိ မွေးကင်းစအရွယ်တွင်ဖြစ်သည်။ မိခင်ဖြစ်သူပင်လယ်နတ်သမီးက စတိုက်မြစ်ထဲတွင် သား ကိုရေနှစ်သည်။ မြစ်ရေဖြင့် တစ်ကိုယ်လုံး ကို စွတ်စိုစေသည်။ သားဖြစ်သူအား ဓားလှံကျည်မီး ပြီးငြိမ်း လုံခြုံစေရန် ဖြစ်သည်။ မိခင်ဖြစ်သူက သားငယ်အား အသက် ရှည်စွာ အနာမဲ့ကြောင်း ဆေးစွမ်းကောင်း ဖြင့် ထုံမွှမ်းကာကွယ်ပေးခြင်း ဖြစ်သည်။ သို့ရာတွင် မိခင်လက် ဆုပ်ကိုင်ခဲ့သော သားငယ်၏ ဖနောင့် ခြေဖျား သည် စတိုက်မြစ်ရေ စွတ်စိုနိုင်ခြင်းမရှိခဲ့။ သို့ဖြင့် ထိုနေရာသည် ဓားလှံမီးပေါက် ကူးရောက် ထိရှမှု ကင်းလွတ်ခြင်း မရှိချေလေ။

အာချိလိလူလားမြောက်ချိန်နှင့် ဟယ်လင် မင်းသမီး ကိုအကြောင်းပြု ၍ ထရိုဂျင် စစ်ပွဲကြီးဖြစ်ပွားချိန် ဆုံ ကြိုက်သည်။ ထိုစစ်ပွဲကြီးတွင် အာချိလိ ဝင်ရောက်တိုက်ခိုက်သည်။ အောင်ပွဲအလီလီ ရသည်။ ထရိုဂျင် ခေါင်ချုပ် သူရဲကောင်းဟက်တာကို စီးချင်းထိုးပြီး သုတ်သင် သည်။ နောက်ဆုံး အာချိလိ ကိုယ်တိုင် လည်း တိုက်ပွဲတွင်ကျသည်။ ရန်သူ့ဘက်မှ ပစ်လွှတ်သောမြားက အာချိလိ၏ခြေဖနောင့်ကို လာစိုက် သည် ။ ဓားကျိုး၍လှံခွေ မနာမသေသူဟု ကျော်ကြားသော မဟာသူရဲကောင်းကြီး အာချိလိ ကျသည်။ (စကားစပ်၍ဆိုရလျှင် ထရိုဂျင်သူရဲကောင်း ဟက်တာ ကျဆုံးရသည်မှာလည်း ဟက်တာ ၏ သံချပ်ဝတ် တန်ဆာ ကိုယ်ထည်နှင့် ခေါင်းစွပ်အဆက် လည်ပင်းနေရာ၌ အလပ်ပေါ်သည်ကို အာချိလိ လှံပစ်စိုက် ၍ကျဆုံးရခြင်း ဖြစ်သည်)

ထိုသမိုင်း ဒဏ္ဍာရီကို အကြောင်းပြု လျက် အနောက်တိုင်း ဆိုရိုးစကား၌ “အာချိလိဖနောင့်” ဟူသော ဝေါဟာရ အသုံးတွင်လာခဲ့သည်။ ဧရာမအရာဝတ္ထု၊ တိုင်းပြည်နိုင်ငံ၊ လူပုဂ္ဂိုလ်တို့၏ ပျော့ကွက်၊ ဟာ ကွက်၊ ပြိုကွက်၊ ပျက်ကွက် တို့ကို ရည်ညွှန်း တင်စားသော ဝေါဟာရဖြစ်သည်။

ကမ္ဘာ့သမိုင်းတွင် “အာချိလိဖနောင့်” ဖြစ်ရပ်ပေါင်းမြောက်မြားစွာ ရှိခဲ့သည်။ ထိုအာချိလိ ဖနောင့် ဖြစ် ရပ်တို့သည် လူ့အဖွဲ့များပျက်စီးခြင်း၊ လက်နက်နိုင်ငံတော်ကြီးပြိုကွဲခြင်း၊ မင်းဧကရာဇ်များ၊ စစ်သူကြီး၊ စစ်သူ ရဲကောင်းများ၊ ပုဂ္ဂိုလ်ကျော် များ၊ “လျှောကျနောက်ဆုံး ရှိချေ၏” အဖြစ်သို့ ရောက်စေခဲ့သည်။

လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အချင်းကိစ္စ များစွာ ၌ သာ အာချိလိဖနောင့် ရှိသည်မဟုတ်။ မျက်မှောက် ခေတ်၌ အထွတ်အထိပ်သို့ ရောက်လျက် ရှိသော စက်မှုနည်းပညာကဲ့သို့ နည်းကျစနစ်ကျ လုပ်ငန်း များ၌ပင် လျှင် ပျော့ကွက် ဟာကွက် အားနည်းချက်များရှိနေ၍ ဧရာမလုပ်ငန်း စီမံချက်ကြီးများ ပျက်ပြားရသည့်အဖြစ်မျိုး ကြုံနေကြရသည်။ ငွေကြေးကုဋေကုဋာ ဆုံးရှုံးမှုများ ပေါ်ပေါက်နေရသည် ။ လူပေါင်း များစွာ သေကြေမှုများ ဖြစ်ပွားနေရသည်။

ဆိုဗီယက်နှင့် အမေရိ ကန်ပြည်ထောင်စု တို့တွင် အဏုမြူဓာတ်ပေါင်းဖိုကြီးများ ဓာတ်ရောင်ခြည် ယိုစိမ့်ခြင်း၊ ပေါက်ကွဲခြင်း စသည် တို့ ဖြစ်ပွားနေရသည်မှာ အမှိုက်ကစ ပြသာဒ်မီးလောင် ဆိုသကဲ့သို့ “အာချိလိဖနောင့်” ကိစ္စများ၏ ချွတ်ယွင်းမှုကြောင့် ငွေကြေး ကုဋေကုဋာဆုံးရှုံးမှုကြီးများ ကြုံတွေ့နေခြင်း ဖြစ်သည်။

အိန္ဒိယပြည်၌ ဘိုပါးလ်မြို့ဓာတ်ငွေ့စက်ရုံကြီး ပေါက်ကွဲ မှုကြောင့် လူပေါင်းထောင်ပေါင်းများစွာ အသက် ဆုံးရှုံးခဲ့ရခြင်းမျိုးသည် လည်း အသေးအဖွဲစက်ကိရိယာတစ်ခု၏ ပျော့ကွက်၊ အားနည်းချက်ကြောင့် ဖြစ် ပွားခဲ့ရခြင်းဖြစ်သည် ။

အမေရိကန် အာကာသ လွန်းပျံယာဉ်ကြီး “ချဲလင်ဂျာ” ပေါက်ကွဲမှုမှာလည်း ပစ္စည်းလေးတစ်ခု၏ အားနည်းမှုကြောင့်ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်သည်။ တွန်းတင်ဒုံးပျံကြီး၏ ကိုယ်ထည်နှစ်ပိုင်း အဆက်နေရာ တွင် ကြားခံထည့်ထားသည့် “အိုကွင်း” ခေါ် ဆီလုံကွင်းနေရာမှ မီးလောင်ပေါက် ထွက်ပြီး ဒုံးပျံကြီး တစ်ခုလုံး ပျက်စီးခဲ့ရခြင်းဖြစ်သည်။ အမြင့်ပေ ၁၅၀ နီးပါး တွန်းတင်စွမ်းအား ပေါင်ချိန် သုံးသန်းနီးပါး ရှိသော ဒုံးပျံကြီး ၏ ဧရာမကိုယ်ထည်ကြီး နှစ်ခုကြားမှ ဆီလုံကွင်းလေးသည် “ကဏန်းမျက်စိ” ပင် ဖြစ်ချေ၏။ ထိုဆီလုံကွင်းလေး ပျော့ကွက်ကြောင့် ဒေါ်လာ ကုဋေ ၃၀၀ ကျော် ရင်းနှီးမြှုပ်နှံထား ရသည့် အာကာသလွန်း ပျံယာဉ်စီမံကိန်းကြီး ပျက်ရမတတ်ဖြစ်ခဲ့ရသည်။

လောက၌ မည်သည့်အရာမှ လုံးဝဥဿုံ ခိုင်မြဲခြင်း၊ လုံခြုံခြင်း၊ အားကြီးခြင်း၊ ဘေးမဲ့ခြင်းဟူ ၍ မရှိချေ ။ အရာရာ ၌ “အာချိလိဖနောင့်” ဟူ၍ ရှိမြဲ။ အရာရာ၌ “ကဏန်းမျက်စိ” ဟူ၍ ရှိမြဲ။ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးကိစ္စရပ်များ၌ သူ့အားကိုယ့်အား ချင့်တွက်ချိန်ဆရာ၌ ထိုသဘော ကို စေ့စေ့နှလုံးသွင်းတတ် ၊ မြဲမြဲနှလုံးသွင်းနိုင်ဖို့ လိုအပ်လှပေသည် ။ (သတင်းစာ ဆရာကြီး ဦးဝင်းတင် )

Zawgyi

ကဏန္း မ်က္စိ

မိတ္ေဆြ တစ္ဦး က ေျပာျပသည္ ။ ကဏန္းေကာင္ သည္ ျခင္ကိုက္ခံရလွ်င္ေသ သည္ ဟူသတတ္ ။

ကဏန္းေကာင္ သည္ ေရသတၱဝါ ျဖစ္သည္ ။ သံခ်ပ္ကာ စစ္ယာဥ္ႏွင့္ တူသည္ဟူ ၍ ႏွိုင္းခိုင္းရဖြယ္ ရွိ ေလာက္ေအာင္ အင္အားခိုင္ၿဖီးေသာ အေကာင္မ်ိဳးျဖစ္ သည္ ။ ႏူးညံ့ေသာအသား ကို ထူထဲမာေက်ာ ေသာအခြံျဖင့္ ဖုံးကာထားသည္။ အသားေနရာလပ္မက်န္။ ေျခေခ်ာင္း၊ လက္ေခ်ာင္း တို႔သည္ပင္လွ်င္ သံေခ်ာင္းတမွ် မာေက်ာေသာအခြံျဖင့္ လႊမ္းအုပ္လ်က္ ရွိသည္။

ကဏန္း၏အခြံသည္ အခြံဟုဆိုရေသာ္လည္း သာမန္ ငါးပုစြန္တို႔၏ အေၾကးခြံမ်ိဳးမဟုတ္။ သတၱဝါႏွင့္ မမွ်ေအာင္ မာေက်ာေသာအခြံ၊ ထူထဲေသာအခြံျဖစ္သည္။ ႏူးညံ့ေပ်ာ့ေပ်ာင္းေသာ ဝမ္းဗိုက္သား ေနရာ တြင္ပင္လွ်င္ ငါးၾကင္းၿမီးကြက္အေၾကးခြံထက္ ပိုမိုမာေက်ာထူထဲေသာ အခြံမ်ား အခ်ပ္အခ်ပ္ထပ္လ်က္ ဖုံးကာထားေသးသည္။ ကဏန္းေကာင္တြင္ အသားေပၚသည့္ေနရာ အလ်ဥ္းမရွိဟူ၍ ဆိုရမေလာက္ ျဖစ္သည္။

ယင္းသို႔ေသာ အအုပ္အခြံ၊ အကာ အကြယ္ေၾကာင့္ ထိုသတၱဝါသည္ မေသနိုင္၊ မေပ်ာက္နိုင္ေသာ အဆင့္အေျခသို႔ မေရာက္။ အလြယ္ႏွင့္ပင္ ေသနိုင္သည္။ ဆင္ေျပာင္ႀကီး နင္းခံရ၍ေသျခင္းမ်ိဳး မဟုတ္။ ျခင္ေကာင္ေလး ကိုက္ ၍ ေသျခင္းမ်ိဳး ျဖစ္သည္ ။ ထိုအခ်က္ သည္ မယုံခ်င္စရာပင္ ျဖစ္သည္ ။

မိတ္ေဆြျဖစ္သူက ထိုအခ်က္ကို အခိုင္အမာဆိုသည္။ သက္ေသထူနိုင္ သည္ ဟု ဆိုသည္ ။ ေရျဖည့္ အိုး ခြက္ စသည္တို႔တြင္ အဖုံးအကာ အလုံပိတ္၍ ကဏန္းကိုထည့္ထားမွသာ စိတ္ခ်ရသည္ဟု ဆိုသည္။ သို႔မဟုတ္ပါက အခန္းတြင္းရွိျခင္ေကာင္တို႔က ကဏန္းကို ကိုက္ လိမ့္ မည္၊ ျခင္ကိုက္ခံရ လွ်င္ ကဏန္း ေသလိမ့္မည္ ။

ကဏန္း၏ ကိုယ္ေပၚ တြင္ ျခင္ကိုက္စရာ ေနရာမရွိ။ မွန္သည္။ သို႔ရာတြင္ ျခင္ေကာင္က ကိုက္၍ရသည့္ေနရာကို ရွာတတ္သည္။ ထိုေနရာမွာ ကဏန္း၏ မ်က္စိျဖစ္ေသာ ဟူ၏။

ကဏန္းမ်က္စိသည္ မ်က္ႏွာ အျပင္ ၏ အေပၚသို႔ စူးေထာင္ ထြက္ေနသည္။ မွိတ္၍ မရ၊ ပိတ္၍ မရ။ မ်က္လုံးအိမ္အတြင္း ငုပ္လွ်ိုးသြင္း၍ မရ။ ဇက္ပုသလိုပု႐ုံ ပု၍ရသည္။ ခ႐ုခြံထဲ ခ႐ုေကာင္လွ်ိုးဝင္သလို လွ်ိုးဝင္၍မရ။ မ်က္စိ က အျပဴးသား က်န္ၿမဲက်န္ သည္။ ထိုမ်က္စိကို ျခင္ေကာင္က ကိုက္သည္။ မ်က္စိ ျခင္ကိုက္ခံရေသာ္ ကဏန္း ေသသည္။

သံခ်ပ္ကာ စစ္ယာဥ္လို ထူထဲေသာ အအုပ္ အခြံ ကာဖုံးထားသည့္ ကဏန္း၏မ်က္စိကို ျခင္ကိုက္ နိုင္သည္။ မ်က္စိျခင္ကိုက္ခံရလွ်င္ ကဏန္း ေသသည္။ ထိုအခ်က္ႏွင့္ ဆက္စပ္လ်က္ ေတြးၾကည့္စရာ သေဘာတစ္ရပ္ ေပၚလာသည္ ။ ထိုသေဘာမွာ ဤသို႔ျဖစ္သည္။

မည္မွ်ေလာက္အထိပင္ ဂုဏ္ဟိတ္ သိကၡာ၊ အင္အား စြမ္းရည္ ႀကီးမားေသာ အရာပင္ျဖစ္ေစ ေပ်ာ့ ကြက္၊ ဟာကြက္၊ အားနည္းခ်က္ ရွိသည္သာျဖစ္ရသည္ဆိုေသာ အခ်က္ေပတည္း။ ထိုေပ်ာ့ကြက္၊ ဟာ ကြက္၊ အားနည္းခ်က္ကို ထိုးႏွက္ဖ်က္ဆီးျခင္းခံရသည့္ အခါ ထိုအရာသည္ ႀကီးမားေသာအကာ အကြယ္မ်ားရွိေနသည့္ၾကားမွပင္ ၿပိဳကြဲပ်က္စီးျခင္းအျဖစ္သို႔ ေရာက္ရသည္သာျဖစ္သည္ဆိုေသာ အခ်က္ ေပတည္း ။

ထိုသေဘာသည္ ေရွးပေဝဏီအခါမွစ ၍ လူ႕သမိုင္း တြင္ ထင္ရွားခဲ့ေသာ အခ်က္ ျဖစ္သည္။ ထိုသေဘာ ကို ထင္ရွားေစေသာ ျဖစ္ရပ္မ်ား သည္ ျမန္မာ့သမိုင္းတြင္ အေက်ာ္အၾကား တည္ရွိခဲ့သည္။

ပုဂံ အေနာ္ရထာမင္း သထုံျပည္ကို ခ်ီတက္သိမ္းပိုက္ရာ၌ ၿမိဳ႕အေစာင့္အၾကပ္ထူေျပာ၍ လုပ္ႀကံမရနိုင္ ျဖစ္ေန သည္။ ေနာက္ဆုံးတြင္ မွ ၿမိဳ႕ရိုးတစ္ေနရာ၌ အကာအကြယ္ ၾကက္မတစ္ဝပ္စာ အလစ္အလပ္ ရွိေၾကာင္း သိလာသည္။ ထိုေနရာမွ ဝင္တိုက္သည္။ သထုံက်သည္။ “ကဏန္းမ်က္စိ” သေဘာကိုထင္ရွားေစေသာ သမိုင္းျဖစ္ရပ္တစ္ခု ျဖစ္ေလသည္။

မြန္သူရဲေကာင္း သမိန္ဗရမ္းႏွင့္ တ႐ုတ္ စစ္သည္ေက်ာ္ ဂါမဏိတို႔၏ စီးခ်င္း ထိုးပြဲ လည္း ထိုသေဘာ၏ ထင္ရွားေသာ ျပယုဂ္ျဖစ္သည္။

ဂါမဏိသည္ သံကြန္ခ်ာ ခ်ပ္ဝတ္တန္ဆာကို ကိုယ္လုံးျပည့္ ဝတ္လ်က္ သမိန္ဗရမ္းႏွင့္ စီးခ်င္းထိုးသည္။ ဂါမဏိ၏သံကြန္ခ်ာ ခ်ပ္ဝတ္တန္ဆာ သည္ ဓားမေပါက္၊ လွံမေပါက္၊ မီးမေပါက္ အကာအကြယ္ ျဖစ္ သည္။ ဤသည္မွာ အျပင္ပန္းအျမင္ ျဖစ္သည္။ သမိန္ဗရမ္းက ထိုသို႔မျမင္။ သမိန္ဗရမ္း ျမင္သည္မွာ ဂါမဏိ၏ သံကြန္ခ်ာခ်ပ္ဝတ္တန္ဆာ လက္ေမာင္းခ်ိဳင္းၾကား၌ လွံတစ္ဖ်ားစာ အကြက္အလပ္၊ အလစ္အဟင္း ရွိေနသည္ဆိုေသာအခ်က္ ျဖစ္သည္။ သမိန္ဗရမ္းသည္ ထိုအကြက္အလပ္ကို အဲ ေမာင္း လွံ ပ်ံ စိုက္သည္။ ဂါမဏိက်သည္။

အေနာက္တိုင္း စာေပႏွင့္သမိုင္းတို႔တြင္လည္း တစ္သေဘာတည္းေသာအခ်င္းအရာ ျဖစ္စဥ္ျဖစ္ရပ္တို႔ကို ေမာ္ကြန္းမွတ္တမ္းမ်ား အျဖစ္ ေတြ႕နိုင္သည္။ ေခါမစာဆိုႀကီးဟိုးမား၏ အီလိယက္ေမာ္ကြန္းကဗ်ာႀကီးမွ သူရဲေကာင္းတစ္ဦးျဖစ္သူ အာခ်ိလိျဖစ္ရပ္သည္လည္း ထိုသေဘာ ၏ျပယုဂ္ ျဖစ္သည္။

အာခ်ိလိ ေမြးကင္းစအ႐ြယ္တြင္ျဖစ္သည္။ မိခင္ျဖစ္သူပင္လယ္နတ္သမီးက စတိုက္ျမစ္ထဲတြင္ သား ကိုေရႏွစ္သည္။ ျမစ္ေရျဖင့္ တစ္ကိုယ္လုံး ကို စြတ္စိုေစသည္။ သားျဖစ္သူအား ဓားလွံက်ည္မီး ၿပီးၿငိမ္း လုံၿခဳံေစရန္ ျဖစ္သည္။ မိခင္ျဖစ္သူက သားငယ္အား အသက္ ရွည္စြာ အနာမဲ့ေၾကာင္း ေဆးစြမ္းေကာင္း ျဖင့္ ထုံမႊမ္းကာကြယ္ေပးျခင္း ျဖစ္သည္။ သို႔ရာတြင္ မိခင္လက္ ဆုပ္ကိုင္ခဲ့ေသာ သားငယ္၏ ဖေနာင့္ ေျခဖ်ား သည္ စတိုက္ျမစ္ေရ စြတ္စိုနိုင္ျခင္းမရွိခဲ့။ သို႔ျဖင့္ ထိုေနရာသည္ ဓားလွံမီးေပါက္ ကူးေရာက္ ထိရွမႈ ကင္းလြတ္ျခင္း မရွိေခ်ေလ။

အာခ်ိလိလူလားေျမာက္ခ်ိန္ႏွင့္ ဟယ္လင္ မင္းသမီး ကိုအေၾကာင္းျပဳ ၍ ထရိုဂ်င္ စစ္ပြဲႀကီးျဖစ္ပြားခ်ိန္ ဆုံ ႀကိဳက္သည္။ ထိုစစ္ပြဲႀကီးတြင္ အာခ်ိလိ ဝင္ေရာက္တိုက္ခိုက္သည္။ ေအာင္ပြဲအလီလီ ရသည္။ ထရိုဂ်င္ ေခါင္ခ်ဳပ္ သူရဲေကာင္းဟက္တာကို စီးခ်င္းထိုးၿပီး သုတ္သင္ သည္။ ေနာက္ဆုံး အာခ်ိလိ ကိုယ္တိုင္ လည္း တိုက္ပြဲတြင္က်သည္။ ရန္သူ႕ဘက္မွ ပစ္လႊတ္ေသာျမားက အာခ်ိလိ၏ေျခဖေနာင့္ကို လာစိုက္ သည္ ။ ဓားက်ိဳး၍လွံေခြ မနာမေသသူဟု ေက်ာ္ၾကားေသာ မဟာသူရဲေကာင္းႀကီး အာခ်ိလိ က်သည္။ (စကားစပ္၍ဆိုရလွ်င္ ထရိုဂ်င္သူရဲေကာင္း ဟက္တာ က်ဆဳံးရသည္မွာလည္း ဟက္တာ ၏ သံခ်ပ္ဝတ္ တန္ဆာ ကိုယ္ထည္ႏွင့္ ေခါင္းစြပ္အဆက္ လည္ပင္းေနရာ၌ အလပ္ေပၚသည္ကို အာခ်ိလိ လွံပစ္စိုက္ ၍က်ဆဳံးရျခင္း ျဖစ္သည္)

ထိုသမိုင္း ဒ႑ာရီကို အေၾကာင္းျပဳ လ်က္ အေနာက္တိုင္း ဆိုရိုးစကား၌ “အာခ်ိလိဖေနာင့္” ဟူေသာ ေဝါဟာရ အသုံးတြင္လာခဲ့သည္။ ဧရာမအရာဝတၳဳ၊ တိုင္းျပည္နိုင္ငံ၊ လူပုဂၢိဳလ္တို႔၏ ေပ်ာ့ကြက္၊ ဟာ ကြက္၊ ၿပိဳကြက္၊ ပ်က္ကြက္ တို႔ကို ရည္ၫႊန္း တင္စားေသာ ေဝါဟာရျဖစ္သည္။

ကမာၻ႔သမိုင္းတြင္ “အာခ်ိလိဖေနာင့္” ျဖစ္ရပ္ေပါင္းေျမာက္ျမားစြာ ရွိခဲ့သည္။ ထိုအာခ်ိလိ ဖေနာင့္ ျဖစ္ ရပ္တို႔သည္ လူ႕အဖြဲ႕မ်ားပ်က္စီးျခင္း၊ လက္နက္နိုင္ငံေတာ္ႀကီးၿပိဳကြဲျခင္း၊ မင္းဧကရာဇ္မ်ား၊ စစ္သူႀကီး၊ စစ္သူ ရဲေကာင္းမ်ား၊ ပုဂၢိဳလ္ေက်ာ္ မ်ား၊ “ေလွ်ာက်ေနာက္ဆုံး ရွိေခ်၏” အျဖစ္သို႔ ေရာက္ေစခဲ့သည္။

လူမႈေရး၊ နိုင္ငံေရး၊ စီးပြားေရး၊ အခ်င္းကိစၥ မ်ားစြာ ၌ သာ အာခ်ိလိဖေနာင့္ ရွိသည္မဟုတ္။ မ်က္ေမွာက္ ေခတ္၌ အထြတ္အထိပ္သို႔ ေရာက္လ်က္ ရွိေသာ စက္မႈနည္းပညာကဲ့သို႔ နည္းက်စနစ္က် လုပ္ငန္း မ်ား၌ပင္ လွ်င္ ေပ်ာ့ကြက္ ဟာကြက္ အားနည္းခ်က္မ်ားရွိေန၍ ဧရာမလုပ္ငန္း စီမံခ်က္ႀကီးမ်ား ပ်က္ျပားရသည့္အျဖစ္မ်ိဳး ႀကဳံေနၾကရသည္။ ေငြေၾကးကုေဋကုဋာ ဆုံးရႈံးမႈမ်ား ေပၚေပါက္ေနရသည္ ။ လူေပါင္း မ်ားစြာ ေသေၾကမႈမ်ား ျဖစ္ပြားေနရသည္။

ဆိုဗီယက္ႏွင့္ အေမရိ ကန္ျပည္ေထာင္စု တို႔တြင္ အဏုျမဴဓာတ္ေပါင္းဖိုႀကီးမ်ား ဓာတ္ေရာင္ျခည္ ယိုစိမ့္ျခင္း၊ ေပါက္ကြဲျခင္း စသည္ တို႔ ျဖစ္ပြားေနရသည္မွာ အမွိုက္ကစ ျပသာဒ္မီးေလာင္ ဆိုသကဲ့သို႔ “အာခ်ိလိဖေနာင့္” ကိစၥမ်ား၏ ခြၽတ္ယြင္းမႈေၾကာင့္ ေငြေၾကး ကုေဋကုဋာဆုံးရႈံးမႈႀကီးမ်ား ႀကဳံေတြ႕ေနျခင္း ျဖစ္သည္။

အိႏၵိယျပည္၌ ဘိုပါးလ္ၿမိဳ႕ဓာတ္ေငြ႕စက္႐ုံႀကီး ေပါက္ကြဲ မႈေၾကာင့္ လူေပါင္းေထာင္ေပါင္းမ်ားစြာ အသက္ ဆုံးရႈံးခဲ့ရျခင္းမ်ိဳးသည္ လည္း အေသးအဖြဲစက္ကိရိယာတစ္ခု၏ ေပ်ာ့ကြက္၊ အားနည္းခ်က္ေၾကာင့္ ျဖစ္ ပြားခဲ့ရျခင္းျဖစ္သည္ ။

အေမရိကန္ အာကာသ လြန္းပ်ံယာဥ္ႀကီး “ခ်ဲလင္ဂ်ာ” ေပါက္ကြဲမႈမွာလည္း ပစၥည္းေလးတစ္ခု၏ အားနည္းမႈေၾကာင့္ျဖစ္ေပၚခဲ့ရျခင္း ျဖစ္သည္။ တြန္းတင္ဒုံးပ်ံႀကီး၏ ကိုယ္ထည္ႏွစ္ပိုင္း အဆက္ေနရာ တြင္ ၾကားခံထည့္ထားသည့္ “အိုကြင္း” ေခၚ ဆီလုံကြင္းေနရာမွ မီးေလာင္ေပါက္ ထြက္ၿပီး ဒုံးပ်ံႀကီး တစ္ခုလုံး ပ်က္စီးခဲ့ရျခင္းျဖစ္သည္။ အျမင့္ေပ ၁၅၀ နီးပါး တြန္းတင္စြမ္းအား ေပါင္ခ်ိန္ သုံးသန္းနီးပါး ရွိေသာ ဒုံးပ်ံႀကီး ၏ ဧရာမကိုယ္ထည္ႀကီး ႏွစ္ခုၾကားမွ ဆီလုံကြင္းေလးသည္ “ကဏန္းမ်က္စိ” ပင္ ျဖစ္ေခ်၏။ ထိုဆီလုံကြင္းေလး ေပ်ာ့ကြက္ေၾကာင့္ ေဒၚလာ ကုေဋ ၃၀၀ ေက်ာ္ ရင္းႏွီးျမႇုပ္ႏွံထား ရသည့္ အာကာသလြန္း ပ်ံယာဥ္စီမံကိန္းႀကီး ပ်က္ရမတတ္ျဖစ္ခဲ့ရသည္။

ေလာက၌ မည္သည့္အရာမွ လုံးဝဥႆုံ ခိုင္ၿမဲျခင္း၊ လုံၿခဳံျခင္း၊ အားႀကီးျခင္း၊ ေဘးမဲ့ျခင္းဟူ ၍ မရွိေခ် ။ အရာရာ ၌ “အာခ်ိလိဖေနာင့္” ဟူ၍ ရွိၿမဲ။ အရာရာ၌ “ကဏန္းမ်က္စိ” ဟူ၍ ရွိၿမဲ။ လူမႈေရး၊ နိုင္ငံေရး၊ စီးပြားေရးကိစၥရပ္မ်ား၌ သူ႕အားကိုယ့္အား ခ်င့္တြက္ခ်ိန္ဆရာ၌ ထိုသေဘာ ကို ေစ့ေစ့ႏွလုံးသြင္းတတ္ ၊ ၿမဲၿမဲႏွလုံးသြင္းနိုင္ဖို႔ လိုအပ္လွေပသည္ ။ (သတင္းစာ ဆရာႀကီး ဦးဝင္းတင္ )

Leave a Reply

Your email address will not be published. Required fields are marked *